Friday, December 28, 2007

Poem For My Village






ဆောင်းလေသွေးသွေး ၊ ရင်ကိုအေးသည်
တစ်တေတူးက တေးကိုသီကာ
သောင်ပြင်ထက်မှာ မောင်ရင်တို့တစ်တွေ
ပြေးလွှားကာ မြူးထူးကြတယ်
လွမ်းတယ်ကွဲ.လေး ……။

ချောင်းရေစီးသံ သဲ့သဲ့ညံသည်
ရေပြင်ပေါ်က လှိုင်ကလေးတွေ
လိမ့်ကာလိမ့်ကာ အလှဆင်လို့
ကြက်ခွပ်သဏ္ဍာန် သရုပ်ဖော်ကြတယ်
လှတယ်ကွဲ.လေး ………။

မြင့်မားလှတဲ့ တောင်ကမ်းပါးရံ
ချောင်းတစ်ဖက်မှာ ကာရံထားလို့
ခိုငှက်တစ်သိုက် တွန်ကြူးတေးသံ
ဌာနေရပ်မှာ အသိုက်အမြုံဖွဲ.တယ်
ယှဉ်တယ်ကွဲ.လေး ……။

စိုက်ခင်းများက စိမ်းစိမ်းလန်းလန်း
လေယူရာကို ယိမ်းနွှဲ.ပါတဲ့
တောပန်းများနှင့် ကိုင်းပင်းများရယ်
နေကွယ်တော့မှ လေချိုသွေးတယ်
မေပျိုတို့ရေခပ်ဆင်း ………..။

စားမေးပွဲဖြေအပြီး ရွာအလွမ်းပြေ အမှတ်တရ ရေးထားတဲ့ ကဗျာလေးပါ.


Snuo Mwoani CMT

Saturday, December 1, 2007

Old Place


မင်းရင်ထဲမှာ
ဘယ်သူများရှိနေလဲ
မင်းရင်ထဲက
နေရာလေးဟာ
တစ်ချိန်ချိန်မှာ
တစ်စုံတစ်ယောက်အတွက် ဖြစ်လာရင်လည်း
တစ်ခါက
အဟောင်းဖြစ်သွားတဲ့
ငါကို သတိရပေးပါ ။
ငါရင်ထဲက
နေရာလေးဟာ
အမြဲတမ်း မင်းအတွက်ဆိုတာ
မင်းငါ့ကို သတိရလိုက်တဲ့အခါတိုင်း
မင်း သိနေပေးပါ ။
တစ်ခါတစ်လေ
မင်းအတွေးထဲ
ငါဝင်လာတဲ့အခါ
တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါတိုင်းပေါ့
တစ်ခုတည်းသာ သိနေပေးပါ
မင်းကို ချစ်ဘူးခဲ့တဲ့ ငါဟာ


♥ သေဆုံးခါနီး နှလုံးသားနဲ့

နောက်ဆုံးသော ရင်ခုန်သံအထိ

မြတ်နိုးစွာဖြင့်

မင်းတစ်ယောက်တည်းကိုပဲ

ချစ်သွားမှာပါ ♥

တကယ်လို့
မင်းနဲ့ငါ မတွေ့ခဲ့ကြရင်ကောင်းမယ် ။
တကယ်လို့
ငါ မင်းကို မချစ်မိခဲ့ရင်ကောင်းမယ် ။
ချစ်ခဲ့မိတဲ့
ငါ့ရဲ.ရင်မှာ
ခံစားနေရတဲ့ ငါ့ အဖြစ်ကို
တကယ်လို့
မင်းမြင်ခဲ့မယ်ဆိုရင်
........................
........................... ။
အိပ်စက်ခြင်းတွေကို
ခုခံဖို့ ကြိုးစာခဲ့တာ
မင်းကို လွမ်းလို့ပေါ့ ။
မင်းကို ချစ်ခဲ့တဲ့ သံသရာ တစ်လျှောက်မှာ
ဒဏ်ရာဟောင်းတွေနဲ့
နေရာဟောင်း မှာ ငါ စောင့်နေပါ့မယ် ။


Snuo Mwoani CMT



Friday, November 23, 2007

Full Moon Day

ဒီနေ့
အိပ်လို့မပျော်ဘူး
အပြင်ကိုငေးကြည့်မိတယ်
သာနေတဲ့ လ
ကဗျာဆန်တဲ့ ည
လမင်းကြီးဟာ သာနေပေမယ်
ကျွန်တော် ရင်ထဲက နှလုံးသားကတော့
အမှောင်ထဲမှာ ငိုနေဆဲပါ ။
နှုတ်ဆက် အပြုံးတွေဟာ
ကျွန်တော် အတွက်
ချိုမြိန်မှု မရှိခဲ့ဘူးလေ ။
ကျောခိုင်းလို့ ထားခဲ့တဲ့
ကျွန်တော် ရဲ့ နှလုံးသားဟာ
ပြန်လည်ဆုံဆည်းချိန်ကို
စောင့်နေတယ် ဆိုတာ
သူ မသိခဲ့ပါဘူး ။
လပြည့်ည မှာ
နှလုံးသားက
နွေးထွေးတဲ့ အငွေ့အသက်တွေ
ရပေမယ့်လည်း
အနားမှာ သူမရှိတော့
ရင်ထဲမှာ ဟာတာတာ ။

ရေအိုင်ထဲက
လရိပ်ကလေးက
ကဗျာဆန်ပေမယ့်လည်း
နှလုံးသားကို သော့ခတ်ခဲ့တာ
မဟုတ်တဲ့ ကျွန်တော် အတွက်တော့
ရင်ထဲမှာ ဟာတာတာ ။

မနေ့ကတွေ
မနက်ဖြန်တွေ
ကျွန်တော် မစဉ်းစားချင်ပါဘူး
ယခုအချိန်မှာ
ရင်ကိုလှုပ်နိုးစေတာကတော့
ဟာတာတာ ဖြစ်နေတဲ့ ရင်ဘတ်ကြီးက
ဟာတာတာ ဖြစ်နေတဲ့ ကောင်ကင်ကြီးက
ကြယ်တွေကို
ရေတွက်ရင်း ....... ။

Snuo Mwoani CMT

Monday, November 19, 2007

Please remember me !



သူလာချင်တဲ့ အချိန်လာ
သူပြန်ချင်တဲ့ အချိန်ပြန်
သူဘယ်အချိန်လာလည်း ကိုယ်မသိ
ကိုယ်ဘယ်အချိန်ရှိလည်း သူမသိ
အခုထိ
ဆုံနိုင်ခွင့် မရှိသေးတဲ့
တို့ နှစ်ယောက်
ဒါကို အချစ်လို့ ယူဆရမှာလား
မျှော်လင့်ချက်တွေ နှိပ်စက်တာများတော့
လူလည်း လုံးပါးပါးနေပါပြီ
ဒီနေ့ လို နေ့ မျိုး နောင်မဖြစ်ပါစေနဲ.ဗျာ
အိပ်ချင်တဲ့ စိတ်ဟာ အာရုံစူးစိုက်မှု မရှိလို့
ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု လို့ ဆိုပေမယ့်လည်း
ကျွန်တော် ရင်ထဲမှာ သူအတွက် ခံစားမှုဟာ
အခုချိန်ထိပြင်းပြဆဲပါ …. ။
“ ဝေးကွာနေသူ များနှင့် ပြန်လည်ဆုံဆည်းရမည် “ ဆိုတာ
ကျွန်တော် အတွက်လား
ဖုန်းသံကတော့ ကျွန်တော် ကို မနိုးဆွနိုင်ခဲ့ဘူးဗျာ
အဲဒီတော့လည်း
မနက်ဖြန် ဆိုတာလေးကို အားပြုပြီးတော့
…………………………… ။
သတိရပေးပါ
ကောင်မလေး ရယ် ။

Snuo Mwoani CMT


Sunday, November 18, 2007

Where are you?



သူလက်ချောင်းတွေက
သူသားတွေရဲ. နားကိုဆွဲဖြဲခဲ့
လူသွားလမ်းကလေးပေါ်
တောမီးကိုဖြန်.ခင်းလိုက့်ပေါ့
ဟိုတုန်းက
သူ့ အဘိုး သူ့ အဖေ ပေးခဲ့တဲ့ တေးသွားကို
ကျောရိုးတစ်ခုပေါ်မှာ
သူက
ဖျက်ဆီးရင်း
သူ့ ခံစားချက်ကို
မူသစ်အနေနဲ့ ဖန်ဆင်းတယ်
မီးတောက်နဲ့ မီးခိုးတွေက
သူအတွက်
မှော်ဆန်စေဖို.ပါ ….
သူအိပ်ကိုမပြန်ချင်ပါဘူး
သူက စန္တားကို အရေခွံနွာလို့
တဆက်ဆက်တုန်နေတဲ့
နှလုံးသားကိုထုတ်ယူ
စည်းချက်ကိုက်နေတာကတော့
လက်ချောင်းလေးတွေပေါ့ …
အပ်ချုပ်စက်နှင်းသလို
ခြေတစ်ချောင်းကို အသက်သွင်းတယ် ..
အဲဒီနောက်
သံစဉ်တွေကို ဖောက်ထုတ်လိုက် …..
ဒီနည်းနဲ. အချစ်တွေဟာ ပျံ့နှံ့

ကန္တာရမှာရှိတဲ့ အလောင်းတွေ ခေါင်းထထောင်
ဘယ်ဥသြမှမခံနိုင်ဘူး
ရေတံခွန်တွေလည်း ရပ်သွားပေါ့
လေထဲမှာက
လ နဲ့ ကမ္ဘာ ရဲ. လက်ထက်ပွဲတေးသွား

ဒါ
ဘယ်မိုးတိမ်
ဘယ်ဘုရင်မှ့ ပြေးမလွှတ်တဲ့
စန္တားရားဆရာရဲ. လက်ချောင်းများက
စီးကျလာတဲ့ သွေးများ ……
ရင်ထဲမှာ ချစ်တာပဲသိတယ်
ဘာကိုမှ မသိပါဘူး …..။


မင်းကလေး ဘယ်ရောက်နေသလဲ ရင်ထဲမှာ အရမ်းလွမ်းနေပါပြီ ။

Snuo Mwoani CMT

Monday, November 12, 2007

Middle Street



တို. နှစ်ယောက်ဟာ
မျဉ်းပြိုင်နှစ်ကြောင်းပေါ်မှာ
ရှိနေတော့ ဘယ်လို. ဆုံနိုင်မှာ မဟုတ်တော့ဘူးနော်
မင်းရဲ. အသိုင်းအ၀ိုင်းကို
ငါမလာနိုင်သလို
ငါ့ရဲ. အသိုင်းအ၀ိုင်းကိုလည်း
မင်းလာနိုင်မှာ မဟုတ်ဘူး ။
ဆုံနိုင်ဖို. ခဲယဉ်းနေတဲ့ တို.နှစ်ယောက်ဘ၀မှာ
တစ်ခုပဲ စဉ်းစားစရာရှိပါတယ်
မင်းလည်း မင်းရဲ. ပတ်ဝန်းကျင်ကထွက်လိုက်ပါ
ငါလည်း ငါ့ရဲ. ပတ်ဝန်းကျင်က ထွက်လိုက်မယ်
မျဉ်းပြိုင်နှစ်ကြောင်းကြားမှာ ရှိနေတဲ့
အလယ်မျဉ်းလေးမှာ
တို.တတွေပျော်ရွှင်စွာ လျှောက်လှမ်းကြမယ် ။
အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု
ဖြစ်နေတဲ့ တို.ကမ္ဘာကြီးမှာ
တို.နှစ်ယောက်ရဲ. အချစ်ဟာ
မပြောင်းလဲပဲ
တစ်သက်လုံးချစ်ကြမယ်နော် ။
ယုံကြည်မှုတွေရင်ထဲမှာ ကိန်းဝပ်ပြီး
အရာရာကို အချစ်နဲ. ရင်ဆိုင်ကြမယ် ။
လိုအပ်ချက်တွေရှိလာရင်
တစ်ယောက်နဲ. တစ်ယောက် အပြန်အလှန် နားလည်ကြမယ် ။
ကဲ …….
အဆင်သင့်ဖြစ်ပြီးဆိုရင်
တို.တတွေသွားကြစို.
အလယ်မျဉ်း သို. ။



ယုံကြည်မှုတိုင်းဟာ အမှန်တရားမဖြစ်နိုင်ဘူးတဲ့ ကလေးရေ
အမှန်တရားတိုင်းကိုတော့ ယုံကြည်ရမယ်တဲ့ …… ။

လူတိုင်းရဲ. လိုအပ်ချက်တွေအတွက် လောကကြီးမှာ
အလုံအလောက်ရှိပါတယ် ။
ဒါပေမယ့်
လူတိုင်းရဲ. လောဘအတွက်တော့
လောကကြီးမှာ အလုံအလောက်မရှိပါဘူးတဲ့ ။

Snuo Mwoani CMT

Friday, November 9, 2007

As You Like


ဒဏ်ရာလေးက အပ်ဖျားတစ်ထောက်စာလောက်ပါပဲ
ဒါပေမယ့် ဆပ်ပြာပူဖောင်းအတွက်
ဆိုရင်တော့ …..
အဲဒါ
ဘ၀ပျက်လောက်တယ် ….. ။

သူကို အရမ်းလွမ်းတယ်
အဝေးကြီး ဝေးနေရတဲ့ အချိန်မှာ
လွမ်းတယ်ဆိုတဲ့ ခံစာမှုလေး
ရင်ထဲမှာ ကိန်းဝပ်လာတာ မဆန်းပေမယ့်
ကိုယ်ကိုကိုယ် တွေဝေမိတာတော့ အမှန်ပါပဲ
ဘယ်တုန်းကမှ နီးစပ်မှု မရှိခဲ့တဲ့ တို.နှစ်ယောက်နော် ။
တွေ.ရတဲ့ အချိန်တွေမှာ
နေကောင်းလား ….
အရာအားလုံး အဆင်ပြေလား မေးပြီးကျေနပ်နေရတယ် ။
ချစ်တယ် ဆိုတဲ့ စကားကို လူတိုင်းပြောတတ်ပါတယ်
တကယ်ချစ်ပါတယ် ဆိုတဲ့ အချစ်စစ်ကို ကြုံဘူးလား ..
ခံစားဘူးလား ……
စစ်မှန်တဲ့ အချစ်ဟာ တွေ.ရခဲသလို ရှားပါးမယ်လို.
ကျွန်တော် ထင်တယ်လေ ။
ကိုယ်ဘက်က စစ်မှန်လို. သူ.ဘက်မှ စစ်မှန်တဲ့ အချစ်
ပြန်ရမယ်လို. ကျွန်တော် မဆိုလိုပါဘူး
အရာရာ ဟာ သူ. ဆန္ဒပါပဲ
အချစ်ဆိုတာ တစ်ယောက်နဲ. တစ်ယောက်
အရောင်းအ၀ယ်လုပ်တာ မဟုတ်တော့လည်း
ရင်းနှီးသလောက်ပြန် ရချင်မှရမယ်
သူကို ချစ်မိပြီဆိုကတည်းက ဒီသဘောတရားတွေကို
နားလည်အောင် ကြိုးစားထားပါတယ် ။
ကျွန်တော်ဟာ သူ.ဘ၀မှာ ပထမဆုံး ချစ်သူလဲ ဖြစ်ချင်ဖြစ်မယ်
ဒုတိယ မက
တတိယ မကျ နေရာလဲရှိချင်ရှိနေမယ် ။
ဒါပေမယ် ဘယ်ဆုံမှတ်တွေဆီကပဲ လာလာ
ကျွန်တော် ဟာ သူ.ရဲ. နောက်ဆုံး ချစ်သူဆိုရင်ပဲ
ကျေနပ်ပါပြီ ။
နောက်ဆုံးဆိုတာ နောက်မှ ဆုံးရှုံးကြေကွဲရခြင်းလို.တော့
ကျွန်တော် အဓိပ္ပာယ် မဖွင့်ချင်ပါဘူး ။
သူ.ရင်ထဲက အချစ်အားလုံးကို
ကျွန်တော် တစ်ယောက်ထဲကိုပဲ ပေးပါလို.
ကျွန်တော် မတောင်းဆိုရက်ပါဘူး
ကျွန်တော် တောင်းဆိုတာကို သူ မပေးနိုင်တဲ့အခါ
ကျွန်တော် စိတ်ထိခိုက်ရမှာထက်
သူ.ရင်ထဲမှာ ကြောင့်ကြပူပင်မှု ဖြစ်သွားမှာကို
ကျွန်တော် ပိုစိုးရိမ်မိတယ်
ကျွန်တော် ကြောင့်ဆိုရင် သူ.ဘ၀မှာ
ဘာကိုမှမထိခိုက်စေချင်ပါဘူး ။
သူ.ရင်ထဲမှာ ရှိနေတဲ့ နေရာတွေကိုတော့
တကယ်အပိုင်လိုချင်မိတာ
မှန်သော စကားပါ ။
ဒါပေမယ့် မတောင်းဆိုရက်ပါဘူးလေ
သူကျေနပ်လို. ထားတဲ့ နေရာမှာပဲ
ကျွန်တော် မတ်တက်ရပ်နေရနေရ
ငုပ်တုပ်လေးပဲ နေရနေရ
ဘယ်လိုပင်ဖြစ်စေ
ကျွန်တော် ………..
နေပေးတော့ မည် ။



ရင်ခုန်တိုင်းလွမ်းလို. လွမ်းတိုင်းရင်ခုန်မိပါတယ်


Snuo Mwoani CMT


Monday, October 29, 2007

Waiting




ဘ၀တိုက်ပွဲ


§ လေထန်တိုင်းသာ ပွင့်ကြွေပါမှု ဘယ်မှာပန်းများ ကျန်မည်နည်း ။
§ လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ ဘယ်မှာ မြေကြီးကျန်မည်နည်း ။
§ ကျရှုံးတိုင်းသာ ငိုရပါမူ ဘယ်မှာ မျက်ရည်ကျန်မည်နည်း ။
§ အမှောင်တစ်ဝက် လင်းတစ်ဝက်သည် တစ်ရက်တစ်ခါ ကြုံမြဲသာတည်း ။
§ အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ မျက်လှည့်ပမာ တွေ.မြဲသာတည်း ။
§ ဘ၀သည်ကား တိုက်ပွဲများပင်
§ လှုပ်ရှားရသော လူ.ရွာတောဝယ်
§ လင်းသော မှောင်သော အောင်သော ရှုံးသော
§ မုန်းသော ချစ်သော သစ်သော ဟောင်းသော
§ ပူသော အေးသော နုသော ကြမ်းသော
§ စောကြောစိတ်ဖြာ မနေသာပ ။
§ လဲရာကထ ကျရာကတက် ပျက်ရာကဆောက်
§ ရှေ.သို.လျှောက်၍ ရောက်ရာဘဝ
§ အားမာန်ပြရင်း ရုန်းရကန်ရမည်တကား ။


ဒီနေ.ဟာလည်း အမှတ်တရနေ.ပါပဲ ။ စောင့်နေသူတစ်ယောက် ငိုက်မြည်းနေတဲ့ အချိန်အမှာ ကံကောင်းခြင်းတွေလာသွားပါတယ် ။ ဒါကို ငိုက်မြည်းသူ တစ်ယောက်မသိနိုင်ပါ ။ ကျွန်တော် အတွက်တော့ အားလုံးဟာ ကျွန်တော်ကို မျက်နှာသာ မပေးဘူးလို. ကျွန်တော် မယူဆချင်ပါဘူး ။ ကံကြမ္မာက ပေးတဲ့ ကံကောင်းမှုဟာ ကျွန်တော် ထိုက်သလောက်ပဲ ရတယ်လို. အောက်မေ့လိုက်ပါတယ် ။ ဒါပေမယ် ရင်ထဲမှာတော့ တစ်မျိုးကြီးပေါ့ဗျာ ။


အသက်ရှင်မှု အတွက် ရင်ခုန်နေအုံးမည့် ကျွန်တော်


Snuo Mwoani CMT


Thursday, October 25, 2007

Full Moon Day



ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၊ အမရပူရမြို. ၊ မင်္ဂလာရိပ်သာ ဓမ္မာရုံကြီးပေါ်တွင် ၁၃၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ.၌ ဟောကြား ဆုံးမတော်မူပါသော သပိတ်သွတ်လွှတ်တရားတော် မှ ကောက်နုတ်ချက်


သီတင်းကျွတ်ပြီဆိုတာ လ၏ အထိမ်းအမှတ်သာ ဖြစ်တယ် ။ ဒကာ ဒကာမတွေ ဘယ်လိုများ ထင်နေကြပါသလဲ ။ ၀မ်းနည်းစရာပဲလား ၊ ၀မ်းသာစရာပဲလား လို.မေးရင်ဖြင့် သြော် .. သေခါနီး သွားတာပဲဟေ့လို. မှတ်ပါ ။ သီတင်းကျွတ်တာကို ဒကာ ဒကာမတွေက ဆရာသမား ကန်တော့ရလို. ၊ မီးတွေထွန်းရလို. ၀မ်းသာရတယ် ဆိုတာကတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ ။ ခန္ဓာ ကတော့ သီတင်းမကျွတ်ခင် ၀ါဆိုဦးကထက် ယခု သီတင်းကျွတ်က သေဖို.ရာ ပိုနီးသွားတယ် ။ သေဖို.ရာ ပိုနီးသွားတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မသေရာ ရှာဖို.အလုပ်သည် ခရီးရောက်ထားဖို. အရေးကြီးပါတယ် ။

ဒီဘ၀တော့ အတိတ်က ဆုတောင်းကြောင့် အတိတ်က အ၀ိဇ္ဇာ သင်္ခါရတွေ ကျုပ်တို. မကျော်လွှား နိုင်ခဲ့လို. အခုဘ၀ မှာ ၀ိညာဏ် နာမ် ရုပ် ၊ သဠာယတန ၊ ဖဿ ၊ ဝေဒနာဆိုတဲ့ ခန္ဓာကြီး ရထားတော့ ဇာတိ ဇရာ မရဏကတော့ လာရမှာပဲ ၊ ထိုသို.ပင် လာရငြားသော်လည်း ဒီကံက ဆုတောင်းမှား အလုပ်မှား ကြောင့် သစ္စာ မသိလို. သေပွဲဝင်ရမှာ ၊ သေခါနီး ဖြစ်ငြားသော်လည်း မသေရရှာတဲ့ အလုပ်ကိုဖြင့် တွေ.ရလို. ၀မ်းသာကြပါလို.လဲ သတိပေး လိုက်ပါတယ် ။

ကဲ ဒီနေ.ဟောတဲ့ တရားက အင်္ဂုတ္တိုရ် ပါဠိတော် ကြီးမှာ ဘုရားကိုယ်တော်တိုင် ဟောလို. သစ္စာသိပြီး သေတဲ့ ပုဂ္ဂိုလ်များမှာ ဘာမှ ပူစရာ မရှိပုံ ပြန်လည်ဟော ကြားခြင်း ဖြစ်တယ် ။ ဘုန်းကြီးကလည်း ဒီနေ. မှ လာတဲ့ ပုဂ္ဂိုလ်တွေ ၊ ဒီနေ.မှ ကြုံတဲ့ ပုဂ္ဂိုလ်တွေ သစ္စာရှိဖို. အရေးကိုပဲ ပြန်ပြီးဟောပါ့မယ် ။ ဒကာ ဒကာမတို. နောက် ဘ၀က သစ္စာလေးပါး မသိတော့ အ၀ိဇ္ဇာနှင့် နေခဲ့ကြတယ် ။ သစ္စာ မသိတော့ ဗုဒ္ဓဘာသာ ဆိုပေမယ့် သစ္စာ မသိပဲ ကုသိုလ်အလုပ်တွေလည်း လုပ်ခဲ့ကြပါတယ် ဆိုတော့ သင်္ခါရပေါ့ဗျာ ။ ဒကာ ဒကာမတွေ ကုသိုလ်ရိုးရိုးလုပ်တာလား ၊ နောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို. လုပ်တာလားလို.မေးရင် ဘယ့်နှယ့် ဖြေပါ့မလဲ ။

လူချမ်းသာ နတ်ချမ်းသာ ရချင်လို. လုပ်ပါတယ် ဘုရား ။

ဒါဖြင့် ကုသိုလ် ကံနဲ. တဏှာ ရောနေတယ် ။ ကုသိုလ်လုပ်တာက ကုသိုလ် ၊ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တာက တဏှာပေါ့ဗျာ ၊ ဘယ့်နှယ့် ဒီလိုရောတယ် ဆိုကလည်းက အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဖြစ်မသွားဘူးလား ။ ဒါခုမှရတဲ့ ပဋိစ္စသမုပ္ပါဒ် ၊ ဒကာ ဒကာမတွေ နောက်ဘ၀က အ၀ိဇ္ဇာ ဆိုတာ ကိလေသ၀ဋ် ၊ သင်္ခါရကမ္မ၀ဋ် ၊ အဲဒီ ၀ဋ် (၂) နှစ်ပါး ကို သစ္စာမသိပဲနဲ. လုပ်ခဲ့တဲ့အတွက် မသိတဲ့ အ၀ိဇ္ဇာ က ကိလေသ၀ဋ် ၊ ကုသိုလ်ပြုပြီး သကာလ လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းတာက ကမ္မ၀ဋ် ၊ ဒါကြောင့် ကမ္မ၀ဋ် ၊ ကိလေသာဝဋ် ၊ ဒီဝဋ်တွေပြုပြီး စုတေမနေ သေလွန်တဲ့ အခါ ဒကာ ဒကာမတွေ ၀ိညာဉ်ဆိုတဲ့ ပဋိသန္ဓေ ၀ိညာဏ်ကို ရပါတယ် ။ ပဋိသန္ဓေ၀ိညာဏ်ရရင် နာမ်ရုပ် ပေါ်ရမယ် ။ နာမ်ရုပ်ပေါ်လို. ရှိရင် မျက်စိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ ကိုယ်စိတ် မပေါ်ပေဘူးလား ။ ပေါ်လာရင် ဖဿဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး ၊ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုံး ။

ဒုက္ခသစ္စာပါဘုရား ။

ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ ဘယ်အချိန်များ ရပါသလဲဆိုတော့ ယခု ပစ္စုပ္ပန်မှာ ယခု တရားနာနေကြတာက ဘာသစ္စာပါလိမ့်မတုံး ။

ဒုက္ခသစ္စာပါဘုရား ။

ဟော သူ.ကိုယ်က ပြောနေတာ ၊ ဒါကြောင့် သစ္စာသိစေချင်လွန်းလို. တိုက်တွန်းရတာကို ဘုန်းကြီးက လွန်းလွန်းတယ်လို.များ မဆိုလိုက်ပါနဲ. ၊ ကိုယ်က ကိစ္စမပြီးသေးလို. ဒါလောက် တိုက်တွန်း တာကိုလို. မှတ်လိုက်ပါ ။ ရှင်းပြီးလား ။ ( ရှင်းပါပြီဘုရား ) ။ ကိစ္စက လိုနေသေးလို. တိုက်တွန်းတာပါ ။ ( မှန်လှပါ ) ။

ဘုန်းကြီးတို. ဒကာ ဒကာမတွေ သစ္စာသိစေချင်တာက ဒီဘ၀တွင် ကိစ္စပြီးစေချင်လွန်းလို. ၊ သစ္စာသိပြီး ပုဂ္ဂိုလ်ဟာ သုဂတိမှ တစ်ပါး ဘယ်မှ မသွားဘူး ဆိုတာ ပေါ်ပြီလား ။

ပေါ်ပါပြီဘုရား ။

အဲဒါကြောင့် ငါသေရင် ဘာများဖြစ်အုံးမှာလဲဆိုတာ ဘယ်တော့မှ မတွေးနဲ. ၊ တို.ခန္ဓာက ပေါ်သရွေ. ဒုက္ခ သစ္စာပဲ ဆိုတာ သိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာသုဂတိမှတစ်ပါး ဘယ်မှ မသွားဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ ၊ အားပေးစကားလား ၊ သစ္စာသိပြီးရင် သံသရာ မလည်ဘူးဆိုတာ သေချာတဲ့ တရားလား ။

သေချာတဲ့ တရားပါ ဘုရား ။

နေရာကျပြီး သည်နေ. သီတင်းကျွတ်တဲ့ အချိန်ကြီးမှာ ဒကာ ဒကာမတွေ ဥာဏ်မျက်လုံး သွင်းရတဲ့နေ. ၊ လကလဲ ပြည့်မယ့်နေ. ၊ မိမိတို. ဥာဏ်ကလဲ အလင်းရတဲ့နေ.ဆိုတော့ အလင်းတွေကို ဆုံတဲ့နေ ကြုံတဲ့နေ. ဆိုရင် လွဲပါ့မလား ။

( မလွဲပါ ဘုရား ) ။

ကဲ ဒကာ ဒကာမတို. ၊ အလောင်းကောင် အသုဘကြီး တစ်ခုကို ဒီကျောင်းပေါ်မှာ မလွှဲသာလို. ထားမယ် ဆိုပါတော့ ၊ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလည်း မေးတဲ့ အခါ နားထဲက ထွက်တဲ့ သုဘထွက်မလား ၊ အသုဘထွက်မလား ။

အသုဘပါ ဘုရား ။

ပါးစပ် ၊ နှာခေါင်း ၊ မျက်စိကထွက်တဲ့ သုဘ ထွက်မလား ၊ အသုဘ ထွက်မလား ။

အသုဘထွက်မှာပါ ဘုရား ။

နဂိုက ဘာမို.လို. ဘာထွက်တာတုံး ။

အသုဘမို. အသုဘထွက်တာပါ ဘုရား ။

ဒီမှာလဲ ခန္ဓာကိုယ်က ဘာသစ္စာတုံး ။

ဒုက္ခသစ္စာပါ ဘုရား ။

ဟို အသုဘကြီးထဲက ကျင်ကြီးထွက်လာ ၊ ကျင်ငယ်ထွက်လာ ၊ ချွေးထွက်လာ ၊ ရောင်ဖောလာ ၊ ပြည်သွေး ထွက်လာ ၊ အသဘမို. အသုဘတွေ ထွက်လာတာပဲ ၊ ဒီမှာလဲ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲက လှုပ်လိုက်တဲ့ အသုဘ ၊ ထိုင်နေတဲ့ အသုဘ ၊ ဒုက္ခသစ္စာဆိုတာ သေချာပြီလား ။

သေချာပါပြီ ဘုရား ။

ပြောတဲ့စိတ်ကလေးက ဒုက္ခ သစ္စာ ၊ ငြိမ်နေတဲ့ စိတ်ကလေးကကော ။

ဒုက္ခသစ္စာပါ ဘုရား

ကြံနေတဲ့ စိတ်ကလေး ကကော ။

ဒုက္ခသစ္စာပါ ဘုရား

ဒီခန္ဓာကြီးဟာ ဘယ်ကာလမှာ ပေါ်သတုံး ။

ပစ္စုပ္ပန်ကာလမှာ ပေါ်ပါတယ် ဘုရား ။

ပစ္စုပ္ပန်ကာလမှာ ပေါ်ချင်သရွေ. ပေါ် ဒုက္ခသစ္စာချည်းပဲ ဆိုတာ မသေချာဘူးလား ။

သေချာပါတယ် ဘုရား ။

ဒါဖြင့် တပည့်တော်တို. ဒုက္ခသစ္စာ မသိသေးဘူးလို. ဆိုကြမလား ။ ပေါ်ရာကို ဒုက္ခသစ္စာလို. သိပါပြီ ဆိုကြမလား ။ ပေါ်ရာကို ဒုက္ခသစ္စာဆိုတာ သိပါပြီ ဘုရား ။
ဒီစိတ်ကလေးကို အရေးတကြီး ပြောနေတယ် ။ ဒီသေရေးကို အရေးတကြီး ပြောနေတယ် ။ ဒီအသိနဲ.သေရင် အပါယ်မကျဘူးဆိုတာကလေးကို လက်ကိုင်ထားရမယ် ။ မပျင်းနဲ. ။ ဒီအသိရပြီလို. ရှိရင်ဖြင့် သေခြင်းဆိုး မရှိတော့ဘူး ။ သစ္စာသိတဲ့ ပုဂ္ဂိုလ်အတွက် ပဋိစ္စသမုပ္ပါဒ် မရှိဘူးလား ၊ ရှိသလား ။
မရှိပါ ဘုရား ။
သစ္စာသိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ( ၂ ) ကနေ ( ၃ ) မကူးတော့ ဘူး ။ တစ်ခါတည်း မဂ်ပေါ်သွားတယ် ။ သစ္စာ က သစ္စာ ၊ သိတာက မဂ္ဂ သစ္စာ ၊ မဂ္ဂသစ္စာက ဖြတ်တာ ၊ အဲဒါတွေကို ဒကာ ဒကာမတွေက သေသေချာချာ ကိုယ်ပိုင်ဥာဏ်နဲ. ကိုယ်တိုင်သိလို. ရှိရင်ဖြင့် ငါသေငြားသော်လဲ ဆွမ်းမသွတ်နဲ.ဟေ့ လို. အိမ်မှာ မှာခဲ့ ဒကာကြွယ် ၊ စကားကြီး သွားတယ်လို. ထင်သလား ။
မထင်ပါ ဘုရား ။
သစ္စာသိတဲ့သူ သံသရာ ပြတ်တယ် ။ သံသရာ ပြတ်တယ် ဆိုတော့အောက် အပါယ်ပြိတ္တာဘုံရောက်မှ ဆွမ်းသွတ်ရတာကိုဗျ ။ ခုတော့ သစ္စာ သိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ ရှိသေးလား ။
မရှိပါ ဘုရား ။
အဲဒါကြောင့် ဘုန်းကြီးတို. ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုလဲ သိအောင်လုပ်ပါ ။ သိလို.ရှိရင်လည်း အိမ်ကို မှာခဲ့ပါ ။ ငါသေရင် ဆွမ်း မသွတ်နဲ.ဟေ့ ။
မှန်လှပါ ဘုရား ။
ဘယ်လိုများ မှာရမှာပါလိမ့် ။
ငါသေရင် ဆွမ်း မသွတ်ကြနဲ.ဟေ့ ပါ ဘုရား ။
ဒကာကြွယ် မှာရဲ.ပါ့ မလား ။ ( မှာရဲပါတယ် ဘုရား ) ။ ရဲမှ မရဲသေးရင် သစ္စာ မသိသေးလို.ပါ ။ မသိသေးရင် ပြိတ္တာ ဖြစ်နိုင်သေးတယ် ။ အဲဒီလိုမှ မရဲသေးလို.ရှိရင် မသိ သိအောင်လုပ်ပါ ဆိုတာကိုလဲ ဒုတိယ တိုက်တွန်း ရပါတယ် ။ ဒကာ ဒကာမတို. ခန္ဓာကိုယ်ထဲက ဘာပေါ်ပေါ် ဘာသစ္စာ တုံး ( ဒုက္ခသစ္စာ ပါဘုရား ) ။ ဒုက္ခသစ္စာ ဆိုတော့ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒယသစ္စာ ၊ နောင်ခန္ဓာ မလာတာက ဒုက္ခနိရောဓ သစ္စာ ။ ရှင်းပြီးလား ။
ရှင်းပါပြီ ဘုရား ။
အရှုခံရတာက ဘာသစ္စာ ( ဒုက္ခသစ္စာပါ ဘုရား ) ။
ဒီခန္ခာကြီး ခန္ခာငါးပါးက လာတာတွေ ရှုနေတာ့ ဘာသစ္စာလဲ ။ (ဒုက္ခသစ္စာပါ ဘုရား )
ရှုတဲ့ဥာဏ်ကလေးကတော့ ( မဂ္ဂသစ္စာပါ ဘုရား ) ။
ဒါဖြင့် သမုဒယသေမလား ၊ သမုဒယသေတော့ နောက်ခန္ဓာ လာသေးလား ။
မလာပါ ဘုရား ။
နောင်ခန္ဓာ မလာတာက ဒုက္ခနိရောဓသစ္စာ ၊ ဒုက္ခချုပ်တဲ့သစ္စာ ၊ ဒါဖြင့် ဒကာ ဒကာမတို. ရှုတတ်ကြပြီလား ။
ရှုတတ်ပါပြီ ဘုရား ။

ဘယ် အချိန် ရှုရမှာလည်း မေးမနေနဲ. ၊ ခန္ဓာက ပြတဲ့အချိန် ရှုလိုက် ၊ ရှင်းပြီလား ၊ ဒါကြောင့် ဒကာ ဒကာမတွေ မသေရဲသေးဘူးလား ။
သေရဲပါပြီဘုရား ။
ဒါကြောင့် ဘုန်းကြီးက ဘာတရားဟောတုံးလို. မေးရင် မန္တလေးပြန်မယ့် ပုဂ္ဂိုလ်ကဖြစ်စေ ကိုယ် အရပ်ကို ပြန်တဲ့ ပုဂ္ဂိုလ်ကဖြစ်စေ ကိုယ် အိမ်ပြန်မယ့် ပုဂ္ဂိုလ်က ဖြစ်စေ ၊ တို. သပိတ်သွတ်လွတ်တရား ဟေ့ လို. ပြောလိုက်စမ်းပါ ။ ( မှန်လှပါ ဘုရား ) ။ ဘာတရားဟောပါလိမ့် ( သပိတ်သွတ်လွတ် တရား ပါ ဘုရား )
သပိတ်သွတ်ဆိုတာ သစ္စာ မသိတဲ့ ပုဂ္ဂိုလ်သေမှ ပြိတ္တာဖြစ်မှ ရှင်း ပြီလား ( ရှင်းပါပြီ ဘုရား )
ဒါဖြင့် ဒကာ ဒကာမတွေ ငါသေရင် သပိတ်မသွတ်နဲ.လို. မှာရဲပြီလား ( မှာရဲပါပြီ ဘုရား )
မှာဖြစ်အောင် မှာပါ ။ သေမှ အရှက်ကွဲ မခံနဲ. ။ သြော် ငါအဖေ သေသွားပြီ ၊ ငါအမေ သေသွားပြီ ၊ ခုအခါ ပြိတ္တာများ ဖြစ်နေမလား မပြောတတ်ဘူး ၊ သပိတ်ကလေး တစ်လုံးတော့ သွတ်ကြအုံးစို. ။ သပိတ်သွတ်တဲ့ ပုဂ္ဂိုလ်၏ ရည်ရွယ်ချက်က စိတ်ချရလို. သွတ်တာလား ၊ စိတ်မချလို.လား ။
စိတ်မချလို. သွတ်တာပါ ဘုရား ။
ဒါဖြင့်သေ တဲ့ သူ က စိတ်ချပါ ရက်နဲ. ကျန်ရစ်တဲ့ သူက အရှက်ခွဲတော့ သေတဲ့သူ မနာဘူးလား ။ ( နာပါတယ် ဘုရား ) ။ ဒါဖြင့် ဒကာကြွယ် အရှက်ခွဲခံအုံး မလား ။ မခံချင်ပါနဲ.တော့ ။ ဘယ်နှယ့် မှာခဲ့ မှာလား ( ငါသေရင် သပိတ်မသွတ်နဲ.လို. မှာခဲ့ မှာပါ ဘုရား ) ။
ဒါဖြင့် ဒီနေ. ဘာတရားဟောပါ လိမ့် ။
သပိတ်သွတ်လွတ်တရား ဟောပါတယ် ဘုရား ။
သစ္စာသိရင် သပိတ်သွတ်လွတ်ပါတယ် ။

တရားတော်က တော့ ဒီမှာတင်ပဲ ပြီးပါတယ် ဗျာ ...။ ကျွန်တော်ရဲ. ပရိတ်သတ်ကြီးကို ဖတ်စေချင်သော စေတနာဖြင့် ည က တစ်ညလုံး ကျွန်တော် မအိပ်ပဲ ရေးခဲ့တာ ဖြစ်ပါတယ် ဗျာ ။ လာရောက်ဖတ်ရှုသွားကြတဲ့ သူငယ်ချင်းများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ...... ။

ငြိမ်းချမ်းသော ဘ၀ ကို လူသားအားလုံး ပိုင်ဆိုင်ကြပါစေ ............

Snuo Mwoani CMT

Saturday, October 20, 2007

Who are you?




သူနာမည်ကို ကိုယ်မသိ
ကိုယ်နာမည် သူမသိ
သူအသက် ကိုယ်မသိ
ကိုယ်အသက် သူမသိ
သူ.ရုပ်ရည်လည်း ကိုယ်မသိ
ကိုယ်ရုပ်ရည်လည်း သူမသိ
သူ.နေရပ်လည်း ကိုယ်မသိ
ကိုယ်နေရပ်လည်း သူမသိ
မနီးကြပေမယ့် မဝေးကြေး
မတွေ.ကြပေမယ့် မဆွေးကြေး
ကွန်ပျူတာရှေ့မှာ ထိုင်လိုက်တိုင်း
Keyboard က ခလုတ်တွေကို ထိမိလိုက်တိုင်း
အတွေးတွေက သူဆီကိုရောက်နေတယ်
Online မှာသူရှိမလား ဆိုတဲ့
မျှော်လင့်ချက်နဲ.
Gmail nick ဖွင့်ခဲ့တဲ့ အခါတွေလည်း
မရေတွက်နိုင်တော့ပါဘူး … ။

သူနဲ. Chat နေရတဲ့ အချိန်ဟာ
ကမ္ဘာမှာ အပျော်ဆုံးပါပဲ … ။
လောကကြီးမှာ ပြောရတာ
အားတော့နာပါတယ်
ကျွန်တော် သူကို စပြောခဲ့တာက
Nice to meet you !
အခြေအနေပေးလို.
အပြန်အလှန် အမေးအဖြေတွေလုပ်ခဲ့
Photo တွေ ဖလှယ်ကြပေါ့ .. ။

သူက ကျွန်တော် ကို မြင်ဘူးချင်တယ်ဆိုလို.
ကျွန်တော် ၀ယ်ခဲ့တဲ့ Webcam လေး
သူလည်း ကျွန်တော်နဲ. အတူစောင့်နေဆဲပါ .. ။
ကွန်ပျူတာရှေ့မှာ လွမ်းခဲ့ရတဲ့
နေ.တွေလည်းမျာပါပြီ .. ။
Chat ရတာ ခဏလေးပေမယ့်
လွမ်းရတာ ထာဝရပါပဲ
ကလေး ရယ် ။


Snuo Mwoani CMT


Thursday, October 18, 2007

Place


နှင်းဆီပန်းတွေ
မွေ.ယာခင်း
ဘ၀မေ့လျှော့ခြင်း
သောကကင်းတဲ့
ကမ္ဘာမြေ မင်းရယ် ကိုယ်ရယ်
အတူနေ
သံယောဇဉ်ဖွဲ. ချစ်နှောင်ကြိုး
ပန်းတွေ ပန်းတွေ အတူပျိုး
ကမ္ဘာမြေရဲ. တစ်နေရာမှာတော့
ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခု
ရှိလိမ့်မယ် ။
အဲဒီနေရာလေးမှာ
တို.နှစ်ယောက် တွေ.ဆုံကြမယ် ။
အဲဒီနေရာလေးမှာ
ကျွန်တော် စောင့်နေမယ် ။
ဘာရယ်မဟုတ်တဲ့ အချိန်တွေကို
ကျွန်တော် ဒီလိုပဲ ဖြတ်သန်းလိုက်မယ်
မျှော်လင့်ဆဲ ရင်ထဲက
ဆန္ဒတစ်ခု မပျောက်ကွယ်တဲ့ အချိန်ထိပေါ့ ။
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို.ကြိုးစားရင်း
ရိုးသားစွာ မျှော်လင့်နေပါရစေ
ကောင်မလေး ရေ ။


Snuo Mwoani CMT


Monday, October 15, 2007

Meet


တစ်မြေစီခြားနေတဲ့
နှစ်ဦသားဘ၀မှာ
မသေချာတဲ့ မနက်ဖြန်တွေက
ရေစက် -လို. ခေါင်းစဉ်တပ်ရမလိုဖြစ်နေတဲ့
ဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်း မီးအိမ်ငယ်နဲ.
စိတ်ကူးယဉ်ဆန်ဆန်
ငါရှာခဲ့မိပါတယ် … ။

အဲဒီအချိန်မှာ
ငါ့အတွက်မိတ်ဆွေကတော့
ငါ့ရဲ. အရိပ်ကလေးပါပဲ .. ။
မျက်ရည်တစ်စက်ကျဖို.တောင်
ငါ့မှာ အားအင်မရှိခဲ့ပါဘူး .. ။

အဖော်မဲ့လှတဲ့ ငါ့ဘ၀မှာ
အလွမ်းရဲ. တိုက်ခိုက်မှုကြောင့်
အကြိမ်ကြိမ် ပြိုလဲခဲ့ရတယ်
ငါ့ရဲ.အတွေးတွေ သူဖျက်ဆီးလို.
အိပ်ပျက်ညတွေ သူစိုးမိုးတယ် … ။
တရေးတမှိတ် အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်း အိပ်မက်တွေ
သူလက်ဆောင်ပေးပြန်တော့
အထီးကျန်ဖြစ်နေတဲ့
ငါ့ဟာ
အရှုးအမှုးပေါ့ .. ။

ပင်လယ်ပြာပြာနဲ. တောင်တန်းများလည်း
ဘယ်လိုပဲ ပိုင်းခြားထားလဲ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမွေးရမယ် … ။
ဝါးတားတားမနက်ဖြန်တွေထဲက
ငါတောင့်တနေတဲ့
ဆုံနိုင်ခွင့် ခလုပ်တိုက်မိမယ့်
တစ်ခုသော အချိန်ကို မျှော်လင့်ရင်း
သူအတွက်
ကျွန်တော် ရင်ခုန်နေဦးတော့မည် ။

Snuo Mwoani CMT


Saturday, October 13, 2007

Money


ငွေပေးလျှင် ဘာမဆိုရသည်ဟု လူတွေပြောတတ်ကြသည်။
မဟုတ်ပါ။
ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။သို့သော် အရသာကို ၀ယ်၍မရပါ။
ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ကျန်းမာခြင်းကိုဝယ်၍မရ။
ဗဟုသုတအချက်အလက်ကိုဝယ်၍ရသည်။ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။လှပမှုကိုဝယ်၍မရပါ။
အပျော်အပါးကိုဝယ်၍ရသည်။ချမ်းသာသုခကိုဝယ်၍မရ။
အသိအကျွှမ်းတွေ ၀ယ်၍ရသည်။မိတ်ဆွေ အစစ်အမှန်ကိုဝယ်၍မရ။
အစေအပါးတွေဝယ်၍ရသည်။သစ္စာရှိမှုကို ၀ယ်၍မရ။
အားလပ်ချိန်တွေဝယ်၍ရသည်။ငြိမ်းချမ်းမှုကို ၀ယ်၍မရ။
ငွေဖြင့်သင်သည် အလုံးစုံသောအရာတို့၏ အခွံအကာများကို ၀ယ်၍ရနိုင်သည်။
အတွင်းအနှစ်သာရကိုကား မရရှိနိုင်။


MONEY It is said that for money you can have enerything,but you cannot.You can buy food,but notappetite;medicine,but not health;knowledge,but not wisdom;glitter,but not beauty; fun, but not joy;acquaintances,but not friends;servants,but not faithfulness;leisure,but not peace.You can have thehusk of everthing for money,but not the kernel.

ကျွန်တော် ကြိုက်လို. ဒါလေးကို တင်လိုက်တာပါ ...။ ကျွန်တော် အတွက်သူ ဟာ တစ်နေ.နေ. တစ်ချိန်ချိန်မှာ အရေးပါလာ အုံးမှာ ပါ ..။ ဒါပေမယ့် ကျွန်တော် ဖြေသိမ့်လိုက်ပါ့မယ် ..။ အရာအားလုံးကို သူ မစိုးမိုး နိုင်ဘူးလေ ။ ဒီအကြောင်းကို ကျွန်တော် သူငယ်ချင်း ဘလော့မှာ လည်း ရေး ထားပါတယ် ။ ငွေ ငွေ ...အော် မလွယ်ပါ့ လားနော် ။ သူ.ရဲ. အားနည်းချက်ကို သိရင် အဲဒီအားနည်းချက်နဲ. သူကို အနိုင်ယူပါ သူငယ်ချင်းတို.


Snuo Mwoani CMT


Friday, October 12, 2007

My Shadow



ချစ်သူ.အရိပ်လေး..
ငါ့နံရံမှာကပ်နေတယ်
ငါအိပ်တဲ့အခါတိုင်း..
သူကထိုင်ကြည့်နေတယ်
ငါ..မအိပ်ခင်လည်း...
သူ့ကိုငေး ကြည့်မိတယ်
ရင်ထဲကအချစ်အားလုံး...
သူယူထားတယ်
အခန်းထဲမှာ..သူကငါ့အဖော်ပဲ..
သူ့နဖူးလေး...လက်ကလေးနဲ့ပွတ်ကြည့်တယ်
သူ့နာခေါင်းလေး..လက်ညှိုးလေးနဲ့တိုထိမိတယ်
သူ့ဆံပင်လေး...စိတ်ကူးလေးနဲ့ ဖွပြစ်မိတယ်
ငါအားငယ်တဲ့အခါတိုင်း သူရှိလို.အားငယ်စိတ်ပြေတယ်
ငါတေ၇းနိုးတိုင်း...သူ့ကိုလှမ်းကြည့်တယ်
သူ့မျက်နှာလေး...ငေးကြည့်မိတယ်
သူ့ကို..အဲ့လောက်ထိမြတ်နိုးတယ်
ငါကျောခိုင်းအိပ်နေပေမယ့်
သူငါကိုကြည့်နေတယ်..
ငါရင်မှာ သူရှိနေလို. နွေးထွေးနေတယ်
သူ.ရဲ. ဖြူစင်တဲ့မျက်နှာလေးကို
အိပ်မက်ထဲမှာလဲ မြင်ယောင်မိတယ်
အထူးသဖြင့် သစ်ပင်အောက်က
သူ.ရဲ. အရိပ်ကလေး ကို ငါ
ဘယ်တော့မှ မေ့လို.ရမှာ
မဟုတ်တော့ဘူး ...... ။

ကျွန်တော် မှာ အရိပ်ကလေး ရှိတယ် ။ သူက ဟိုး အဝေးကြီး မှာ .....။
အရိပ်ကလေး သိနိုင်ပါစေ .....

Snuo Mwoani CMT


Monday, October 8, 2007

Please !





ကောင်မလေးရေ ...
မင်းတကယ် ထားသွားရက်မှာလား
မင်းမရှိပဲ ကိုယ်ဘယ်လိုဆက်ရှင်သန်ရမလဲ ...
မင်းကို မေ့လိုက်ဖို. အတွက်
ကိုယ့်မှာ ဘယ်လို အင်အားရှိမှာလည်း ....
ကိုယ့်ရင်ထဲမှာ ဘာတွေဖြစ်နေတယ် ..
ဘယ်လိုခံစားနေရတယ်ဆိုတာကို
မင်းကို သိစေချင်တယ်
မင်းမျက်နှာလေးကို ကြည့်ပြီး
စကားတွေပြောချင်တယ် ...
လက်တွေ.ကြတော့
ကျွန်တော် ဆန္ဒတွေဟာ
ဖြစ်မှ မဖြစ်နိုင်တာကွာ နော် ...
မင်းထင်တာလည်း မှန်ပါတယ်
ကောင်မလေး ရယ် ...
မြင်လည်း မမြင်ဘူး
တွေ.လည်း မတွေ.ဘူးတဲ့
လူတစ်ယောက်ကို
မင်းဘယ်လို ယုံကြည်နိုင်မှာလည်း
ကိုယ်ကိုတော့
ကျေးဇူးပြုပြီး ...............။




သူမျက်နှာလေးကို ကြည့်ရတာ အပြစ်ကင်းစင်တယ် .. ။ ဖြူစင်တဲ့ သူမျက်နှာလေးကိုကြည့် ရတာ ရင်ထဲမှာ စိတ်ခံစားမှုတစ်မျိုးကို ဖြစ်စေတယ် ။ ဒါတွေဟာ ကျွန်တော် အတွက် အားအင် တစ်ခုလိုပါပဲ ။ဒီနေ. ဟာ ကျွန်တော် အ တွက် မှတ်မှတ်ရရ ရှိစေချင်လို. Post နှစ်ခုတင်လိုက်တာပါ ။ အသည်းကွဲ ကဗျာတွေ တင်လို. ကျွန်တော် အသည်းကွဲ နေတာတော့ မဟုတ်ပါဘူး ။ ဒီခံစားချက်တွေကို ကျွန်တော် ကြိုက်လို.ရေးတာပါ ။ တကယ် ကျွန်တော် အသည်းကွဲတဲ့ အချိန်ရောက်ရင် ကိုယ်ကိုကိုယ် ခံနိုင်ရည်ရှိအောင်လို. လေ့ကျင့်ထားတဲ့ သဘောပါပဲ ။ စာတွေ.နဲ. လက်တွေ. ပေါင်းစပ်တဲ့ အခါမှာ အဖြေတစ်ခုတော့ ထွက်လာမှာ ပါ ။ ဒါကို ကျွန်တော် ယုံကြည်တယ်လေ ။ ဒီ Post လေးကို ည ကရေးနေရင် အလုပ်မအားတာတဲ့ မရေးဖြစ်ပဲ ဒီအတိုင်းထားလိုက်ရတာပါ ။ စိတ်ထဲမှာတော့ ပြီးအောင်ရေး မလို.ပါပဲ ။ အားပေးကြတဲ့ ကျွန်တော် ပရိတ်သတ်ကို လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။



Snuo Mwoani CMT


Miss



ဝေးလွန်းလှတဲ့ ဘ၀တွေ
ဆုံနိုင်ရန် ခက်ခဲနေသလား
ကလေး ရယ် ....
အဝေးက ဖျော့ဖျော့တော့တော့
နေရောင်ခြည်လေးကလည်း
လွမ်းအောင်ဖန်တီးနေသလိုပါပဲလား
မိုးကောင်ကင်ကြီး ကလည်း
ပြာလဲ့လဲ့နဲ. တိတ်ဆိတ်နေတယ် ...
မြေကမ္ဘာကြီး ကလည်း
ကြည့်ရတာခြောက်ကပ် နွမ်းလျှနေသလိုပါပဲ ...
ရေကမ္ဘာ သမုဒ္ဒရာကြီး ကလည်း
လှိုင်းလုံးကင်းမဲ့ပြီး ငြိမ်သက်နေတယ် ...
သြော် ဒီလူမှာလည်း
အဖော်မရှိ
တစ်ယောက်တည်းပေါ့ ကလေး ရယ် ....

မတွေ.ရတာကြာပေမယ့်
သတိရနေမိပါတယ် ...
ရင်မှာ ထာဝရ ချစ်နေဆဲပါ ...

Snuo Mwoani CMT


Saturday, October 6, 2007

Internet love




အင်တာနက် ချစ်သူ

သူနဲ. Chat နေချိန်မှာ Keyboard ရိုက်နေတဲ့
ငါရဲ. လက်အစုံဟာ လျင်မြန်ဖျတ်လတ်နေခဲ့တယ် ။
သူနဲ. Microphone ပြောနေချိန်မှာ
သူရဲ. စကားသံဟာ ငါကို ရူးသွပ်စွာ ဖမ်းစားစေခဲ့တယ် ။
သူ.အကြောင်းကို တွေးပြန်တော့
ငါ့နှလုံးသားဟာ ကြည်နူးနေခဲ့တယ် ။
သူကို လွမ်းနေတဲ့ အချိန်တိုင်းမှာ သူ. Photo ကို
ထပ်ခါတလဲလဲ ငါရင်ခုန်စွာနဲ. ကြည့်နေခဲ့တယ် ။
သူ. E-mail ကို ဖတ်နေချိန်ဝယ်
ငါစိတ်အစဉ်ဟာ ပျော်ရွှင်နေခဲ့တယ် ။
တစ်ယောက် တစ်နေရာစီ အလှမ်းဝေးကွာလွန်းတာမို.
ရင်ထဲ က စကားတွေကို E-mail နဲ. သူ.ဆီ အမြဲပို.ခဲ့တယ် ။

တစ်ယောက်နဲ. တစ်ယောက် စကြနောက်ကြ
စိတ်ဆိုးခဲ့ကြ စိတ်ကောက်ခဲ့ကြ ပြန်ချော့ခဲ့ကြ
ရန်ဖြစ်ခဲ့ကြ ပြန်ချစ်ခဲ့ကြ စိတ်လှုပ်ရှားခဲ့ကြ
အပြန်အလှန် နားလည်မှုတွေရှိခဲ့ကြ တယ် ။

ဘယ်သူတွေ ဘယ်လိုပြောပြော ငါလုံးဝ ဂရုမစိုက်ဘူး ။
ဘာပဲ ဖြစ်နေနေ ဒီဘ၀မှာ အခုလို ဆုံတွေ. ခွင့်ရတာ
ရှေးရေစက်ပဲပေါ့
ငါ တန်းဖိုးထား မြတ်နိုးနေဆဲပါ ….။

ဒီကဗျာလေး ထဲက စာကို ကျွန်တော် Chatting စကားလုံးများထည့်ထားပါတယ် … အင်တာနက် အသုံးပြုသူ အားလုံး ခံစားနားလည်မယ် လို . ကျွန်တော် ထင်ပါတယ်။ ဓာတ်ပုံလေးကလည်း ကဗျာဆန်ပါတယ် ..။ အားလုံးကို ဖတ်စေချင်တဲ့ စေတနာနဲ. ရေးလိုက်တာပါ ..။ တိုက်ဆိုင်မူများ ရှိခဲ့ရင်လည်း ခံစားမူ ပို အသက်ဝင်တာပေါ့ဗျာ ..။ ဒီနေ. အဖို.တော့ နားလိုက်ပါအုံးမယ် ခင်ဗျာ ..။ အားလုံးပဲပျော်ရွှင်ကြပါစေဗျာ ။

Snuo Mwoani CMT


Friday, September 21, 2007

Please Come Back


ဥယျာဉ်မှူး ပန်းမခူးရ
ပမာပြသည့် စကား
ရင်ကြားသို. ဖြတ်စီး
နောက်လှည့်ကာ ကျောခိုင်းရအောင်ကလည်း
သူပျော်မွေ. အဲဒီဥယျာဉ်
ကိုယ်က သခင်မှ မဟုတ်တာပဲ … ။

နုလှတဲ့ ပန်းတစ်ပွင့်မို.
လူတကာ လှမ်းလင့်ချင်သလို
မက်တွယ်ချင် ရနံရှင်မို.
လူတကာချူ ဖို.ပြင်သလို
ကိုယ်လည်း နှလုံးသားနဲ.
ပန်းချစ်တတ်တဲ့ လူသားတစ်ယောက်ပါ .. ။

ဒါပေမယ့် ………………..
အများနဲ. ယှဉ်ပြိုင်
ခူးနိုင်တဲ့ သတ္တိ
ကိုယ့်မှာ မရှိတဲ့ အပြင်
လှမ်းချင်တဲ့ လက်နှစ်ဖက်
ရွှံ.စက်တွေပေ
သူ အလိုမကျမှာလည်း စိုးထိတ်မိပါတယ် .. ။
နှလုံးသားနဲ. ထွေးပိုက်
အမြဲနမ်းရှိုက် နေချင်လည်း
သက်ပြင်းတွေခါခါချ
သူ မွန်းကြပ်နေမှာ စိုးမိတယ် ။

ဒီလိုနဲ.ပဲ ……
အရာရာကို စိုးထိတ်
တိတ်တဆိတ်နေရင်း
သူပျော်မွေ. ဥယျာဉ်ဘေးမှာ
မျက်ရည်တေး တွေနဲ.ပေါ့
သူကို အရမ်းလွမ်းတယ်
သူလာမယ့် အချိန်ကို စောင့်နေမိတာ
အခု အချိန်အထိပါပဲ … ။

ဘ၀အတွက် ဆုံးဖြတ်ချက်တွေချမှတ်တော့မယ် ဆိုရင် အချစ်၏ အဓိပ္ပာယ်သည် လေးနက်မှုရှိနိုင်ပါတော့ မလား ။ အချစ်ဆိုတာ ရေစက်ရှိကလောက်ပဲ ချစ်လို.ရမှာလား .. ။ ရေစက်ကုန်ရင် ချစ်လို. မရတော့ဘူးပေါ့နော် ။


ပြန်ဆုံမယ့်အ ချိန်ကို စောင့်မျှော်နေပါတယ်

Snuo Mwoani CMT


Thursday, September 20, 2007

Thanks A Mone



ချစ်သူအဝေး..
ကိုက အတွေးတွေ..
သွေးလေခြောက်ခြား...
မေ့ပြီလားဟင်....
ကလေးရေ ..လို့...
ခေါ်နေခဲ့မိ သူမသိချေ...
တွယ်ငြိနှောင်ငင် သံယောဇဉ်တို.
ရှင်သန်နေမြဲ..
ကို့ရင်ထဲမှာ...
စွဲလန်းတသ မေ့မရဘူး...
တကရ်လို့များ...
နှင်းကြွင်းငွေ.ငွေ.
ဆောင်းနှင်းနေ့တွေ..
ငြိမ်သက်ရှည်လျား..
ကို့ကိုထားရွေ့..
ဖြတ်သွားကျော်လွန်...
အိပ်မက်နွံမှာ နစ်ကျွံကျန်ရစ်
သန်းရံတစ်ဝက် ကာရံပျက်ည..
နက်ရှိုင်းလေစွ
တမ်းတညည်းညူး ချစ်သူအဝေး..ကို့အတွေး
အားလုံးအဆုံးသတ်ခဲ့ရပြီ.......


အမုန်း ရေကျွန်တော် blog မှာ ကဗျာ ရေးပေးသွားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ..ကဗျာ ရဲ. အဆုံးသတ်က ဒီလိုဟုတ်ချင် မှ ဟုတ်လိမ့်မယ်နော် .. ။ ကျွန်တော် က အဆင်ပြေသလို လုပ်လိုက်တာပါ အမုန်း ရဲ. ခံစားချက်ကို ကျွန်တော် ပျက်ရယ်ပြုတာ မဟုတ်ဘူးနော် ။ ကျွန်တော် ကျောင်းတက်နေရလို. post အသစ်တွေ မ တင်ဖြစ်တာနဲ. အတော်ပါပဲ ။ နောက်ထပ် ကဗျာလေးတွေ ရေးထားတာရှိရင်လည်း ရေးပေးပါအုံးဗျာ ။ ကျွန်တော် ရဲ. ဘလော့မှာ တင်ပေးပါ့မယ် နော် ။

အမုန်း အတွက် ကျွန်တော်ရဲ. စကားလက်ဆောင်

အမုန်း အိပ်ပျော်နေပါစေ
သူနိုးလာလျှင် ကမ္ဘာကြီးအတွက်
အန္တရာယ်ဖြစ်လိမ့်မည် ။
(ဒီလို မဖြစ်ပါစေနဲ. အမုန်းရေ)



မုဒိတာ ရေ

အမှတ်တမဲ့နဲ့ အလည်တစ်ခေါက်ရောက်ဖြစ်ခဲ့တယ်။
အမှတ်တရနဲ့ အခေါက်ပေါင်းများစွာ လာဖြစ်အုံးမယ်။
လို.ရေးပေးသွားတဲ့ idea လေးကောင်းပါတယ် ။ ကျွန်တော် ကြိုက်လို. ဒီမှာ ရေးလိုက်တာပါ ။ မုဒိတာ ကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ ။လာရောက်လည်ပတ်တဲ့ အတွက်ကော cbox မှာ ရေးသွားတဲ့ အတွက်ကောပေါ့ ။ နောက်လည်း အားရင်လာလည်ပေါ့ ။ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ် ။


အချစ်ကို ဖန်တီးလို. မရနိုင်ပါဘူး ။ ကျွန်တော် လည်း အချစ်ကို ဖန်တီး မ ယူချင်ပါဘူး ။ အချစ်က တစ်ခုခုအတွက် အားအင်တွေပေးကောင်းပေး နိုင်ပါလိမ့်မယ် ။ ကြုံတွေ.ရတဲ့ အဖြစ်အပျက်ပေါ်မှုတည်၍ အချစ်၏ နက်ရှိုင်းမှုတို.သည် ပြောင်းလဲခဲ့ပါ၏လော့ ။ အမှား အယွင်းများရှိခဲ့လျှင် အချစ်၏ အဓိပ္ပာယ်သည် အကျည်းတန်နိုင်၍ အဆင်ပြမှုများရှိခဲ့ပါမှု အချစ်၏ အဓိပ္ပာယ်သည် အရားအားလုံးထက် လှပပါလိမ့်မည် ။ တစ်ခုခုကို ဖန်တီးခဲ့တယ် ဆိုပေမယ့် ကျွန်တော် ဖန်တီးခဲ့တဲ့ အထဲမှာ အချစ် မပါ ပါဘူးဗျာ ။ ဖန်တီးမှု တစ်ခုကို အောင်မြင်တိုင်း ဘယ်လို ၀မ်းသာပိတီဖြစ်ရတယ် ဆိုတာကို ဖန်တီးတဲ့ သူ က လွှဲရင် ဘယ်သူ မှာ မသိနိုင်ပါဘူး ။ ဖန်တီးမှုတွေ တော်တော် များများကို ကျွန်တော် လုပ်ခဲ့သလို အောင်မြင်မှုရဲ. အရသာကိုလည်း ခံစား ခဲ့ဖူးပါတယ် ။ ဒါပေမယ့် အဲဒီအထဲမှာ တစ်ခုရဲ. အရသာကို ကျွန်တော် မခံစားဖူးပါဘူး ။

ဒီနေ.ဟာ ကျွန်တော် အ တွက် မှတ်မှတ်ရရ ရှိမယ့် နေ. လေးပါပဲ ............

မျှော်လင့်ချက်နဲ. စောင့်မျှော်သူတိုင်း ကံကောင်းကြပါစေဗျာ......

အချစ်ကို ဖန်တီးခဲ့တာမဟုတ်တဲ့ ကျွန်တော်

Snuo Mwoani CMT


Wednesday, September 19, 2007

I Miss You


သူမလာပေမယ့်
မျှော်နေမိတယ် ....။
သူ မရှိပေမယ့်
လွမ်းနေမိတယ် ...။
သူ. အကြင်နာ မရနိုင်ပေမယ့်
လိုချင်နေမိတယ် ...။
ခြေရာတွေလည်း ပျောက်
ရေကြည်လည်း နောက်ခဲ့ရပြီ ..
တောင့်တတိုင်းလည်း ဖြစ်မလာတော့
ခပ်မှိန်မှိန် မျှော်လင့်ချက်တွေနဲ.
ငါ ဘာကို ဖက်တွယ်ရမလဲ ...။
ဘ၀က လေနှင်ရာ
လွင့်တဲ့ သစ်ရွက်လို
မှီတွယ်ရာ မဲ့နေပြီလား ..။
တကယ်ပါ
တစ်နေ. တစ်ရက်တောင်မှ
အတွေ.ရခက်လျှင်
တမ်းတ လွမ်းရတယ် ..။
အကယ်၍
နေ.ရက်များစွာ
ဝေးကွာခဲ့လျှင်တော့
တွေးကြည့်ပေါ့ ချစ်သူရယ် ....။


စောင့်မျှော်နေသူ

Snuo Mwoani CMT


Sunday, September 9, 2007

နှလုံးသားကိုအရောင်မဆိုးခဲ့ပါ


အနိုင်ယူသူ၏ အရှုံး

မျှော်လင့်ခဲ့ရတဲ့
အချိန်တွေအတွက်
စောင့်ဆိုင်းခဲ့ရတဲ့
အချိန်တွေအတွက်
ဘာတွေပြန်ပေးဆပ်မှာလည်း
နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တဲ့
လူတစ်ယောက်ကို ရက်စက်တယ်လို.
ထင်မှာလား ....?
အဲဒီလူရဲ. ရင်ထဲက
ခံစားချက်ကိုရော ဘယ်သူမြင်နိုင်မှာလည်း
တစ်ယောက်သော သူအတွက်
လှည့်စားသွားတယ်လို.ထင်ပေမယ့်
တစ်ခြားသူ တစ်ယောက် အတွက်ကတော့
ခံစားချက်တစ်ခုကို ဖြေသာတဲ့တစ်နေရာမှာ
ဘယ်သူကိုမှ မကြေငြာချင်လို.ပါ ....

မုသားတွေပြောခဲ့တာ
ရင်ထဲက ပါလို.တော့ မဟုတ်ပါဘူး
ပြောမထွက်တဲ့ စကားတွေကို
ပြောရတဲ့အခါမှာ
လူတစ်ယောက်ရဲ. ကတိ ဆိုတာ
ဖြစ်သွားမှာစိုးလို.ပါ .....

နှောင်ကြိုးတွေ ရစ်ချည်ခဲ့တာ
မဟုတ်သလို
မျှော်လင့်ချက်နဲ. အသက်ရှင်စေခဲ့တာ
မဟုတ်ပါဘူး ...

ချစ်ပါတယ်လို.ပြောပြီး
အဝေးကို ထွက်သွားခဲ့တာ
မချစ်လို.တော့ မဟုတ်ပါဘူး ...

မကြားချင်တော့တဲ့
ပတ်ဝန်းကျင်က ဝေဖန်သံကို
ပြန်လည်တုံ.ပြန်ဖို. အင့်အားမရှိတော့လည်း
ဖြေသာတဲ့ တစ်နေရာမှာ
နေသာသလိုနေကြည့်တာပါ ...

တမ်းတမ်းတတ ရှိခဲ့ပါတယ်
ရင်ထဲမှာလည်း အလွမ်းအပြည့်နဲ.ပေါ့ ...

အနိုင်ယူပြီး အဝေးကိုထွက်သွားတယ်လို.
မင်းထင်ပေမယ့်
တကယ်တမ်းတော့ ........................။

ဝမ်းနည်းမှုတွေ လွမ်းဆွတ်မှုတွေ သတိရမှုတွေ အခါခါကြုံတိုင်း တိုက်ဆိုင်မှုလို.ပဲ သဘောထားလိုက်ပါ့မယ် .....။

Snuo Mwoani CMT



Tuesday, September 4, 2007

Nice Fruit

အလွမ်းသင့်သစ်သီး

တစ်ယောက်ယောက်ကို
အချိန်အကြာကြီး
စောင့်မျှော်နေရင်း
မျက်တောင်ခတ်သံနဲ.
တောင်ပံခတ်သံတစ်ခုကို
ငါကြားလိုက်တဲ့အချိန်မှာ
ငါဟာ အသက်ရှုသံနဲ. ရောယှက်ပြီး
ရင်ဘတ်မှာ
သစ်ခက်ကိုင်း တစ်ခုကို ဖန်းဆင်းခဲ့မိတယ် ..
မင်းခိုနားဖို. ငါ မကမ်းလှမ်းဝံ့ပေမယ့်
ပေးဆပ်နားလည် ချစ်တတ်သော
သစ်သီးတစ်လုံးကို
ငါရင်က သစ်ခက်ကိုင်းမှာ
ထုဆစ်ထားပါတယ် ..
မင်းမြင်တတ်ခဲ့မယ်ဆိုရင်
ငါထုဆစ်ခဲ့တဲ့ သစ်သီလေးဟာ
မင်းအတွက် တစ်သက်တာချိုမြိန်မှုကို
ပေးစွမ်းနိုင်ပါလိမ့်မယ်
ချစ်သောသူ ရယ် …။

တစ်ယောက်ယောက်ကို စောင့်မျှော်ရင်းနဲ.

Snuo Mwoani CMT


Monday, September 3, 2007

Welcome To Our School


ပန်းကလေးများ ပွင့်တော့မည်
ဖူးတန်ဝင့်ချီ...
နေခြည်မှာ ရွှေရည်လောင်း
ငါတို. စာသင်ကျောင်း ...


ဒီနေ့ ကျွန်တော်တို့ ကျောင်းစတက်ရတယ်။ ကျောင်းစတက်တဲ့နေ့ဆိုတော့ တက်တက်ကြွကြွရှိတယ်။ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့ရတာတွေကိုလည်း ပြန်ပြီးသတိရမိပါတယ်။ အတူတူကျောင်းနေခဲ့တဲ့ သူငယ်ချင်းတွေကော ကျွန်တော်တို့ကို ဒီအခြေအနေ ထိရောက် အောင်မြေတောင်မြှောက်ပေး ခဲ့သော ကျေးဇူးရှင် ဆရာ၊ ဆရာမများကိုလည်း သတိရမိပါတယ်။ ကျွန်တော်ကျောင်းသွားဖို့ မနက်တုန်းက လွယ်အိတ်ထဲကို စာအုပ်လေးတွေ ခဲတံပေတံလေးတွေ ထည့်လိုက်တဲ့ အချိန်မှာ ငယ်ငယ်က စိတ်ခံစားမှုတစ်ခုကို ပြန်ခံစားရတယ်။ ဒီလိုမျိုးခံစားရတာပေါ့။ ကိုယ်ကိုကိုယ် နုပျိုလန်း ဆန်းနေ တယ်။ ကျောင်းသားတစ်ယောက်အဖြစ်ခံယူပြီး လွယ်အိတ်ကို လွယ်လိုက်ကတည်းက ကိုယ်ကိုကိုယ် အပြစ် ကင်းစင်တဲ့လူတစ်ယောက်လို့ ခံယူမိ တယ် ။ ကျောင်းရက် ရှည်ပိတ်ထား လို့ ကျောင်းနဲ့ ဝေးနေပေ မယ့်ကျောင်း ပြန်ဖွင့် တဲ့နေ့မှာ ကျောင်းတော်ကြီးကို မြင်လိုက်တာနဲ့ ကျောင်းကြီးရှေ့ကို ရောက်တာနဲ့ပဲ ကျွန်တော် စိတ်ထဲမှာ တစ်မျိုးခံစားမိတယ်။ ကျန်တဲ့ ကျောင်းသားတွေလည်း ခံစားရမယ်လို့ ထင်ပါ တယ်။ ဖြူစင်အေးချမ်းသော ကျောင်းသားဘ၀ ကို ကျွန်တော် သဘောကျတယ် ..


ငယ်ငယ်က သူငယ်ချင်းတွေအခု အချိန်မှာ ဘယ်တွေရောက်လို. ဘာတွေလုပ်နေကြလည်း
အားလုံးပဲ အဆင်ကြပါစေလို. ကျွန်တော် ဒီ Blog လေးရေးသားရင်းနဲ.ပဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...

Snuo Mwoani CMT

Sunday, September 2, 2007

Poet

" ခေါင်းစဉ်မရို "

ကချေသည် တစ်ဦးလို
ကံကြမ္မာရဲ.
ဝင်္ကပါဆန်တဲ့ ပြဇာတ်ထဲ
အလိုက်သင့် အသုံးတော်ခံ

အတိတ်နဲ. အနာဂတ် အသိပဲ
သုညတွေတန်းစီရင်း
ဘ၀နဒီမှာ
ရေမျှောကမ်းတင်

ရှင်သန်ခြင်းဆိုတာဘာလဲ ...?

လောကဓံ သင်ရိုးညွှန်းတမ်းမှာ
ကဗျာမဆန်တဲ့ စိတ်ကူးတွေ
နယ်နိမိတ် ကန်.သန်.ပြီး
ဗလာကျင်းဖြစ်နေတဲ့ အိပ်မက်တို.
အတုန်းအရှုန်းနဲ. ပြိုကျ

မနက်ဖြန်တွေက မသေဆုံးနိုင်ဘူး
သိပ်ပြီးတော့လည်း မလွမ်းလောက်ပါဘူး
ဘာမှလည်း မဟုတ်ဘူး …။
နောက်ဆုံးတော့ ဘာပြောမှာလည်း
ဘာမှ မပြောချင်ဘူး …။


အချစ်ကြောင့် လှပတဲ့ ကဗျာလေးတွေဖြစ်လာတာလား ….။ ဒါတော့ ကျွန်တော်မသိပါဘူး ..။ ကိုမိုးစက် ကတော့ ကျွန်တော်ကို သူ. Blog မှာ ကဗျာတွေအရေးကောင်းတဲ့ ညီလေး လို. ပြောထားတယ် ..။ ကျွန်တော်လည်း ကဗျာ ကို ဟုတ်တိပတ်တိရေး တတ်သေးတာ မဟုတ်ပါဘူးဗျာ ..။ ဒီလိုပဲ စိတ်ကူးပေါ်ရင် ပေါ်သလိုပေါ့ …။ အရမ်းကြီး ခံစားရတာတော့ မဟုတ်သေးပါဘူး။ ကဗျာတော့ ကဗျာပါပဲ ဒါပေမယ့် ရင်ထဲက လာတဲ့ ကဗျာဖြစ်ဖို.တော့လိုတာပေါ့ဗျာ ..။ စာရွက်ပေါ်မှာ စာလေးငါးကြောင်း ချရေးလိုက်ရုံနဲ. ကဗျာတစ်ပုဒ်ဖြစ်လာတာတော့မှန်ပါတယ် …။ ခံစားချက် ကိုယ်စီနဲ. အသက်ရှင်နေကျတဲ့ လူသားတိုင်းမှာ အတွေးလေးတွေလည်းကိုယ်စီပေါ့ဗျာ …။ အားလုံးရဲ. ခံစားချက်ကို နားလည်ပေးတာ အကောင်းဆုံးပါပဲ ..။ မိမိခံစားချက်လေးတွေကို ထုတ်ဖော်ပြောတဲ့အခါမှာ လူတွေဟာ နည်းအမျိုးမျိုးနဲ. ထုတ်ဖော်ခံစားတတ်ကြပါတယ် ..။ တစ်ချို.က ကဗျာလေးတွေ တစ်ချို.က ၀တ္ထုလေးတွေ တစ်ချို.က သီချင်းလေးတွေနဲ. ပေါ့ဗျာ …။ နောက်ဆုံးတော့ သူသူငှာငှာ ဘယ်လိုပဲ ခံစား ခံစား ရသမြောက်အောင် ခံစားနိုင်တဲ့ သူတွေက လူသိများ ကျော်ကြားသွားတယ် လို.ပြောရမှာပေါ့နော် ..။
စိုင်းစိုင်းခမ်းလှိုင် ရဲ. ဖေဖော်ဝါရီမှတ်တမ်း ဆိုတဲ့ သီချင်းဟာ အတော်ကို နာမည်ကြီးသလို ကျွန်တော်လည်း ကြိုက်ပါတယ် ..။ ဒီသီချင်းမှာ စိုင်းစိုင်းခမ်းလှိုင် ဟာ သူရဲ. ခံစားမှုကို ပေါ်လွင်အောင် ခံစားသီဆို ပြသွားတာကို ဒီသီချင်းကို နားဆင်ဘူးတဲ့ သူတိုင်းသိမှာပါ ..။
ဒီလိုပဲပေါ့ဗျာ လူတိုင်း ကိုယ်စီကိုယ်စီ ခံစားချက်လေးတွေကို ဖော်ကျူးရတဲ့အခါမှာ ရသမြောက်အောင် ခံစားနိုင်ကြပါစေလို. ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ …။ ကျွန်တော်လည်း Blog ကို မနက်ဖြန်မှ စ၍အနားယူပါတော့မယ် ခင်ဗျာ…။ မနက်ဖြန်ဆိုရင် ကျောင်းဖွင့်တော့မယ်လေ ..။ ကျောင်းဖွင့်ပြီ ….ကျောင်းသားဆိုတော့လည်း စာလုပ်ရတော့မှာပေါ့ …။ ကျွန်တော် Blog ကို နေ.စဉ် လာရောက်ကြတဲ့ ကျွန်တော် သူငယ်ချင်းအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါကြောင်း...........

Snuo Mwoani CMT


Wednesday, August 29, 2007

Struggle life of lonely bird

အလွမ်းငှက်တစ်ကောင်၏တောင်ပံခတ်သံ


လူလို. ခေါ်ဆိုခြင်းခံရတဲ့ ငှက်
သွေးပျက်စရာ ကောင်းလှတဲ့
မာယာသစ်ပင်ပေါ်က
ချိုမြိန်မယ်လို. ထင်ရတဲ့
အချစ်သစ်သီးတစ်လုံးကို
ဆွတ်ခူးစားလိုက်မိရုံနဲ.
ချိုမြိန်ခြင်း သကာရည်တွေဖုံးထားတဲ့
အချစ် အဆိပ်တွေတက်နေခဲ့တယ် ။

အဲဒါကို သဘာဝကရယ်မော
လှောင်ပြောင်လိုတဲ့သဘောနဲ.တော့ မဟုတ်ရပါဘူးတဲ့လေ
အဲ နောက်ပြီးတော့
ဝေး၀ါးနေတဲ့ မျှော်လင့်ခြင်းတွေနဲ.အတူ
နှစ်သိမ့်ခြင်းဆိုတဲ့ ဖြေဆေးတွေနဲ.
အစွမ်းကုန်လို. မဆိုသာလောက်တဲ့ ကြိုးစားမှုမျိုးနဲ.
အစွမ်းကုန် ကြိုးစားပြီးကုနေကြပေမဲ့
အကြင်နာဆိုတဲ့ ဖြေဆေးတစ်ခွက်ကိုတော့
သတိတရနဲ.ပေးဖို. သူတို.မတွေးမိခဲ့ကြဘူးထင်ပါရဲ.

အဲသည့်လိုနဲ. တစ်စ တစ်စ အချစ်အဆိပ်တွေတက်လာရာကနေ
လူလို.ခေါ်ဆိုခြင်းခံရတဲ့ငှက်
အလွမ်းဆိုတဲ့ အိပ်မက်ထဲမှာ
မျှော်လင့်ခြင်းဆိုတဲ့ လေကိုရှူပြီး
ဒဏ်ရာရခဲ့တဲ့ တောင်ပံတစ်စုံကို
ကြိုးစားပမ်းစားနဲ. တဖျပ်ဖျပ်ခပ်ရင်း
အကြင်နာဆေးတစ်ခွက်ကို အမောတကောရှာဖွေနေလေရဲ. ။


Snuo Mwoani CMT

Saturday, August 25, 2007

Dream

ဘယ်လိုပြောပြရမလဲ..ဘယ်လိုဖြေသိမ့်ရမလဲ..ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှု ၀ဲဂယက်လေးကို ဘယ်သူ နားလည်ပေးနိုင်မှာလဲ..စိတ်ခံစားမှု တစ်ခုရဲ. လေးနက်မှု တည်ကြည်မှု သူ.ကြောင့်ဖြစ်ပေါ်လာတဲ့ အားအင်တွေ အစွမ်းသတ္တိတွေကို ခံစားနေရသူ ကိုယ်တိုင်ကလွှဲရင် တခြားဘယ်သူ သိနိုင်အုံးမှာလဲ...စိတ်ခံစားမှု တစ်ခုခုဖြစ်တိုင်း ကိုယ်ကိုကိုယ် တုန်လှုပ်နေမိတယ်.. တွေးတောနေ မိပါတယ်..အရာရာဟာ ဘာလို. ဒီလိုဖြစ်သွားရတာလဲ ဆိုတာကိုပေါ့.. အိပ်မက်တစ်ခုလိုဘဲ ပြောရမလား..ဒီအဖြစ်အပျက်တွေဟာ အိပ်မက် ထဲမှာဘဲ ဖြစ်နေမှာလား လက်တွေ.ဘ၀ မှာကော ဖြစ်မလာတော့ဘုးတဲ့လား အတွေးတွေကတော့ တိမ်တွေ လိုပါဘဲ..ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်..တိမ်တွေဟာ လေနှင်ရာကို သွားရသလို ကျွန်တော်ရဲ. အတွေးတွေကလည်း စိတ်ခံစားမှုရဲ. စေရာကို သွားနေရပါ့လား။ အတွေးအာရုံတစ်ခုကို လွှတ်လိုက်တယ် ပေါ့ပေါ့ပါးပါး ပါဘဲ .ဘယ်ကိုလဲ ဆိုတာကိုတော့ မသိဘူး .ဦးတည်ချက်ကမရှိဘူး . ညအိပ်ယာ ၀င်ကတည်းက စဉ်းစားလိုက်မိတာ တစ်ခုကတော့ ဦးတည်ချက်မရှိတဲ့ ခရီးတစ်ခုကို သွားဖို.ပါဘဲ .. ယုံကြည်တာ တစ်ခုကတော့ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က ကျွန်တော်ကို စောင့်နေမယ် ဆိုတာပါဘဲ . သူ ဘယ်သူလဲ..သူ.မျက်နှာလေးကို ကျွန်တော်မြင်ချင်မိတယ်...သူအသံလေးကို ကြားချင်နေမိတယ်...

ယုံကြည်ချက်နဲ. မှိတ်လိုက်တဲ့ ကျွန်တော်ရဲ. မျက်လွှာလေးတွေဟာ မျက်ဝန်းအစုံကို အမြင်အာရုံနယ်ပယ် တစ်ခုသို. ခေါ်ဆောင်သွားပါတော့တယ်..ကျွန်တော်အနေနဲ. စိတ်ကူးနဲ.အိမ်မက်ဟာ လက်တွေ.မှာ တကယ်ဖြစ် မလားဆိုတာထက် အိမ်မက်လေးထဲမှာ ဖြစ်လာမယ့် အဖြစ်အပျက်လေးကိုဘဲ တောင့်တနေမိပါတယ် ..အိမ်မက်ရဲ. နယ်ပယ်ဟာ တဖြည်းဖြည်းနဲ. ကျယ်ပြန်.လာခဲ့တယ် ..အိပ်မက်ရဲ. အဝေးဆုံးနေရာဟာ ဘယ်နေရာ လဲ ...ဒီအဝေးဆုံးလို. သတ်မှတ်ထားတဲ့ နေရာတစ်ခုကို ရောက်ရှိဖို. ပြေးသွားလို.ရရင် ကျွန်တော်အနေနဲ. အပြေး ကလေး သွားလိုက်ချင်မိပါတယ်ဗျာ...ကြေကွဲမှုတွေ ၀မ်းနည်းမှုတွေ ပူဆွေးမှုတွေ မပါတဲ့ ကျွန်တော်ရဲ. မျှော်လင့်ခြင်း အိပ်မက်လေးပါ.. အိပ်မက်ထဲမှာ ကျွန်တော်ဟာ တစ်ခုခု ဖမ်းဆုပ်ရယူဖို. အလျင် လိုနေသလိုဘဲဗျာ ..သက်ပြင်းချမိတဲ့ အခါတိုင်းဟာလည်း အိမ်မက်ကို အရုပ်ဆိုးစေချင်တာ မဟုတ် ပါဘူး... ငိုကြွေးမှုကို မစတင်ခင်မှာ မျက်ရည်စတို. စုစည်းရပါတယ်..မျက်ရည်စတို. ဖြစ်တည်မှုဟာ စိတ်အာရုံရဲ. တိုက်တွန်းမှုကြောင့်ပါ ..အိပ်မက်ကို အသက်ဝင်စေဖို. ဖြစ်ပေါ်လာတဲ့ ကျွန်တော်ရဲ. မျက်ရည်စတွေ ဟာ မြေပေါ်ကို မခစေချင်ပါဘူး ..ကျွန်တော်ရဲ. ငိုကြွေးမှုဟာ တိတ်တခိုး ငိုကြွေးမှုပါ ... ကျွန်တော်ရဲ. အိပ်မက်လေးကို ဒီနေရာမှာဘဲ အဆုံးသတ်ပါတော့မယ် ခင်ဗျာ .....


အိပ်မက်ကို အဆုံးသတ်ရခြင်းအကြောင်း ။ ။ ကျွန်တော်ရဲ. အိပ်မက်လေး ဘယ်လို အဆုံးသတ်တယ် ဆိုတာကို ကျွန်တော်အနေနဲ. စာဖတ်ပရိတ်သတ်ကြီးကို ပြောပြချင်ပါတယ်ဗျာ . ဒါပေမယ့် တစ်ခါတစ်လေမှာ လူတစ်ယောက်နဲ. တစ်ယောက်ဟာ အတွေးအခေါ် အယူအဆ မတူတာနဲ.ဘဲ . အမြင်တစ်မျိုးပြောင်း သွားနိုင် ပါတယ်.. ကျွန်တော်ရဲ. အတွေးလေးဟာ ကျွန်တော်အနေနဲ. မှန်ကောင်း မှန်လိမ့် ပါ့မယ်.. တခြား တစ်ယောက်အနေနဲ. ကြတော့ မှန်ချင်မှလည်း မှန်လိမ့်မယ့်။

သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်.....

Snuo Mwoani CMT


Friday, August 24, 2007

Bird Of Smilester

ငှက်ကလေးသို.

ဝေဟင်မှာတောင်ပံဖြန်.ပြီး
ပျံတဲ့ငှက်ကလေး
သူ.တောင်ပံကသေးသေးလေး
ဒါပေမယ့် သူအသွင် ၀ံကြွားနေပုံပင်
ဝေဟင်ကြီးရဲ. လှည့်ကွက်တွေ
မင်းလေးတွေ.မှာစိုးရိမ်နေ
ငှက်ကလေးကိုတွေ.မိရင်
သတင်းစကားပါးလိုက်ချင်း
တွေ.ခဲ့မိရင်ပြောပေးပါ
သူ.သူငယ်ချင်း နွေလေညင်း
အလွမ်းတွေနဲ. ဆုခြွေရင်း
လွမ်းနေမိတယ် ငှက်ကလေးရယ်...... ။

လူတစ်ယောက်ရဲ. ခံစားချက်ကို ကျွန်တော်အနေနဲ. နားလည်ပေးချင်သလို လူအားလုံးရဲ. ခံစားချက်ကိုလည်း နားလည်ပေးချင်ပါတယ် ဗျာ.....။

Snuo Mwoani CMT

Wednesday, August 22, 2007

Tha Nat Khar



"နမ်းရှိုက်ခွင့်ကဘယ်တော့လဲ...."


သနပ်ခါးလေးရေ....
ကိုယ်ရဲ. နှလုံးသားဟာ
မြန်မာဆန်တဲ့ မင်းရဲ.
အလှတရားအောက်မှာ
အရောင်ပြောင်းခဲ့ရပါတယ်...။

ကိုယ်ရဲ. အသည်းဟာ
ပါးကွက်ကြားလေးနဲ.
မင်းရဲ. အပြုံးအောက်မှာ
ကြေမွပျက်စီးခဲ့ရတယ်....။

ကိုယ်ရဲ. ဘ၀ဟာ
မင်းရဲ. သနပ်ခါးရနံတွေအောက်မှာ
ရှုးသွပ်ခဲ့ရတယ်....။

ကောင်မလေးရေ
မင်းပါးပြင်က
သနပ်ခါးရနံလေးကို
နမ်းရှိုက်ခွင့်ရမယ့်အချိန်ကို
တိတ်တခိုးမျှော်လင့်ရတာလဲ
ကိုယ်ရင်မောလှပါပြီကွာ....။


ပါးပြင်မှာ သနပ်ခါးလေးနဲ. ချစ်စရာကောင်းပါစေ...။ (solar girl)

Snuo Mwoani CMT


Monday, August 20, 2007

For You



အိမ်မက်ထဲကကောင်မလေးအတွက်
ကျွန်တော်ရင်ထဲက ကဗျာ တစ်ပုဒ်


မမျှော်လင့်ဘူး ပြောပေမယ့်
ရင်ထဲ တစ်နေရာက
တိုးတတ်စွာ မျှော်လင့်မိပါတယ်...။
မရနိုင်ဘူး ပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာ လိုချင်မိပါတယ်.....။
မဖြစ်နိုင်တော့ဘူး ဆိုပေမယ့်
အသည်းတစ်နေရာက
မ၀ံ့ရဲ.စွာ တောင်းတနေမိတယ်..။
မဆုံနိုင်တော့ဘူး ထင်နေပေမယ့်
နှလုံးသားရဲ.
အနက်ရှိုင်းဆုံး တစ်နေရာက
ရှုးသွပ်စွာ ပြင်းပြစွာ
ဆုံးနိုင်ခွင့်ကို တမ်းတရင်း.....။

ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်တော့မယ်
ဆိုရင် လိုအပ်တဲ့ အချိန်အတိုင်းအတာ တစ်ခုတော့ ယူရစမြဲပါ...။

ဒီနေဟာ ကျွန်တော်ရင်ထဲမှာ အမှတ်တရရှိမယ်နေ.လေပါဘဲ

Snuo Mwoani CMT

Sunday, August 19, 2007

Rain

လူတိုင်း မိုးရဲ. အရသာနဲ. မိုးရဲ. အနံအသက်ကို ခံစားဘူးမယ်လို. ကျွန်တော်ထင်ပါတယ်...။ မိုးရဲ. အငွေ.အသက်ကိုပေါ့ဗျာ...။ မိုးရွာထဲမှာ အပျော်တမ်းလမ်းလျှောက် မထွက်ဘူးရင်တောင်မှ မိုးရေတော့စိုဘူးကြမယ်.။ တနည်းပြောရရင် မိုးမိကြဘူးမှာပေါ့ဗျာ

မိုး
ညိုကာမှောင်ရီ မကြာမီမှာ
ရာသီနှောင်းနွေ နေခဲ့နှုတ်ဆက်
မိုးတစ်စက်ဖြင့် ညှိ.သက်အပူဖြေပေးနိုး ။
ခြိမ်းလျက်ထစ်လျက် လျှပ်ရောင်ပြက်လည်း
တစ်စက်မရွာ မျက်နှာအပြောင်း
ဟန်ဆောင်ကောင်းသူ....။
ညိုမှောင်ဆိုင်းဆို. မှိုင်းဝေညို.လျက်
ဟိုမှာမှောင်ရီ ရွာတော့မည်လား
ယုံမှားမှတ်အောင်
ပြိုမယောင်နှင့် ဟိုတောင်ကမိုး
မာယာမိုးရေ
အငြိုးသို.၍ လှည့်စား၏သလော့...။

တစ်ကိုယ်ရေ တစ်ယောက်တည်း ဘ၀မှာ အားငယ်မှုနှင့်အတူ အိပ်ပျက်ညတွေပြေပျောက်ပါစေ....။
ကျခဲ့တဲ့ မျက်ရည်တွေ မိုးနှင့်အတူ မျောပါသွားပါစေ....။
မိုးနှင့်အတူ မျောပါသွားတဲ့ မျက်ရည်တွေ အငွေ. အဖြစ်နဲ.ပျောက်ပျက်ပါစေသား....။

မိုးရေတွေ စိုနေလို. ငိုနေမှာလား ?


I love walking

in the Rain

because no one


knows

i'm crying






Snuo Mwoani CMT

Wednesday, August 15, 2007

Feeling



ဤဘ၀တွင် ကျွန်ုပ်သည် အစွမ်းကုန် ခွင့်လွှတ်နားလည် ပေးတတ်ခြင်းအပြည့်နှင့် ချစ်သူကို ချစ်ခြင်းများ ပေးအပ်ပေးဆပ် ချင်ပါသည် ။ မေတ္တာတရားများလည်း ဤအချစ်တွင် ကိန်းဝပ်ပျော်ဝင်ပါစေသား…။ “အချစ်=အရှုံး” ဟုယခုအချိန်မှစ၍ မမြင်ချင်တော့ပါ..။ ကျွန်ုပ်၏ အချစ်သည် ယနေ.မှစ၍ မွန်မြတ်ဖြူစင်ပါစေသား..။ ချစ်သူသည် မည်သူကိုမဆို ချစ်နေပါစေ…ချစ်သူအား မည်သူပင် ပိုင်ဆိုင်ခွင့် ရရှိသွားကြပါစေ….ကျွန်ုပ်သည် ချစ်သူအား မည်သူမျှ နားလည်မပေးနိုင်သော အချစ်မျိုးနှင့် ဆက်၍ချစ်နေဆဲပင်…။ ချစ်သူသည် မိမိနှင့် တဖြည်းဖြည်းဝေးကွာသွားသော်လည်း အချစ်သည်အမြဲနီးကပ်ကာ သစ်လွင်၍ နေမြဲပင်..။ စိတ်ချင်းတို.သည်လည်း ဝေးကွားကောင်းဝေးကွာနေကြလိမ့်မည်..။ မည်သို.ပင်ဆိုစေ သတိမရတော့သည့်တိုင်အောင် မသိစိတ်တစ်နေရာတွင် အခိုင်အမာ နေရာတစ်ခုတော့ ရှိလိမ့်ဦးမည်သာ ။ အရင်အချိန်တုန်းက ကျွန်ုပ်သည် သာမန်သူများနည်းတူ အချစ်ကို အတ္တများနှင့် ရောစွက်စေခဲ့ဘူးပါသည် ။ ချစ်သူအား အစွမ်းကုန်ကြင်နာပြလျှက် သူဆီမှ အကြင်နာများလည်း မျှော်လင့်ငတ်မွတ်ခဲ့ဘူးပါသည် ။ သို.သော်လည်း ဟန်ဆောင်မှုများကို အရေခြုံစေလျှက် ရရှိခဲ့ဘူးပါသည် ။ ဤအတွက်လဲ ချစ်သူအား အလွန်ကျေးဇူးတင်မိပါသည် ။ ထိုနောက်တွင်တော့ ဥပေက္ခာများနှင့် သစ်စိမ်းချိုးချိုးပြန်လေသည် ။ ထပ်မံ၍ ကျေးဇူးတင်ရ ပြန်ပါသည် ။ လူလောကတွင် ပေးတိုင်းပြန်မရခြင်းဆိုသည့် ဥပေက္ခာ သဘောတရားများကို သူက လက်တွေ. သင်ကြား ပြသခဲ့ပါသည် ။ လောက၌ ကျွန်ုပ် အကြောက်ဆုံးအရာမှာ ချစ်သူ၏ အထင်သေးမှုဖြစ်ပြီး အဖြစ်ချင် ဆုံးမှာ သူအတွက် ရင်ဖွင့်ဖော် တိုင်ပင်ဖော် ကြင်နာဖေးမဖော်ပင် ဖြစ်သည် ။ သို.သော် ကျွန်ုပ်တို.ဝေးသွားကြပြီးမှ ပြန်၍စိတ်လည်ခဲ့လျှင် သာယာမှုနောက် တကောက်ကောက်လိုက်သည့် သာမန်လူများထဲမှ ခပ်ညံ့ညံ့ လူတစ်ဦးဟုသာ ထစ်ထစ်ချ ဆွဲချက်တင်သွားနိုင်သည် ။ ထိုကြောင့် အဝေးတစ်နေရာမှ တိတ်တခိုး အရသာကို ချိုမြိန်စွာဖြင့် တစ်သက်တာ စားသုံးသွားမည်ပင် ။ ကျွန်ုပ်၏ အချစ်၌ ရယူလိုမှုများလည်းမပါ…သာယာမှုများလည်းမရှိ…အတ္တများလည်း မပျော်ဝင် မနာလိုမှုများလည်း ပျောက်ဆုံးခဲ့လေပြီ…..။

ရန်ခုန်ခြင်းများလည်း အရင်လို မလျင်မြန်ချင်တော့ပေ….။
ရန်ခုန်ခြင်းများလည်း အရင်လို မရှင်သန်ချင်တော့ပေ…..။

သူပျော်ရွှင်နေလျှင် ကျေနပ်နေတော့မည် ။ သူဘ၀တောက်ပြောင်လာစေချင်သော ဆန္ဒများနှင့် ရှင်သန်နေထိုင်နေတော့မည် ။ ကျွန်ုပ်၏ အချစ်ကို သူအား နားမလည်စေလိုတော့ပါ ။ သူအားမပက်သက်ချင်သော သူတစ်ယောက်ဟုသာ မြင်သွားလျှင် ပို၍ကောင်းတော့မည် ။ နှစ်ယောက်လုံး၏ ဘ၀များ လှပ၍ သွားတော့မည် ။ ဘယ်သူမှ ရှင်းမပြဘဲ တွက်တတ်သွားတဲ့ ပုစ္ဆာလေး တစ်ပုဒ်ဖြစ်ပါစေ…။ ချစ်သူသည် သူ၏ ဆန္ဒတစ်ခုတစ်ခုအတွက်ဆိုလျှင် ကျွန်ုပ်၏ အချစ်ကို နောက်ပြောင် ကစားတတ်သည် ။ အပျော်တစ်ခုဟုသာ သူကသတ်မှတ်သည် ကျွန်ုပ်၏ ဂုဏ်သိက္ခာကိုတော့ သူဘယ်တော့မှ မကြည့်ပေမယ့် သူ၏အရှက်နှင့် သိက္ခာကိုတော့ အတ္တကြီးစွာ အထိခိုက်ပင် မခံချေ ။ သူကြောင့် ဘ၀တွင် တစ်စိတ်တစ်ပိုင်း ကြေမွသွားသော ကျွန်ုပ်အား အကောင်းဘက်မှပင်ကြည့်၍ ချစ်ခင်ကျေးဇူးတင်မိပါသည် ။ ကျွန်ုပ်အား သံယောဇဉ် အပိုမထားတတ်စေရန် လေ့ကျင့်သင်ကြားပေးခဲ့သောကြောင့် ဖြစ်ပါသည် ။ ထိုအပြင် သူသည် ပျော်ရွှင်စရာများကိုပေးရန် အလွန်နှမြောတွ.န်တိုတတ်သော်လည်း စိတ်ဆင်းရဲစရာ အပူအပင်များဆိုလျှင် ကျွန်ုပ်အား အမြဲပင် မျှဝေစားသုံးစေပါသည် ။ စိတ်ဆင်းရဲစရာ အပူအပင်များမှာ ဘာဗီတာမင်ဓာတ်ပါလဲတော့ ကျွန်တော်မသိပါ ။ ကျေနပ်စွာပင် ဖြေသိမ့်ဖော် တစ်ဦးနေပေးခဲ့ပါသည် ။ နောက်ပိုင်း၌ သူတွင် ချစ်ရသောသူတစ်ယောက်ရလာသောအခါ ကျွန်ုပ်၏ ရက်ပေါင်းများစွာ ပေးဆပ်မှုများသည် သူ၏သဘာဝကျစွာ ဖြေသိမ့်တတ်သည့် “ငါ ကလေးမဟုတ်ဘူး “ ဆိုသော စကားတစ်လုံးတည်းနှင့် ရိုက်ချိုးခြေမွခဲ့ဘူးပါသည် ။ အနာတရများ တဖြည်းဖြည်းများ လာသောအခါ ပူလောင်လှသော ဤအချစ်ကို ကြောက်၍ လာပါသည် ။ သူအား မုန်းတီးစက်ဆုပ်ကာ နာကျည်း၍ပင် သွားခဲ့ပါတော့သည် ။ သို.သော် စိတ်အစိုင်အခဲသည် မကောင်းမှန်းချက်ခြင်းသိကာ ဖျက်ဆီးပစ်လိုက်ပါသည် ။ ကျွန်ုပ်၏ ဂရုစိုက်မှုသည် သူအတွက်ပိုလျှံနေသောကြောင့် ပြန်၍ရုတ်သိမ်းလိုက်ပါသည် ။ အချိန်တွေ ကြာလာသည်နှင့်အမျှ သူသည် ကျွန်ုပ်၏ စိတ်ထဲ ဘ၀ထဲမှ တဖြည်းဖြည်းနှင့် လွင့်ပျောက်သွားမည်ဟု ကျွန်ု ယုံကြည်မိပါသည် ။


“အရိုးသားဆုံး ချစ်ခဲ့သူအတွက် ရရှိခဲ့တဲ့ ဆုလာလ်ဟာ အသည်းကွဲခြင်းလား”


Snuo Mwoani CMT

Tuesday, August 14, 2007

Happy Birthday My Dear Friend !

>လောကကြီးမှာ အသက် ၁၀၀ မနေရပေမယ့် အမှု ၁၀၀ တော့ ရင်ဆိုင်ရတယ် .။ ငွေ ၁၀၀ ရှိဖို. မလို.ပါဘူး....ဒါပေမယ့် သူငယ်ချင်းကောင်း ၁၀၀ ရှိဖို.တော့ လိုတယ်နော်...။

"မွေနေ.လက်ဆောင်စာမွန်လွှာ"

"စိတ်ထားခိုင်ခိုင်ထားနိုင်လျှင်"

တိုက်ပွဲမပြီး ၊ သင်မငြီးနှင့်
ခရီးကကြမ်း ၊ သင်မပန်းနှင့်
ဘ၀ကိုတွေး ၊ သင်မဆွေးနှင့်
စိတ်ထားခိုင်ခိုင် ၊ သင်ထားနိုင်လျှင်
လိုရာပန်းတိုင် ၊ ရောက်လိမ့်မည်။

"လူ"

@..လူဆိုသည်မှာ လုပ်သင့်တာကို ကောင်းစွာသိရမည်။
@..ထက်မြက်စွန်.စား စိတ်စွမ်းအား မြင့်မားရမည်။
@..ဆရာမိဘ ပြောသမျှ ဆုံးမနာယူသည်။
@..အသိအကျင့် ၊ ဘက်စုံမြင့် ၊ ဆင့်ဆင့်ပညာပွားရမည်။

"ရေစုန်ကိုဆန်နိုင်လျှင်"

တစ်ကြိမ်ရှုံးလည်း အပြုံးမပျက်
ရှေ.သို.ဆက်၍ ၊ လိုချက်ကိုသာ ၊ စွဲမြဲစွာဖြင့်
ထပ်ခါမနှေး ၊ အားသစ်မွေးလော့ ။
တစ်ခါပျက်လည်း ၊ ဆက်၍ခါခါ
ဇွဲကြီးစွာဖြင့် ၊ ထပ်ခါမနှေး ၊ အားသစ်မွှေးလော့ ။
ဘယ်လိုပျက်ကာ ၊ ဆုံးရာဘ၀ ၊ ရောက်ချေကလည်း
မြဲလှပိုင်ပိုင် ၊ ဇွဲကိုကိုင်လော့ ။
ဇွဲကိုကိုင်လို. ၊ ထိုလူသားတို.
ကြွားကြွားဝံ့ဝံ့ ၊ နောက်မတွန်.ဘဲ
စွန်.စွန်.စားစား ၊ ကြိုးကုတ်ငြားက
ထွဋ္ဋ်ဖျားမဏ္ဍိုင် ၊ ထိုပန်းတိုင်ကို
လက်ဝယ်ကိုင်မိ ၊ သင်ရရှိက
သတိနှင့်သာ ၊ ကြိုးပမ်းပါလော့ ။

ကိုယ့်ဘ၀ကို နားလည်ခံစားပေးတတ်တဲ့ မိတ်ဆွေကောင်းတွေ ရှိနေခြင်းဟာ ဘ၀ရဲ.အားဆေးတစ်ခွက်ပါပဲ ။ ဘယ်လိုလူဟာမိတ်ဆွေကောင်းလဲ ? အခက်အခဲဖြစ်နေချိန် ၊ ကိုယ်စိတ်မချမ်းမသာဖြစ်နေချိန် ၊ သုဿန်တစ်စ သင်္ချိုင်းဝရောက်နေချိန်စတဲ့ ကိုယ့်မှာစိတ်လက်မအီမသာဖြစ်နေချိန်မှာ ကိုယ့်အနားမတ်မတ်ရပ်နေသူဟာ မတ်ဆွေကောင်းပေါ့ ။ သူငယ်ချင်းတို. Physics မှာ အပူဟာ စွမ်းအင်ထုတ်ပေးနိုင်တယ် ။ တို.ဘ၀မှာလည်း အခက်အခဲ ပြဿနာ အပူတွေကနေ ငါတို.ရဲ့  စွမ်းအင်တွေ အရည်အသွေးတွေကို ထုတ်ပေးတယ် ။ မင်းတို.အားလုံး လောကရဲ. အဖိုးတန်ဆုံးဖြစ်တဲ့ ရိုသားမှုကိုပိုင်ဆိုင်တဲ့ စိတ်ထားမွန်မြတ်တဲ့ အားလုံးအတွက် တာဝန်ကျေနိုင်တဲ့ ပျော်ရွှင်သော အဖိုးတန်လူသားများ ဖြစ်နိုင်ကြပါစေ ။


သူငယ်ချင်းအားလုံးကို ထာဝရခင်မင်လျှက်

Snuo Mwoani CMT

For My Love

သူကိုချစ်မိတာ အပြစ်ဆိုရင် ကျွန်တော်ဟာ အပြစ်ရှိသူတစ်ယောက်အဖြစ် ကျေနပ်စွာ လက်ခံလိုက်မယ်...
မိုင်ပေါင်းကုဋေ ဝေးကွာနေလဲ
ရင်မှာအမြဲ သူရှိနေဆဲ
သူကိုတမ်းတ လွမ်းရရက်နဲ.
အိပ်ပျက်ညတွေ အသင်္ချေ...။
လရောင်တောက်ပ လရောင်ခမှ
မှေးစက်မျက်လုံး ပွင့်ကာပြုံးတော့
လရဲ.ရောင်ခြည် မျှော်ကာသီမှ
မော့ကာကြည့်ခဲ့ လရဲ.အပြုံး
နှုတ်ဆက်အနမ်း ရင်မှာလှိုက်ထွေး
လရောင်ထွေးမှ နွေးလှပါ၏
မျှော်ကာမိသည် လမင်းဆီသို.
နေနိုင်သူလို. ကျွန်တော်မဆို
လမင်းမြင်တိုင်း ရင်မှာလှိုက်ဖို.
လမင်းကိုမှန်း သူကိုလွမ်းလား
ကောင်းကင်ကမည်း မိုးတွေကသည်း
ရင်ထဲမှာလည်း သူကိုတမ်းတ
လွမ်းရရက်ရှည် ဖွဲ.ကာသီလည်း
ကဗျာမမီ စာမမီခဲ့
ရင်မှာလွမ်းချင်း တမ်းချင်းတေးကို
မည်သူမီအောင် ဆိုပေးနိုင်ပ
မီမယ်မထင် ပြောကြားစေချင်
မိုးစက်တစ်ပေါက် ကျကာရောက်မှ
သတိသင်္ချေ ၀ိဥာဉ်ရွေ.လျား
လာစေချင်သည်
ကျွန်တော်၏ ရင်ခွင်ဆီသို.......

လှသောပန်းတိုင်း မွှေးပါစေ....။
မွှေးသောပန်းတိုင်း လှပါစေ......။

Snuo Mwoani CMT

Sunday, August 12, 2007

What is love



ဒီနေ့ ကျွန်တော်ကို ကောင်မလေး တစ်ယောက်ကမေးတယ်။ အချစ်ဆိုတာဘာလဲတဲ့....ကျွန်တော်လည်း အချစ် ဆိုတာ ဘယ်လိုအရာကြီးဖြစ်တယ် ဆိုတာကို သူကို ဘယ်လို ပြန်ပြောပြ ရမှန်းကို မသိဘူးဗျာ..အချစ်ရဲ့  အနက်ကို ခံစားချက်ရှိတဲ့ လူသားများကလည်း အမျိုးမျိုးပောကြတယ်ဗျာ...ကျွန်တော်ကတော့ ဘယ်လိုပြောရမှန်းမသိပါဘူးဗျာ.. ခံစားချက်ကိုယ်စီနဲ. အသက်ရှင်နေကြတဲ့ လူသားတွေမှာ တစ်ယောက်နဲ့  တစ်ယောက်ဟာ အတွေးအခေါ်ခြင်း မတူညီကြသလို ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချ က်လေးတွေလည်းမတူညီကြပါဘူး....ဒါမို.လို.လည်း အချစ်ဆိုတာကြီးကို အမျိုးမျိုးပြောနေကြတာနဲ. တူပါတယ်ဗျာ...အချစ်ဆိုတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီးမှ အိမ်ထောင်ရေးဆိုတဲ့ ဆိပ်ကမ်းကို ဆိုက်တာအကောင်းဆုံးပါဘဲဗျာ..။ ဒါကတော့ ကျွန်တော်အထင်ပြောတာပါဗျာ့...ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ် ။ ဒါပေမယ် ကျွန်တော်ရေး ထားတာကို ဂရုတစိုက် ဖတ်တယ်ဆိုရင်ဘဲ ကျေနပ်လှပါပီဗျာ...

အတွေးလေးတစ်ခုနဲ.ကျွန်တော်....

Snuo Mwoani CMT

Love


သိပ်ချစ်နေမိတဲ့အခါ
ကိုယ်ချစ်တဲ့သူ
ဘာတွေပဲလုပ်လုပ်
စိတ်ထဲက အလိုလို
ခွင့်လွှတ်နားလည်နေမိတယ်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
အရာရာဟာ ပြီးပြည့်စုံခဲ့ပါတယ် ..

အချစ်=မွန်မြတ်ဖြူစင်ခွင့်လွှတ်တတ်ခြင်း

အစနဲ့  အဆုံးဆိုတာ နီးနီးလေးပါ ။ ဒါပေမယ့် အစကနေ အဆုံးအထိ လျှောက်ရတာ ပင်ပန်းပါတယ် ။ ဖြစ်နိုင်ရင်နောက်ကိုလှည့်လိုက်ပါ မင်းအတွက် စမှတ်ရဲ့ အဆုံးမှာ အချစ်စစ်တစ်ခုနှင့် ရောက်နှင့်နေတဲ့သူဟာ ကျွန်တော်ပါ ။ ဆက်လက်ခံစားပါအုံးမည်.....

Snuo Mwoani CMT

Thursday, July 26, 2007

My Love

အထီးကျန်မျှော်လင့်ချက်နှင့်အတူ
ရေစီးကမ်းပြိုဖြစ်နေတဲ့
ဘ၀အကြောင်းတော့
စာလုံးပေါင်းပြမနေချင်တော့ပါဘူး
တော်ရာမှာနေနေရတာကြာပါပြီ
ပျော်စရာဆိုတာ ဘယ်မှာလဲ
အချိန်ရှိတိုင်း သတိရတတ်တဲ့
အသိမဲ့ နှလုံးသားလည်း
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်လို
သံစဉ်တွေပျောက်ရှ
အားလုံးကမောက်ကမ တွေ ဖြစ်ကုန်ပီ
သြော်....ဒါပေမယ့်
နွေလဆိုတာရှိနေသမျှတော့
ပုရစ်ဖူးလေးတွေ နုမြဖို.
မျှော်လင့်မိပြန်ပါသေးတယ်
ဒါကိုမှ မယုံရင်တော့
ဒီမှာကြည့် သက်သေပြစရာဆိုလို.
ဟောဒီ အချစ်ကဗျာလေးတွေနဲ.
ကို့  .. ရင်ထဲကအချစ်တွေပဲ

Snuo Mwoani CMT

Monday, July 16, 2007

Blog, Blogger, Blogging

"Blog, Blogger, Blogging ဆိုတာဘာလဲဟဲ့"Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ log ကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။Blog ဟာ အင်တာနက် စာမျက်နှာတွေ ထဲကတခု ဖြစ်ပေမယ့်၊ သူ့မှာ အစီအစဉ် တကျ စီစဉ်ထားတဲ့ နေ့ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်၊ အမျိုးအစားများ အလိုက်၊ ပုံစံတူများ အလိုက်၊ စသည်ဖြင့် စနစ်တကျ ပါရှိ ပါတယ်။ Blog တစ်ခုကို ဖန်တီးဖို့ Html ၊ java script စတဲ့ ၀ဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြား နေစရာ မလိုဘဲBlog host များက ပေးထားတဲ့ စာမျက်နှာများမှာ လွယ်ကူစွာ အဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။ နောက်ပြီးတော့ လာရောက် လည်ပတ်ကြသူတွေ ကိုလည်း ပွင့်လင်းစွာ၊ အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင် စီစဉ်ထားပေး ထားတာဟာ တခြားသော အင်တာနက် စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။Webster အဘိဓာန်မှာတော့ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ် တင်ထားတဲ့ ကိုယ်ရေး ကိုယ်တာတွေလို့ ဖွင့်ဆို ထားပါတယ်။ ဒါကြောင့် တချို့သော သူများက Blog ကို အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ် ကိုယ်ရေး မှတ်တမ်းများလို့ မြန်မာလို အတတ်နိုင်ဆုံး တူအောင်၊ ဆီလျော်အောင် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။BLog မှာ မိမိ ရေးသား ထားတာတွေကို မိမိတစ်ဦးတည်းသာဖတ်ရှု နိုင်စေရန်၊ မိမိရဲ့ Blog ကို တပါးသူများ မဖတ်ရှု နိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား ထားသူများသာ ၀င်ရောက် ဖတ်ရှုနိုင်ရန် တားဆီးထားနိုင်သလို၊ လူအများ ၀င်ရောက် ကြည့်ရှု နိုင်အောင်လည်း ဖွင့်ထား ပေးနိုင်တဲ့ အတွက် အဆင်ပြေလှပါတယ်။ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေ ၀င်ရေးနေပါသလဲ၊ တိုးတက်သော နိုင်ငံတွေရဲ့ လေ့လာချက်အရ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်း သံဃာတွေ ကစပြီး နိုင်ငံရဲ့ တာဝန်တွေကိုအမြင့်ဆုံး ယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတ အထိ Blog စာမျက်နှာတွေ ကိုယ်စီ ရှိကြပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ နဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါ ကိုယ်ပိုင် Blog တွေကို ရေးသား လာကြပါတယ်။ မကြာခင်မှာ မြန်မာ ဘလော့ဂ်တွေလည်း အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ ကြတော့မှာ ဖြစ်ပါတယ်။Blogger ဆိုတာကတော့ Blog တခုမှာပါဝင် ရေးသားနေသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကို Technorati ( http://www.technorati.com ) ကုမ္မဏီက ကောက်ယူ ခဲ့ရာမှာ တစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ ဆိုတာ တွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက် တနေ့ပိုများ လာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စား ကြပါသေးတယ်။မြန်မာ Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေ အများအပြား ရှိနေတာဟာလည်း မြန်မာစာပေလောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blog စာရေးဆရာ တွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်းရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာ ရသမြောက်လွန်းလို့ အံ့မခန်း လေးစားထိုက်သလို၊ သူ့ထက်ငါ တနေ့ထက်တနေ့ လက်စွမ်းပြ နေကြတာကိုက တရုပ်သိုင်းကား ကြည့်နေရသလိုလို၊ ကိုရီးယားကား အခန်းဆက် ဇာတ်ကား ကြည့်နေရလို ဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......Blogging ဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို ခေါ်တာပါ။ နောက်ပိုင်း မှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက် ထားပြီး ဆွေးနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။ဒါဆိုရင် Blog မှာ ဘာတွေကို ရေးသားကြ၊ ဘယ်လိုအမြင်တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာ ဖြတ်သန်းသွားလာမှု၊ ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ် ချက်တွေ၊ နည်းပညာဆိုင်ရာ သင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်ကစလို့၊ နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာ လာရောက်ရေးသား ရင်ဖွင့်ကြ၊ မှတ်တမ်းတင်ကြ၊ ဝေမျှကြ နဲ့ အကြောင်းအရာကဏ္ဍ စုံလင်လှပါတယ်။ Blog မှာ ဓါတ်ပုံများနဲ့ မှတ်တမ်းတင် ထားတဲ့ photoblog ကစပြီး၊ ဗီဒီယို မှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွား မှတ်တမ်းများ၊ နည်းပညာ ဆိုင်ရာ အခြေအနေများ စသည်တို့ကို လျင်လျင်မြန်မြန်နဲ့ ထိထိ ရောက်ရောက် ရေးသား လွှင့်တင် နိုင်ကြတဲ့အတွက် Blog လောကဟာ တနေ့ထက်တနေ့ ပိုမို ကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ တချို့သော နိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သော ၀တ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့ သာမန်လို့ သာပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ "မာမီက ပြောတယ်၊ ဒီနေ့ မိုးရွာမယ်တဲ့" စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူထု အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။ ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။Blog ရဲ့ထူးခြားချက်က ဘာ အကန့်အသတ် အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ ထိန်းသိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာ များလို့ မကျေနပ်တဲ့ လူတွေ ဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပါပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အဝ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။မီဒီယာ လောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ "ခရာ မှုတ်သူ"(whistle blower) အခန်း ကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့ မီဒီယာ တော်တော်များများက ဖြုံကြပါတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ 'တံခါးဖွင့် စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမ' (open-source newsrooms) တွေ အွန်လိုင်း ပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger တွေရဲ့ကျေးဇူးကြောင့်လို့ ပြောစရာ ရှိပါတယ်။ အီရတ်စစ်ပွဲ အကြို ကာလလောက်ကစပြီး မီဒီယာလောကသာ မကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့် လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထား အမြင်တွေဆိုရင် စစ်မဟာဗျူဟာ ပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။ ပညာရှင် တချို့ကဆိုရင် ဘလော့ဂါ တွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံး နေကြတဲ့ ပထမဆုံး 'ခရု ဆိတ်တာ' တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် ကျယ်ပြန့် လာတာတော့ သေချာပါတယ်။ အခုလောလောဆယ် ဝက်ဘ်ဆိုက် ပေါ်မှာ ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ ပရိတ်သတ် (၃၂) သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့ တိုင်းမ် ဂျာနယ်လစ် 'တောမတ် ဖရီးမင်း' ကတော့ Blog လှုပ်ရှားနေမှုကို 'တံခါးမရှိ၊ ဓားမရှိ စူးစမ်း လေ့လာရေး' (open-source) လို့ အကဲဖြတ်သလို၊ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ နည်းပညာလှိုင်းရဲ့ ရိုက်ချက်တစ်ခု လို့လည်းဆိုနေပါကြောင်းပါကြောင်း ခင်ဗျာ။ ဒီ post လေးကို http://kminnkyaw.blogspot.com/ မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။

Monday, January 1, 2007

For CAPRICORN



Capricorn ( မကာရရာသီဖွား ) များအတွက်

ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ အတွင်းမွေးသော သူများကို မကာရရာသီဖွား CAPRICORN များဟု သတ်မှတ်သည် ။ ကျွန်တော် ဘလော့ခ် မှာ အခုတင်ပေးမယ် အကြောင်းအရာကတော့ ကျွန်တော်တို. မကာရရာသီဖွား များအတွက် အချစ်ရေး မေတ္တာရေး အကြောင်းပါ ။

နားလည်သလိုသာ ဖြေကြပါ ။ ဖြေသာသလိုသာ ဖြေကြပေတော့ ။ ဝေဒနာရှိနေပီဆိုရင်လည်း ဒီစာလေးနဲ. ဖြေကြပါတော့ မကာရရာသီဖွား တို.ရေ..ယခု ၂၀၀၇ ခုနှစ်အတွင်း အချစ်ရေး မေတ္တာရေး ကတော့ ဒီလိုပါတဲ့ ခင်ဗျာ .....

ယခုနှစ်သည် မကာရရာသီဖွားများ စန်းကောင်း၍ လူချစ်လူခင် များမည် ။ ချစ်သူခင်သူများ ၀န်းရံနေသည် ။ အချစ်ရေး မေတ္တရေး ကိစ္စများသည်လည်း ချောချော မွေ.မွေ. အဆင်ပြေမည် ။ နှစ်ဦးကြားတွင်လည်း ကြီးမားသော ပြဿနာများ မရှိ ။ သိုသော် အကြောင်း အမျိုးမျိုးဖန်လာပြီး ချစ်သူတစ်ဦးတစ်ယောက်နှင့် ကြာကြာမြင့်မြင့် မေတ္တာမျှခွင့် မရှိသလိုဖြစ်မည် ။ ရုတ်တရက် အဆက်အသွယ်ပြတ်ပြီး မကြာမှီအတွင်း အခြားသူတစ်ယောက်နှင့် မေတ္တာမျှသွားသောကိန်းမျိုး ကြုံနိုင်သည် ။ မိမိကလက်တွဲမည် ၊ အိမ်ထောင်ပြုမည် ဟု ချိန်ဆလိုက်ရုံနှင့် ထိုတစ်ယောက် အလွန်စန်းပွင့်၍ အိမ်ထောင်ကျသွားတတ်သည် ။ မိမိချစ်သူသည် မိမိနှင့်တွဲမှ ပို၍ စန်းပွင့်သလို ကြုံမည် ။ တည်တည် တံ့တံ့ ရေရှည်လက်တွဲလာသည့် ချစ်သူများသည်ပင် ၂၀၀၇ အတွင်း လက်တွဲ ဖြုတ်၍ အခြားသူနှင့် လက်ထပ်သွားကိန်း ကြုံမည် ။


မကာရရာသီဖွား အားလုံးတို.သည် မေတ္တာရေးတွင် အလွန်လေးနက်စွာ ခံစားချစ်ခင်တတ်သူများ ဖြစ်သည် ။ အချစ်အတွက် ဘ၀ပုံပေး ၊ အနွံအတာခံ ၊ အနစ်နာခံတတ်သော သဘာဝရှိသည် ။ တစ်ပါးသူ၏ ခုတုံးလုပ်မှု ၊ မိမိအသည်းနှလုံး ၊ အချစ်တို.အား ငြမ်းပြု၍ ဘ၀တိုးတက်မှု ရှာဖွေသည့် သူများနှင့် မကြာခဏ တွေ.ကြုံရမည် ။ အသုံးချ ခံရတတ်သည် ။ လိုသောအခါ မိမိအား ချဉ်းကပ်၍ အလိုပြည့်လျှင် ပစ်ခွာသွားသောသူများနှင့် တွေ.ကြုံဆုံဆည်း ရတတ်သည် ။
၂၀ . ၂ . ၀၇ မှ ၂၀ . ၃ . ၀၇ ကြား
၂၀ . ၉ . ၀၇ မှ ၂၀ . ၁၀ . ၀၇ ကြား
၂၁ . ၁၁ .၀၇ မှ ၂၀ . ၁၂ . ၀၇ ကြား ကာလများသည် အချစ်ရေးကံခေ၍ အသည်းကွဲ ၊ ၀မ်းနည်းကြေကွဲ ရခြင်းများ ကြုံနိုင်သည် ။ စိမ်းကားရက်စက် ခံရတတ်သည် ။ အလွမ်းနှင့် အမုန်း ယှဉ်တွဲပြီး ခံစားရသော ကာလဖြစ်မည် ။ ဖြေရှင်းခြင်း လုံးဝမရှိဘဲ သစ်စိမ်းချိုးချိုး၍ ရှောင်ဖယ်သွားသူများနှင့် ကြုံတတ်သည် ။
၂၁ . ၃ . ၀၇ မှ ၂၀ . ၄ . ၀၇ ကြား
၂၁ . ၄ . ၀၇ မှ ၂၁ . ၇ . ၀၇ ကြား
၂၁ . ၁၀ . ၀၇ မှ ၂၁ . ၁၁. ၀၇ ကြား ကာလများတွင် ကာလများတွင် ရှားရှားပါးပါး မေတ္တာကံကောင်းခြင်း ကြုံမည် ။ ထိုကာလတွင် ပေါ်ပေါက်သော မေတ္တာသည် တစ်ဦးနှင့် တစ်ဦး ကြေငြာ၍ အချစ်ကမ္ဘာသခင် စတင်တည်ဆောက်သူများ လက်တွဲမြဲကြမည် ။ လူချစ်လူခင်ပေါများ၍ အလွန် စန်းပွင့်မည် ။ အချစ်နှင့် ပက်သက်သည့် ကိစ္စရေးရာမှန်သမျှ ချောမွေ. အဆင်ပြေခြင်း ၊ ဘ၀အေးချမ်းခြင်းများ ကြုံမည် ။ တစ်ဦး နှင့် တစ်ဦးကြား ဖြစ်ပေါ်နေသည့် နားလည်မှု လွှဲမှားခြင်းနှင့် ပဋိပက္ခများ ပြေလည်စွာ ဖြေရှင်းနိုင်ပြီး သင့်မြတ် အေးချမ်း သွားမည် ။ လူလွတ်များ အိမ်ထောင် ကျမည် ။


အမည်အတွင်း ( စ၊ ဆ၊ ဇ၊ ယ၊ ရ၊ လ)ပါသောသူများနှင့် အချစ်မေတ္တာ မျှနေသူများ ကံဆိုးမည် ။ အချစ်ကြောင့် ရူးသွပ်မတတ် စိတ်သောက ခံစားရမည် ။ အမည်အတွင်း ( က၊ ခ၊ ပ၊ ဖ၊ မ) ပါသောသူများနှင့် ချစ်ကျွမ်းဝင်သူများကား အလွန်ကံကောင်းပေမည် ။ အဆင်ပြေမည် ။ တူညီသော အချစ်တုံ.ပြန်မှု ၊ နားလည်သဘောပေါက်မှုများ ရရှိမည် ။ အသက် ၂၈ မှ ၃၁ ကြား ၊ ၃၅ မှ ၃၉ ကြား ၊ ၄၁ မှ ၄၅ ကြား ရောက်ရှိနေသည့် မကာရရာသီဖွား အပျိုကြီး ၊ လူပျိုကြီးများ ထူးထူးခြားခြား အချစ်ကံ ကောင်း၍ သူတစ်ပါးမှ အားကျလောက်အောင် တင့်တယ်လှသည့် ဘ၀အဖော်မွန် ရရှိမည် ။ အေးချမ်းသာယာသော အိမ်ထောင်ရေးကို ဖန်းတီးနိုင်သည့် ဖူးစာဖက်နှင့် ဆုံမည် ။


တိုက်ဆိုင်မှုလား ...သံသယ ၀င်မှုလားမသိတဲ့ ကျွန်တော်

Snuo Mwoani CMT