Friday, December 28, 2007

Poem For My Village






ဆောင်းလေသွေးသွေး ၊ ရင်ကိုအေးသည်
တစ်တေတူးက တေးကိုသီကာ
သောင်ပြင်ထက်မှာ မောင်ရင်တို့တစ်တွေ
ပြေးလွှားကာ မြူးထူးကြတယ်
လွမ်းတယ်ကွဲ.လေး ……။

ချောင်းရေစီးသံ သဲ့သဲ့ညံသည်
ရေပြင်ပေါ်က လှိုင်ကလေးတွေ
လိမ့်ကာလိမ့်ကာ အလှဆင်လို့
ကြက်ခွပ်သဏ္ဍာန် သရုပ်ဖော်ကြတယ်
လှတယ်ကွဲ.လေး ………။

မြင့်မားလှတဲ့ တောင်ကမ်းပါးရံ
ချောင်းတစ်ဖက်မှာ ကာရံထားလို့
ခိုငှက်တစ်သိုက် တွန်ကြူးတေးသံ
ဌာနေရပ်မှာ အသိုက်အမြုံဖွဲ.တယ်
ယှဉ်တယ်ကွဲ.လေး ……။

စိုက်ခင်းများက စိမ်းစိမ်းလန်းလန်း
လေယူရာကို ယိမ်းနွှဲ.ပါတဲ့
တောပန်းများနှင့် ကိုင်းပင်းများရယ်
နေကွယ်တော့မှ လေချိုသွေးတယ်
မေပျိုတို့ရေခပ်ဆင်း ………..။

စားမေးပွဲဖြေအပြီး ရွာအလွမ်းပြေ အမှတ်တရ ရေးထားတဲ့ ကဗျာလေးပါ.


Snuo Mwoani CMT

Saturday, December 1, 2007

Old Place


မင်းရင်ထဲမှာ
ဘယ်သူများရှိနေလဲ
မင်းရင်ထဲက
နေရာလေးဟာ
တစ်ချိန်ချိန်မှာ
တစ်စုံတစ်ယောက်အတွက် ဖြစ်လာရင်လည်း
တစ်ခါက
အဟောင်းဖြစ်သွားတဲ့
ငါကို သတိရပေးပါ ။
ငါရင်ထဲက
နေရာလေးဟာ
အမြဲတမ်း မင်းအတွက်ဆိုတာ
မင်းငါ့ကို သတိရလိုက်တဲ့အခါတိုင်း
မင်း သိနေပေးပါ ။
တစ်ခါတစ်လေ
မင်းအတွေးထဲ
ငါဝင်လာတဲ့အခါ
တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါတိုင်းပေါ့
တစ်ခုတည်းသာ သိနေပေးပါ
မင်းကို ချစ်ဘူးခဲ့တဲ့ ငါဟာ


♥ သေဆုံးခါနီး နှလုံးသားနဲ့

နောက်ဆုံးသော ရင်ခုန်သံအထိ

မြတ်နိုးစွာဖြင့်

မင်းတစ်ယောက်တည်းကိုပဲ

ချစ်သွားမှာပါ ♥

တကယ်လို့
မင်းနဲ့ငါ မတွေ့ခဲ့ကြရင်ကောင်းမယ် ။
တကယ်လို့
ငါ မင်းကို မချစ်မိခဲ့ရင်ကောင်းမယ် ။
ချစ်ခဲ့မိတဲ့
ငါ့ရဲ.ရင်မှာ
ခံစားနေရတဲ့ ငါ့ အဖြစ်ကို
တကယ်လို့
မင်းမြင်ခဲ့မယ်ဆိုရင်
........................
........................... ။
အိပ်စက်ခြင်းတွေကို
ခုခံဖို့ ကြိုးစာခဲ့တာ
မင်းကို လွမ်းလို့ပေါ့ ။
မင်းကို ချစ်ခဲ့တဲ့ သံသရာ တစ်လျှောက်မှာ
ဒဏ်ရာဟောင်းတွေနဲ့
နေရာဟောင်း မှာ ငါ စောင့်နေပါ့မယ် ။


Snuo Mwoani CMT



Friday, November 23, 2007

Full Moon Day

ဒီနေ့
အိပ်လို့မပျော်ဘူး
အပြင်ကိုငေးကြည့်မိတယ်
သာနေတဲ့ လ
ကဗျာဆန်တဲ့ ည
လမင်းကြီးဟာ သာနေပေမယ်
ကျွန်တော် ရင်ထဲက နှလုံးသားကတော့
အမှောင်ထဲမှာ ငိုနေဆဲပါ ။
နှုတ်ဆက် အပြုံးတွေဟာ
ကျွန်တော် အတွက်
ချိုမြိန်မှု မရှိခဲ့ဘူးလေ ။
ကျောခိုင်းလို့ ထားခဲ့တဲ့
ကျွန်တော် ရဲ့ နှလုံးသားဟာ
ပြန်လည်ဆုံဆည်းချိန်ကို
စောင့်နေတယ် ဆိုတာ
သူ မသိခဲ့ပါဘူး ။
လပြည့်ည မှာ
နှလုံးသားက
နွေးထွေးတဲ့ အငွေ့အသက်တွေ
ရပေမယ့်လည်း
အနားမှာ သူမရှိတော့
ရင်ထဲမှာ ဟာတာတာ ။

ရေအိုင်ထဲက
လရိပ်ကလေးက
ကဗျာဆန်ပေမယ့်လည်း
နှလုံးသားကို သော့ခတ်ခဲ့တာ
မဟုတ်တဲ့ ကျွန်တော် အတွက်တော့
ရင်ထဲမှာ ဟာတာတာ ။

မနေ့ကတွေ
မနက်ဖြန်တွေ
ကျွန်တော် မစဉ်းစားချင်ပါဘူး
ယခုအချိန်မှာ
ရင်ကိုလှုပ်နိုးစေတာကတော့
ဟာတာတာ ဖြစ်နေတဲ့ ရင်ဘတ်ကြီးက
ဟာတာတာ ဖြစ်နေတဲ့ ကောင်ကင်ကြီးက
ကြယ်တွေကို
ရေတွက်ရင်း ....... ။

Snuo Mwoani CMT

Monday, November 19, 2007

Please remember me !



သူလာချင်တဲ့ အချိန်လာ
သူပြန်ချင်တဲ့ အချိန်ပြန်
သူဘယ်အချိန်လာလည်း ကိုယ်မသိ
ကိုယ်ဘယ်အချိန်ရှိလည်း သူမသိ
အခုထိ
ဆုံနိုင်ခွင့် မရှိသေးတဲ့
တို့ နှစ်ယောက်
ဒါကို အချစ်လို့ ယူဆရမှာလား
မျှော်လင့်ချက်တွေ နှိပ်စက်တာများတော့
လူလည်း လုံးပါးပါးနေပါပြီ
ဒီနေ့ လို နေ့ မျိုး နောင်မဖြစ်ပါစေနဲ.ဗျာ
အိပ်ချင်တဲ့ စိတ်ဟာ အာရုံစူးစိုက်မှု မရှိလို့
ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု လို့ ဆိုပေမယ့်လည်း
ကျွန်တော် ရင်ထဲမှာ သူအတွက် ခံစားမှုဟာ
အခုချိန်ထိပြင်းပြဆဲပါ …. ။
“ ဝေးကွာနေသူ များနှင့် ပြန်လည်ဆုံဆည်းရမည် “ ဆိုတာ
ကျွန်တော် အတွက်လား
ဖုန်းသံကတော့ ကျွန်တော် ကို မနိုးဆွနိုင်ခဲ့ဘူးဗျာ
အဲဒီတော့လည်း
မနက်ဖြန် ဆိုတာလေးကို အားပြုပြီးတော့
…………………………… ။
သတိရပေးပါ
ကောင်မလေး ရယ် ။

Snuo Mwoani CMT


Sunday, November 18, 2007

Where are you?



သူလက်ချောင်းတွေက
သူသားတွေရဲ. နားကိုဆွဲဖြဲခဲ့
လူသွားလမ်းကလေးပေါ်
တောမီးကိုဖြန်.ခင်းလိုက့်ပေါ့
ဟိုတုန်းက
သူ့ အဘိုး သူ့ အဖေ ပေးခဲ့တဲ့ တေးသွားကို
ကျောရိုးတစ်ခုပေါ်မှာ
သူက
ဖျက်ဆီးရင်း
သူ့ ခံစားချက်ကို
မူသစ်အနေနဲ့ ဖန်ဆင်းတယ်
မီးတောက်နဲ့ မီးခိုးတွေက
သူအတွက်
မှော်ဆန်စေဖို.ပါ ….
သူအိပ်ကိုမပြန်ချင်ပါဘူး
သူက စန္တားကို အရေခွံနွာလို့
တဆက်ဆက်တုန်နေတဲ့
နှလုံးသားကိုထုတ်ယူ
စည်းချက်ကိုက်နေတာကတော့
လက်ချောင်းလေးတွေပေါ့ …
အပ်ချုပ်စက်နှင်းသလို
ခြေတစ်ချောင်းကို အသက်သွင်းတယ် ..
အဲဒီနောက်
သံစဉ်တွေကို ဖောက်ထုတ်လိုက် …..
ဒီနည်းနဲ. အချစ်တွေဟာ ပျံ့နှံ့

ကန္တာရမှာရှိတဲ့ အလောင်းတွေ ခေါင်းထထောင်
ဘယ်ဥသြမှမခံနိုင်ဘူး
ရေတံခွန်တွေလည်း ရပ်သွားပေါ့
လေထဲမှာက
လ နဲ့ ကမ္ဘာ ရဲ. လက်ထက်ပွဲတေးသွား

ဒါ
ဘယ်မိုးတိမ်
ဘယ်ဘုရင်မှ့ ပြေးမလွှတ်တဲ့
စန္တားရားဆရာရဲ. လက်ချောင်းများက
စီးကျလာတဲ့ သွေးများ ……
ရင်ထဲမှာ ချစ်တာပဲသိတယ်
ဘာကိုမှ မသိပါဘူး …..။


မင်းကလေး ဘယ်ရောက်နေသလဲ ရင်ထဲမှာ အရမ်းလွမ်းနေပါပြီ ။

Snuo Mwoani CMT

Monday, November 12, 2007

Middle Street



တို. နှစ်ယောက်ဟာ
မျဉ်းပြိုင်နှစ်ကြောင်းပေါ်မှာ
ရှိနေတော့ ဘယ်လို. ဆုံနိုင်မှာ မဟုတ်တော့ဘူးနော်
မင်းရဲ. အသိုင်းအ၀ိုင်းကို
ငါမလာနိုင်သလို
ငါ့ရဲ. အသိုင်းအ၀ိုင်းကိုလည်း
မင်းလာနိုင်မှာ မဟုတ်ဘူး ။
ဆုံနိုင်ဖို. ခဲယဉ်းနေတဲ့ တို.နှစ်ယောက်ဘ၀မှာ
တစ်ခုပဲ စဉ်းစားစရာရှိပါတယ်
မင်းလည်း မင်းရဲ. ပတ်ဝန်းကျင်ကထွက်လိုက်ပါ
ငါလည်း ငါ့ရဲ. ပတ်ဝန်းကျင်က ထွက်လိုက်မယ်
မျဉ်းပြိုင်နှစ်ကြောင်းကြားမှာ ရှိနေတဲ့
အလယ်မျဉ်းလေးမှာ
တို.တတွေပျော်ရွှင်စွာ လျှောက်လှမ်းကြမယ် ။
အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု
ဖြစ်နေတဲ့ တို.ကမ္ဘာကြီးမှာ
တို.နှစ်ယောက်ရဲ. အချစ်ဟာ
မပြောင်းလဲပဲ
တစ်သက်လုံးချစ်ကြမယ်နော် ။
ယုံကြည်မှုတွေရင်ထဲမှာ ကိန်းဝပ်ပြီး
အရာရာကို အချစ်နဲ. ရင်ဆိုင်ကြမယ် ။
လိုအပ်ချက်တွေရှိလာရင်
တစ်ယောက်နဲ. တစ်ယောက် အပြန်အလှန် နားလည်ကြမယ် ။
ကဲ …….
အဆင်သင့်ဖြစ်ပြီးဆိုရင်
တို.တတွေသွားကြစို.
အလယ်မျဉ်း သို. ။



ယုံကြည်မှုတိုင်းဟာ အမှန်တရားမဖြစ်နိုင်ဘူးတဲ့ ကလေးရေ
အမှန်တရားတိုင်းကိုတော့ ယုံကြည်ရမယ်တဲ့ …… ။

လူတိုင်းရဲ. လိုအပ်ချက်တွေအတွက် လောကကြီးမှာ
အလုံအလောက်ရှိပါတယ် ။
ဒါပေမယ့်
လူတိုင်းရဲ. လောဘအတွက်တော့
လောကကြီးမှာ အလုံအလောက်မရှိပါဘူးတဲ့ ။

Snuo Mwoani CMT

Friday, November 9, 2007

As You Like


ဒဏ်ရာလေးက အပ်ဖျားတစ်ထောက်စာလောက်ပါပဲ
ဒါပေမယ့် ဆပ်ပြာပူဖောင်းအတွက်
ဆိုရင်တော့ …..
အဲဒါ
ဘ၀ပျက်လောက်တယ် ….. ။

သူကို အရမ်းလွမ်းတယ်
အဝေးကြီး ဝေးနေရတဲ့ အချိန်မှာ
လွမ်းတယ်ဆိုတဲ့ ခံစာမှုလေး
ရင်ထဲမှာ ကိန်းဝပ်လာတာ မဆန်းပေမယ့်
ကိုယ်ကိုကိုယ် တွေဝေမိတာတော့ အမှန်ပါပဲ
ဘယ်တုန်းကမှ နီးစပ်မှု မရှိခဲ့တဲ့ တို.နှစ်ယောက်နော် ။
တွေ.ရတဲ့ အချိန်တွေမှာ
နေကောင်းလား ….
အရာအားလုံး အဆင်ပြေလား မေးပြီးကျေနပ်နေရတယ် ။
ချစ်တယ် ဆိုတဲ့ စကားကို လူတိုင်းပြောတတ်ပါတယ်
တကယ်ချစ်ပါတယ် ဆိုတဲ့ အချစ်စစ်ကို ကြုံဘူးလား ..
ခံစားဘူးလား ……
စစ်မှန်တဲ့ အချစ်ဟာ တွေ.ရခဲသလို ရှားပါးမယ်လို.
ကျွန်တော် ထင်တယ်လေ ။
ကိုယ်ဘက်က စစ်မှန်လို. သူ.ဘက်မှ စစ်မှန်တဲ့ အချစ်
ပြန်ရမယ်လို. ကျွန်တော် မဆိုလိုပါဘူး
အရာရာ ဟာ သူ. ဆန္ဒပါပဲ
အချစ်ဆိုတာ တစ်ယောက်နဲ. တစ်ယောက်
အရောင်းအ၀ယ်လုပ်တာ မဟုတ်တော့လည်း
ရင်းနှီးသလောက်ပြန် ရချင်မှရမယ်
သူကို ချစ်မိပြီဆိုကတည်းက ဒီသဘောတရားတွေကို
နားလည်အောင် ကြိုးစားထားပါတယ် ။
ကျွန်တော်ဟာ သူ.ဘ၀မှာ ပထမဆုံး ချစ်သူလဲ ဖြစ်ချင်ဖြစ်မယ်
ဒုတိယ မက
တတိယ မကျ နေရာလဲရှိချင်ရှိနေမယ် ။
ဒါပေမယ် ဘယ်ဆုံမှတ်တွေဆီကပဲ လာလာ
ကျွန်တော် ဟာ သူ.ရဲ. နောက်ဆုံး ချစ်သူဆိုရင်ပဲ
ကျေနပ်ပါပြီ ။
နောက်ဆုံးဆိုတာ နောက်မှ ဆုံးရှုံးကြေကွဲရခြင်းလို.တော့
ကျွန်တော် အဓိပ္ပာယ် မဖွင့်ချင်ပါဘူး ။
သူ.ရင်ထဲက အချစ်အားလုံးကို
ကျွန်တော် တစ်ယောက်ထဲကိုပဲ ပေးပါလို.
ကျွန်တော် မတောင်းဆိုရက်ပါဘူး
ကျွန်တော် တောင်းဆိုတာကို သူ မပေးနိုင်တဲ့အခါ
ကျွန်တော် စိတ်ထိခိုက်ရမှာထက်
သူ.ရင်ထဲမှာ ကြောင့်ကြပူပင်မှု ဖြစ်သွားမှာကို
ကျွန်တော် ပိုစိုးရိမ်မိတယ်
ကျွန်တော် ကြောင့်ဆိုရင် သူ.ဘ၀မှာ
ဘာကိုမှမထိခိုက်စေချင်ပါဘူး ။
သူ.ရင်ထဲမှာ ရှိနေတဲ့ နေရာတွေကိုတော့
တကယ်အပိုင်လိုချင်မိတာ
မှန်သော စကားပါ ။
ဒါပေမယ့် မတောင်းဆိုရက်ပါဘူးလေ
သူကျေနပ်လို. ထားတဲ့ နေရာမှာပဲ
ကျွန်တော် မတ်တက်ရပ်နေရနေရ
ငုပ်တုပ်လေးပဲ နေရနေရ
ဘယ်လိုပင်ဖြစ်စေ
ကျွန်တော် ………..
နေပေးတော့ မည် ။



ရင်ခုန်တိုင်းလွမ်းလို. လွမ်းတိုင်းရင်ခုန်မိပါတယ်


Snuo Mwoani CMT