Monday, August 9, 2010

All Office Converter Portable



ပုံမှာ ပြထားတဲ့ ဖိုင်အမျိုးအစားတွေကို ပြောင်းလို့ရပါသည်။

Download Mediafire

Sunday, August 8, 2010

How To Recovery Windows OS with Acronis True Image Home

April 16 ရက်က ရေးခဲ့တဲ့ပိုစ့်ကို ဆက်ရေးပေးမှာဖြစ်ပါတယ်။ Acronis True Image Home နဲ့ Backup လုပ်ထားတဲ့ ဖိုင်ကို Reaovery ပြန်လုပ်ခြင်းကိုရှင်းပြမှာဖြစ်ပါတယ်။

အဆင့်(၁)။ ဆော့ဝဲလ်ကို အင်စတာလုပ်ပြီးတာနဲ့ ဆော့ဝဲလ်အားဖွင့်လိုက်ပါ။ ပုံ တွင်ပြထားသည့်အတိုင်းပေါ် လာ ပါလိမ့်မယ်။ Recovery ဆိုတာကိုရွေးလိုက်ပါ။

အဆင့်(၂)။ Next ပေးပါ။

အဆင့်(၃)။ ဒီနေ့ရာမှာအရင်က Backup လုပ်ခဲ့တဲ့ ဖိုင်ကို ပြန်ခေါ်မှာဖြစ်ပါတယ်။ ကျွန်တော်က E partition ထဲမှာ သိမ်းထားတာဖြစ်လို့ E:\Back\My XP backup.tib ဆိုတာကို ရွေးချယ်လိုက်ပါ တယ်။ မိမိတို့ သိမ်းထားတဲ့ နေရာက tib file ကို ရွေးချယ်ပါ။ ထိုနောက် Next ပေးပါ။

အဆင့်(၄)။ Restore disks or partitions ကိုရွေးချယ်ပါ။ မိမိတို့ Backup လုပ်တုန်းက Files and Folders တွေပဲ လုပ်ခဲ့တယ်ဆိုရင်တော့ Restore specified files or folders ကိုရွေးပါ။ Next ပေးပါ။

အဆင့်(၅)။ NTFS (C:) Partition အားရွေးချယ်ပါ။ ပြီးလျှင် Next ပေးပါ။

အဆင့်(၆)။ Partition အား Analyzing လုပ်နေခြင်းဖြစ်ပါသည်။ ခဏစောင့်ပါ။

အဆင့်(၇)။ NTFS (C:) Partition အားရွေးချယ်ပြီး Next ပေးပါ။

အဆင့်(၈)။ Active အားရွေးချယ်ပြီး Next ပေးပါ။

အဆင့်(၉)။ Next ပေးပါ။

အဆင့်(၁၀)။ Yes, I want to assign a logical drive letter to the partition. အားရွေးချယ်၍ Next ပေးပါ။

အဆင့်(၁၁)။ No, I do not. အားရွေးချယ်ပါ။ အကယ်၍ အခြားပါတေးရှင်းမှာ restore ပြန်လုပ်ချင်လျှင် Yes, I want to restore another partition or hard disk drive. ကိုရွေးချယ်ပါ။ ပြီးလျှင် Next ပေးပါ။

အဆင့်(၁၂)။ Use default options အားရွေးချယ်၍ Next ပေးပါ။

အဆင့်(၁၃)။ Proceed အားနှိပ်ပါ။

အဆင့်(၁၄)။ Progress လုပ်နေခြင်းဖြစ်ပါသည်။

အဆင့်(၁၅)။ Reboot အားနှိပ်ပါ။ ကွန်ပျူတာ Restart ကျပီး။ ပြန်တက်လာလျှင် Acronis မှာ Backup လုပ်ထားသော ဖိုင်များအား ပြန်ခေါ်နေပါလိမ့်မယ်။ ကွန်ပျူတာ ၀င်းဒိုးပြန်တက်လာတဲ့အခါမှာ မိမိအရင်က Backup လုပ်ထားတဲ့ပုံစံအတိုင်းပြန်တက်လာပါလိမ့်မယ်။ ဆော့ဝဲလ်များ အင်စတာလုပ်ရန် မလိုတော့ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။