Showing posts with label Incantaion. Show all posts
Showing posts with label Incantaion. Show all posts

Sunday, April 17, 2011

သေခြင်းတရား

သေခြင်းတရား၊ မရဏာနုဿတိပွားရန်

၀၁။ ငါ၏ အသက်ရှင်ခြင်းသည်

အမြဲမရှိပါတကား။

၀၂။ ငါ၏ အသက်သေခြင်းသည်

အမြဲရှိပါတကား။

၀၃။ ငါသည် မုချမသွေ

သေရမှာ အမှန်ပါတကား။

၀၄။ ငါ၏ အသက်ရှင်ခြင်းသည်

သေခြင်းသာလျှင် အဆုံးရှိပါတကား။

၀၅။ အသက်ရှင်ခြင်းသည်

အမြဲမရှိပါတကား။

၀၆။ အသက်သေခြင်းသာလျှင်

အမြဲရှိပါတကား။


နှစ်ဆန်းတစ်ရက်နေ့အမှတ်တရ



Saturday, April 16, 2011

စိန္တာမဏိ ဂါထာတော်



စိန္တာမဏိ ဂါထာတော်

စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

၀၁။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၀၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၀၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

ဤ စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။

ထိုဇာတ်တော်တွင် စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ န၀ရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည် ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့် စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။


သင်္ကြန်အတက်နေ့အမှတ်တရ


Friday, April 15, 2011

သက်ရှည်ကျန်းမာဂါထာ

အဠာ န မေတံ ဘိက္ခဝေ အန၀ကာသော

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ

အနုပက္ကမေန ဘိက္ခဝေ ထတာဂတာ ပရိနိဗ္ဗာယန္တိ

ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

ရဟန်းတို့ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်၊

ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ်အတိုင်း နေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် စံဝင်ကြကုန်၏။

ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် အမြဲတမ်းကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ။


သင်္ကြန်အကြတ်နေ့အမှတ်တရ


Thursday, April 14, 2011

ဘုရားရှင်အားလုံးတို့အားရှိခိုးခြင်း

ယေ စ ဗုဒ္ဓါ အတီတာ စ

ယေ စ ဗုဒ္ဓါ အနာဂတာ

ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ

အဟံ ၀န္ဒာမိ သဗ္ဗဒါ

  • ပွင့်တော်မူပြီးသော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
  • ပွင့်တော်မူလတ္တံ့ သော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
  • ပွင့်တော်မူဆဲသော ဘုရားရှင်တို့အားလည်ကောင်း၊
တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏။

သင်္ကြန်အကျနေ့အမှတ်တရ

Wednesday, April 13, 2011

နမောတေ ဂါထာ

နမော တေ ပုရိဿဇည

နမော တေ ပုရိသုတ္တမ

နမော တေ တိ ဏ္ဏသံဿရ

နမော တေ အမတံ ဒဒ။

အာဇာနည်ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

မြင့်မြတ်သော ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

သံသရာမှ ကူးမြောက်ပြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

မသေရာ နိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။


သင်္ကြန်အကြိုနေ့အမှတ်တရ

Tuesday, April 12, 2011

ဇယစက္က ဂါထာတော်

အောင်ဆုပန် ဇယစက္က ဂါထာတော်

ဇယစက္ကော ဇယန္တော ယော

ဇယိတဗ္ဗေ ဇယာသနေ။

ဇယာပေသိ ဇယေသီနံ

ဇယံ ဒေတု ဇယုတ္တရော။

ယော ဇယစက္ကော ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားသခင်ကိုယ်တော်မြတ်ကြီး သည်

ဇယာသနေ အောင်သိဒ်ဓိဆင်မြန်းသည့် မလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း

ဇယိတေ အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို

ဇယန္တော အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။

ဇယေသီနံ မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ် ကင်း အောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား

ဇယာပေသိ ကိုယ်တော်မြတ်နှင့် အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွက်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ် တော်မူစေ၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွက်ခေါင်မြတ်သရဖူ သယမ္ဘု မကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော

သော ဇယစက္ကော အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်

မေ မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား

ဇယံ အောင်ခြင်းကို ၀ါ အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်နိဗ္ဗူပန်းခိုင်ကြီးကို

ဒေတု ပေးသနားတော်မူပါ အရှင်ဘုရား


Saturday, March 19, 2011

ဓာရဏပရိတ်

ဓာရဏပရိတ်သုတ်ပါဠိ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ ၀စီကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ၀ါရေဟေိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂၢိ န ဍေဟယ်၊ နာနာဘယ၀ိကော၊ န ဧကာဟာရကော၊ နဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အ,မနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ,၀တ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊ ကာယေ အ,ကာယေ၊ ဓာရဏေ၊ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

Thursday, March 3, 2011

ဂုဏ်တော် (၉) ပါး သစ္စာဓိဌာန် ဘုရားရှိခိုး

၀၁။ မြတ်စွာဘုရားရှင်သည် ကိလေသာတို့ကုန်စင်လျက် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောကြောင့် အရဟံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာ စကားကြောင့်၎င်း၊ အရဟံမြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော်အား လူနတ်ဗြဟ္မာသတ္တ၀ါတို့မှ နှစ်လိုချစ်ကြည်ကြပါစေသတည်း။ ၀န်မတိုရန်မလိုကြပါစေနှင့်၊ တပည့်တော် တွင် မကောင်းမှု အကုသိုလ်ကင်းရပါစေသတည်။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၂။ မြတ်စွာဘုရားရှင်သည် အလုံးစုံသော တရားအပေါင်းတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန် သော သစ္စာစကားကြောင့်၎င်း၊ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားအား ရှိခိုးကန်တော့ ရသောကြောင့်၎င်း၊ တပည့်တော်သည် ထွင်ဥာဏ်လျင်ဥာဏ်သင်ဥာဏ်ဖြစ်သော ဥာဏ်ပညာတို့ ထွန်းပြောင်၍ ကြံတိုင်း အောင် ဆောင်တိုင်းမြောက်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၃။ မြတ်စွာဘုရားရှင်သည် ၀ိဇ္ဇာ ပါး၊ ၀ိဇ္ဇာ ပါး၊ စရဏ ၁၅ ပါး (ဥာဏ်တော်ကျင့်စဉ်တော်) တို့ နှင့် ပြည့်စုံတော်မူသောကြောင့် ၀ိဇ္ဇာစရဏသမ္မန္နော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန် သော သစ္စာစကားကြောင့်၎င်း၊ ၀ိဇ္ဇာစရဏသမ္မန္နေ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့် ၎င်း၊ တပည့်တော်သည် ၀ိဇ္ဇာဥာဏ်အထူးဖြင့် ရန်ဆူးထွင်နိုင်ပါစေသတည်း။ အသိအမှန်အကျင့်မြတ် ဖြင့် နိဗ္ဗာန်ရပ်သို့ ခိုဝင်နိုင်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၄။ မြတ်စွာဘုရားရှင်သည် ကောင်းမြတ်မှန်ကန်သောသစ္စာစကားကိုသာ ဆိုတော်မူတတ်၍ သဗ္ဗ ညုတ ဥာဏ်ရကြောင်း လမ်းစဉ်ကောင်းမှ ကြွတော်မူခဲ့သောကြောင့် သုဂတော ဂုဏ်တော်နှင့် ပြည့်စုံ တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ သုဂတ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရ သောကြောင့်၎င်း၊ တပည့်တော်သည် ဆိုရေးရှိက ဆိုအပ်စွာသော စကားကောင်း လမ်းစဉ်ကောင်း တို့ ဖြင့် အောင်နိုင်ရပါစေသတည်း။ လာခြင်းကောင်သော မြတ်စွာဘုရား၏ တန်ခိုးဣိဒ္ဓိပါဒ်ဖြင့် တပည့်တော်၏ သွားရာလာရာ ဘ၀လမ်းခရီး မှန်ကန်ဖြောင့်မတ်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၅။ မြတ်စွာဘုရားရှင်သည် သတ္တလောက သင်္ခါရလောက သြကာသလောက ဟူသော လောက(၃) ပါးကို ကုန်စင်အောင် သိမြင်သူ ဆရာတစ်ဆူ ဖြစ်သောကြောင့် လောက၀ိဒူ ဂုဏ်တော်နှင့် ပြည့်စုံ တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ လောက၀ိဒူ မြတ်စွာဘုရားအား ရှိခိုးကန် တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် ဘုရားရှင်၏ ဆုံးမပဲ့ပြင်မှုတွင် အစဉ်တည်ပြီး ကြံတိုင်း အောင် ဆောင်တိုင်းမြောက်ကာ ကောင်းမြတ်မှန်ကန် ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၆။ မြတ်စွာဘုရားရှင်သည် မယဉ်ပါးသော ယောင်္ကျားမိန်းမ သတ္တ၀ါများကို ယဉ်ပါးအောင် ဆုံးမရာ တွင် အတုမရှိသောကြောင့် အနုတ္တရောပုရိဿ ဓမ္မဿရတိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ အနုတ္တရောပုရိဿ ဓမ္မဿရတိ မြတ်စွာဘုရားအား ရှိခိုးကန် တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် မသူတော်တို့၏ ဘေး၊ လူရမ်းကားတို့၏ ဘေးမှ အစဉ် ကင်းဝေး ရပါစေသတည်း။ ဘေးရန်ဟူသမျှ မှကင်းဝေးရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၇။ မြတ်စွာဘုရားရှင်သည် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ကိုးကွယ်အားထားရာ အကျိုးစီးပွာပြုရာ ဆရာသခင် ကျေးဇူးရှင် ဖြစ်သောကြောင့် သတ္တာဒေ၀ မနုဿနံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ သည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ သတ္တဒေ၀ မနုဿန မြတ်စွာဘုရားအား ရှိခိုးကန်တော့ရ သောကြောင့်၎င်း၊ တပည့်တော်သည် ကောင်းကျိုးခပ်သိမ်းပြီးပြည့်စုံ၍ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၈။ မြတ်စွာဘုရားရှင်သည် သစ္စာလေးပါးကို ကိုယ်တော်တိုင် သယမ္ဘူဥာဏ်ဖြင့် သိမြင်၍ သူတစ် ပါး တို့ကိုလည်း သိမြင်စေသောကြောင့် ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာ စကားကြောင့်၎င်း၊ ဗုဒ္ဓ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် သစ္စာ လေးပါး မြတ်တရားဖြင့် နိဗ္ဗာန်သို့ အရောက်လှမ်း နိုင်ပါစေသတည်း။ မကောင်းကိုပယ် အမှန်သယ်၍ မကောင်းမှု အကုသိုလ် ကင်းရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၉။ မြတ်စွာဘုရားရှင်သည် ဘုန်းတော်အနန္တ၊ ကံတော်အနန္တ ဥာဏ်တော်အနန္တ၊ တန်ခိုးတော် အနန္တ တို့နှင့် ပြည့်စုံတော်မူသောကြောင့် ဘဂ၀ါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ ဘဂ၀ါ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော် သည် ဘုန်းတန်ခိုးကြီးခြင်း၊ ဥာဏ်ပညာအကျော်ဇောကြီးခြင်း တို့နှင့် ပြည့်စုံရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။