Wednesday, May 6, 2009

Can't see but !


မပြောလည်းသိမယ့်
ဘာသာစကားတစ်ခု
နင့်မျက်လုံးမှာရှိတယ် ။

မကြည့်လည်းမြင်မယ့်
အရိပ်များ
ငါ့မျက်လုံးမှာရှိတယ် ။

မခေါ်ဘဲလှမ်းမယ့်
ခြေလှမ်းများ
နင့်ခြေထောက်မှာရှိတယ် ။

မလာလည်း
မျှော်တဲ့စိတ်
ငါ့ရင်ထဲမှာရှိတယ် ။

မတီးလည်းမြည်မယ့်
ဂီတာ
နင့်လက်မှာရှိတယ် ။

မဆိုလည်း
ကြားမယ့်သီချင်း
ငါဆိုဖို့ရှိတယ် ။

မခေါ်လည်းကြားတဲ့
အသံများ
ငါတို့အနားမှာရှိတယ် ။

မပြောဘဲ
ချစ်တဲ့နှလုံးသား
အတူတူရှိကြတယ် ။

မင်းနဲ့ပက်သက်လာခဲ့ရင်
ပိုင်ဆိုင်ခွင့်လည်း
မမျှော်လင့်တော့ပါဘူး ။
ဆုံးရှုံးမှုတွေလည်း
ထပ်မလိုချင်တော့ပါဘူး ။

မျှော်လင့်ခြင်း အိမ်မက်တွေလည်း
ထပ်မမက်ရဲတော့ဘူး ။

တစ်ခြားသူတစ်ယောက်
မင်းဘေးမှာမရှိသေးသ၍
တိတ်တိတ်ကလေးတော့
ချစ်နေဦးမှာ ။

ကျေနပ်တယ်

မချစ်တော့ရင်လည်း
နေပါစေ ။
ငါ့ဘ၀ထဲကနေပဲ
ချစ်နေခွင့်တော့
ရှိသေးတယ် ။

ပြန်မလာရင်လည်း
နေပါစေ ။
လွမ်းနေခွင့်တော့
ရသေးတယ် ။

မင်းကပေးခဲ့ရင်
ဘယ်လိုဒဏ်ရာနဲ့
အမှန်းတွေဘဲဖြစ်ဖြစ်
ဘာတွေရရ
ငါ ကျေနပ်တယ် ။

ရင်ထဲမှာ အကြိမ်ကြိမ်အော်နေမိတယ်
“ ….. ” ကို အရမ်းချစ်တယ် ။
လက်တွေ့မှာဆိုတော့ နှုတ်ဆိတ်
တိတ်တိတ်ကလေးပဲနေခဲ့တယ်
အကြိမ်ကြိမ်လည်း
ငါမငိုချင်တော့ပါဘူးလေ …………… ။ ( ပိုးလေး )

မှတ်ချက် ။ သူငယ်ချင်းကောင်မလေးတစ်ယောက်က သူငယ်ချင်းကောင်းလေးတစ်ယောက်ကိုပေးတဲ့ကဗျာ ဖြစ်ပါတယ် ခင်ဗျာ ။

Friday, May 1, 2009

How to make Tree Categories Menu in Wordpress

Wordpress မှာ Tree Menu Plugin ပြုလုပ်ပုံကိုပြောပြမှာ ဖြစ်ပါတယ် ခင်ဗျာ ။

အဆင့် ( ) ။ Plugin Browser/Installer မှာ Wp-dTree Plugin အား Install လုပ်ပါ ။ Wp-dTree Plugin အား www.wordpress.org တွင် ဒေါင်းလုပ်ချပါ နိုင်ပါတယ်ခင်ဗျာ ။

အဆင့် ( ) ။ Install လုပ်ပြီးလျှင် Activte ပေးပါ ။

အဆင့် ( ) ။ Activate ပေးပြီးလျှင် Settings သို့ ၀င်ပါ ။

အဆင့် ( ) ။ Settings တွင်မိမိစိတ်ကြိုက်ပြင်ပါ ။
အဆင့် ( ) ။ မိမိပြင်ထားသောအရာများအား အောက်ဆုံး Wedgt preview တွင် ပြန်ကြည့်နိုင် ပါတယ် ။

အဆင့် ( ) ။ မြန်မာစာလုံးပေါ်ရန် CSS Properties မှ Font family တွင် Zawgyi-One ထည့်ပါ ။
အဆင့် ( ၇ ) ။ Appearance -- > Widgets တွင် မိမိလိုချင်သော အရာများအား Add ပါ ။ ဥပမာ - WP-dTree Categories , WP-dtree Archives .


အဆင့် ( ) ။ Save Changes အားနှိပ်၍ မိမိဆိုက်အား ကြည့်နိုင်ပါပြီခင်ဗျာ ။ ။ မိမိထည့်ချင်သော ခေါင်းစဉ် များကို Categories တွင် Add ရမည် ဖြစ်ပါတယ် ။



Tree Menu ဖြင့်ဝက်ဆိုက်များ လုပ်ခြင်းဖြင့် မိမိရေးသားသော ပိုစ့်များအား ထိန်းချူပ်ထားနိုင်ခြင်း ၊ မိမိ ဆိုက် အား လာလည်သော ယူဇာများအတွက် အသုံးပြုရတာ လွယ်ကူခြင်း ၊ လိုချင်သော အရာ များအား အချိန်တို အတွင်း ရှာဖွေနိုင်ခြင်း စသည် ကောင်းတဲ့ အချက်တွေ အများ ကြီးပါခင်ဗျာ ။ Tree Menu ဖြင့်လုပ်ထားသော ၀က်ဆိုက်များအား ဖော်ပြလိုက်ပါတယ်ခင်ဗျာ ။
MMA က အဆိုတော်အလိုက်ရှာရန် ဆိုတဲ့ ခေါင်းစဉ်လေးဟာ Tree Menu ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။


Books-hive
စာအုပ်ဆိုက်ကလေး ကိုလည်းကြည့်ကြည့်နိုင်ပါတယ်ခင်ဗျာ ။



စိတ်ဝင်စားသူများ ကိုယ်တိုင်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ ။ ကျွန် တော် သိသလောက် ရေးသား ထားခြင်း ဖြစ် သည့်အတွက် လိုအပ်ချက်များ ရှိပါက နားလည်ပေးစေလို ပါသည် ခင်ဗျာ ။ အကြံဥာဏ်များလည်း ပေး နိုင် ပါ တယ် ခင်ဗျာ ။ အင်တာနက်စာမျက်နှာတွင် Tree Menu ဖြင့် သီချင်း ဆိုက်များ ၊ စာအုပ်ဆိုက်များ ဆော့ဝဲလ် ဆိုက်များ စသည်ဖြင့် နည်းပညာအကျိုးပြု ဆိုက်များ များစွာ ပေါ်ထွန်းပါစေ ခင်ဗျာ ။ မေလ ၁ ရက် နေ့ အမှတ် တရ အဖြစ်ရေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မနေ့ ည က စာမေးပွဲပြီးကတည်းက စာမေးပွဲပြီးတဲ့ အထိမ်းအ မှတ်အနေနဲ့ရေးမလို့ ပါ ။ ဒါပေမယ့် မေ ၁ ရက်နေ့ အထိမ်းအမှတ်ရေးတာက ပိုကောင်းပါတယ် လို့ စဉ်းစား မိလိုက်ပြီး ယနေ့တွင် ဤပို့စ်အား တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။



မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အစ်မ မမင်းမင်းထိုက် လည်း မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ ခင်ဗျာ ။ ပျော်ရွှင်တဲ့ မိသားစုဘ၀ ရကြပါစေ ။ သားသားမီးမီးတွေလည်း များကြီးရပါစေ ခင်ဗျာ ။



မေလ ၁ ရက်နေ့မှာ စတွေ့ခဲ့တဲ့ အချစ်ဆုံးညီမလေး ၀င့်ဝင့်လည်း ပျော်ရွှင်ပါစေ ခင်ဗျာ ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ ခင်ဗျာ ။

ခင်မင်စွာဖြင့်

Snuo Mwoani CMT