Friday, January 27, 2012

Ubuntu for Non-Geeks A Pain-Free

Ubuntu for Non-Geeks A Pain-Free, Get-Things-Done Guide, 4th Edition
Free Download


Sunday, January 8, 2012

မေတ္တာတရားတော်

ယနေ့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ၊ ၈ ရက်နေ့၊ တနင်္ဂနွေနေ့မှာ မွေးနေ့အထိမ်းအမှတ်အဖြစ် MIET တက္ကသိုလ်၊ ဘုရားခန်းမှာ စုပေါင်းနာယူဖြစ်တဲ့ တရားတော်ကတော့ သီတဂူဆရာတော် အရှင်ဉာဏိဿရ ဟောကြားတော်မူသော မေတ္တာတရားတော် ဖြစ်ပါတယ်။ ဒီတရားတော်မှာ ဆရာတော်က မေတ္တာတရားရဲ့  အဓိပ္ပာယ်ကို နားလည်အောင်၊ သတ္တ၀ါတွေအပေါ်မှာ မေတ္တာ ဘယ်လိုထားရမယ်ဆိုတာကို တရားနာတဲ့ သူတွေ နားလည်အောင်၊ သဘောပေါက်အောင် စိတ်ရှည် လက်ရှည် စေတနာပါပါဟောကြားထားပါတယ်။ ဤတရားကို နာယူရတဲ့အတွက် ဆရာတော်ကြီးအား လည်း ကျေးဇူးတင်ရှိပါတယ်။ ဤတရားပွဲ ဖြစ်မြောက်အောင်ကျင်းပပေး သောအလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်။ ဤတရားကို အင်တာနက် ပေါ်တွင် လွှင့်တင်ပေးသော ဝက်ဆိုက်မှ အလှူရှင်များအားလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကို လူလောကသို့ မွေးထုတ်ပေးလိုက်သော မွေးမိခင်၊ ဖခင်တို့အားလည်း ကျေးဇူးတင်ရှိပါသည်။

ဤတရားကိုနာယူပြီး အလွန်သဘောကျတဲ့အတွက် ကျွန်တော့်မွေးနေ့မှာ အမှတ်တရအဖြစ် အပတ်စဉ် ဘုရားရှိခိုးပြီးရင် ဒီတရားလေးကို ကျန်တဲ့ သူငယ်ချင်းတွေ၊ ညီလေးတွေကိုလည်း နာစေ ချင်တဲ့ စေတနာ လေးဖြစ်သွားတယ်။ ဒါကြောင့် ဒီတရားကို ကျွန်တော် အခြားလူတွေကို မနာယူခင် မှာ မိမိကိုယ်တိုင် အကြိမ်ကြိမ် နာပါတယ်။ တရားထဲမှာပါတဲ့၊ ဆရာတော်ဟေားထားတဲ့ မေတ္တာ အကြောင်းလေးကို ကျွန်တော် နားလည်းသလောက်၊ သဘောပေါက်လောက်ကလေး၊ အရေးကြီး တယ်လို့ ထင်တဲ့အချက် အလက်ကလေးတွေကို ထုတ်ပီး စာပြန်ရိုက်ဖြစ်ခဲ့ပါတယ်။ အရေးကြီး တာကတော့ တရားတစ်ပုဒ်လုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က အကျဉ်းချုပ် အနေဖြင့် နားလည်သလောက် ပြန်လည် ရေးသားထားခြင်းဖြစ်ပါသည်။ တရားကို အကျယ်ဖြန့်ရာ၌ လိုအပ်ချက်များရှိပါက ကျွန်တော်၏ ညံဖျင်းမှု ကြောင့်သာ ဖြစ်ပါသည်။ တရားနာ ပရိတ်သတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

မေတ္တာ တရားတော်စစချင်းမှာ ဆရာတော်ကြီးက ၃၁ ဘုံ၊ အရပ် ၁၀ မျက်နှာသို့ မေတ္တာဓာတ်တွေ ပို့လွှတ်ပြီး မေတ္တာအဓိပ္ပာယ်ကို ယနေ့ လူတွေနားလည်သဘောပေါက်တဲ့ မေတ္တာသည် ချစ်တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ကြောင်း ဟောကြားထားပါတယ်။ မေတ္တာသည် မေတ္တာပေးသူနှင့် မေတ္တာယူသူတို့အကြား အပိုင်းအခြားအကန့်အသတ်မရှိ။ မေတ္တာတရားမှာ ခြားနားချက်က ဒေါသပြင်းထန်သော ပုဂ္ဂိုလ်သည် လိုတစ်မျိုး၊ မလိုတစ်မျိုး ခြားနားတတ်သော်လည်း၊ မေတ္တာသမားသည် ဒေါသကင်းသော ပုဂ္ဂိုလ်သည် သိသူနှင့် မသိသူ၊ မြင်းဘူးသူနှင့် မမြင်ဘူးသူ၊ အဝေးနေသူနှင့် အနီးနေသူ၊ ဆွေမျိုး တော်စပ်သူနှင့် မတော်စပ်သူ၊ ထိုသူတို့အကြား၌ ခြားနားချက်မရှိပဲ တညီတည်းဖြစ်ပါစေဆိုတဲ့ မေတ္တာမျိုးရှိသည်။ အဓိပ္ပာယ် ကို ရှင်းရှင်းလင်းလင်းသဘောပေါက်စေရန် ဆရာတော်သည် သား တစ်ယောက်တည်းရှိသော မိခင်၏ မေတ္တာဖြင့် ဥပမာပေးဟောကြားထားပါတယ်။

သားတစ်ယောက်တည်းရှိသောမိခင်သည် မိမိ၏ ချစ်လှစွာသော ကိုယ်တိုင်လွယ်၍ မွေးလာခဲ့ရသော တစ်ယောက်တည်းသော သားအပေါ် အသက်နဲ့ထပ်တူပြု၍ အသက်လောက်ချစ်ရတဲ့၊ အသက်စွန့်ပြီး ချစ်ရတဲ့ မိခင်စိတ်ထားကို ဥပမာပေးထားပါတယ်။ ဘယ်လောက်တောင် သားလေးအပေါ်မှာ ချစ်သ လည်းဆိုရင် ကိုယ့်အသက်ကိုချစ်တာထက်တောင် ပိုသေးတယ်။ အကြွင်းမရှိသတ္တ၀ါတွေအပေါ်မှာ သားတစ်ယောက်ကိုချစ်သကဲ့သို့ ပိုင်းခြားကန့်သတ်ချက်မရှိသော မိခင်စိတ်နှင့်တူလှစွာသော မေတ္တာဖြင့် မေတ္တာထားတတ်စေလိုပါသည်။ သားကလေးကို ရင်ခွင်မှာ နို့ချိုတိုက်ကျွေးနေသော မိခင်သည် သားအပေါ်ချစ်ရာ၌ မသန့်ရှင်းသောချင်ခြင်းမျိုး(တဏှာရာဂ) မရှိ။ သန့်သန့်ရှင်းရှင်း ချစ်ခင်မှုမျိုး၊ မိမိအတွက် မျှော်လင့်ချက်မထားပဲ၊ မိမိကလေးအတွက် ကောင်းကျိုးကို သာမျှော်လင့်၍ ချစ်တဲ့ မေတ္တာမျိုး ဖြစ်သည်။ သွေးချင်းချင်းနီနေသော ကမ္ဘာလောကကို သန့်ရှင်းဖြူစင်စေဖို့ ဆိုတာဟာ ဒေါသနဲ့ဖန်တီးသမျှ ဘယ်တော့မှ သန့်ရှင်းစင်ကြယ်ခြင်း၊ အေးချမ်းခြင်းဆိုတာ မဖြစ်နိုင်ဘူး။ ကြမ်းတမ်းတဲ့စိတ်ဓာတ်တွေကို ယဉ်ကျေးဖို့ မေတ္တာတရားနဲ့ ကြိုးစားရမှာ ဖြစ်တယ်။ ဒေါသကင်းသော စိတ်သည် နူးညံလာသည်။ ယဉ်ကျေးလာသည်။ ဖြောင့်မတ်လာသည်။ ရိုးသားလာသည်။

မေတ္တာသည် မိခင်စိတ်မျိုး၊ အမေ့စိတ်မျိုးဖြစ်သည်။ မိမိရင်ခွင်ထဲ၌ ရှိသော သားငယ်သည် မိမိအား ကုတ်သည် ဖြစ်စေ၊ ကျင်ကြီး၊ ကျင်ငယ်စွန့်သည်ဖြစ်စေ၊ မိမိချစ်သော သားအပေါ်၌ စိတ်ဆိုးခြင်း၊ ဒေါသ ထွက်ခြင်းမရှိသကဲ့သို့ ၃၁ ဘုံသော သတ္တ၀ါတို့အပေါ်၌ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းမရှိပဲ မေတ္တာထားရန် လိုအပ်ပါတယ်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ စိတ်မဆိုးသည့် သဘောသည် မေတ္တာ(အဒေါသ စေတသိတ်) မေတ္တာ အစစ်သည် ဘာအကြောင်းကြောင့်မှ ဘယ်သူ့ကိုမှ မမုန်းဘူး၊ ဘာအကြောင်း ကြောင့်မှ ဘယ်သူ့ကိုမှ အမျက်မထွက်ဘူး၊ မေတ္တာပွားတယ်ဆိုတာ ဒေါသကိုဖယ်ရှားတာဖြစ်ပါတယ်။ ဒေါသကို မဖယ်ရှားနိုင်သေးရင် ဒေါသကိုနှိပ်ကွပ်တာ၊ ထိန်းချူပ်ထားတာ။

သတ္တဝါတွေ ချမ်းသာပါစေလို့ ဆုတောင်းတဲ့အခါမှာ ကိုယ့်ဆုတောင်းတိုင်း သူတို့ ချမ်းသာမချမ်းသာ ကို မစဉ်းစားခင်မှာ ကိုယ့်ရင်ထဲမှာ ဒေါသ ဖြစ် မဖြစ်ကို အရင်စဉ်းစား ကိုယ့်ရင်ထဲ ဒေါသ ဖြစ်နေရင် ကိုယ့်အနားက လူတွေလည်းမချမ်းသာဘူး ဆိုတာ ဒါသေချာတယ်။ ကိုယ့်ရင်ထဲ ဒေါသငြိမ်းရင် ကိုယ်နဲ့ ဆက်သွယ်နေတဲ့သူတွေ အားလုံး၊ ကိုယ့်အနီးအနားက အပေါင်း အသင်းတွေ အားလုံးကို စိတ်ထဲက ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆက်ဆံချင်လာတယ်။ ကိုယ့်ရင်ထဲ ဒေါသငြိမ်းမှ ကိုယ့်ပတ်ဝန်းကျင် ချမ်းသာတယ်။ ကိုယ့်ပတ်ဝန်းကျင်ချမ်းသာလာရင် အဲဒါကို တဖြည်းဖြည်းတိုးချဲ့  တိုးချဲ့  သွားလိုက်တာကို မေတ္တာပွား တယ်လိုခေါ်ပါတယ်။ အဲဒီ ချမ်းသာတဲ့ စိတ်ဓာတ်တွေ ဒေါသ ကင်းတဲ့စိတ်ဓာတ်တွေကို အကျယ်ကြီးနေအောင် ချဲ့ ပြီးတော့ သွားလိုက်တာ ၃၁ ဘုံ၊ အရပ် ၁၀ မျက်နှာ၊ အနန္တစကြာဝဌာ ဒီအထိ ရောက်ပါတယ်။ ဒေါသကို ဖယ်ရှားရန်အတွက် မေတ္တာပွားတာကို လေ့ကျင့်ပေးဖို့လိုမယ်။

သတ္တ၀ါ တွေ ချမ်းသာပါစေလို့ အာရုံပြု၍ လုပ်နေတာပါပဲ တကယ်ရလာတော့ မေတ္တာပွားနေရင် ပွားနေတဲ့ သူပဲ မေတ္တာ ရပါတယ်။ ဥပမာ ကိုယ့်မှာ ရောဂါဖြစ်နေရင် ကိုယ့်ရောဂါ ပျောက်ဖို့ သူတစ်ပါးက ဆေးလာ သောက်ပေးလို့ မဖြစ်ဘူး။ ကိုယ့်ဖြစ်တဲ့ ရောဂါအတွက် ကိုယ်တိုင် ဆေးသောက်ရတယ်။ သူ့ဖြစ်တဲ့ ရောဂါ အတွက် သူပဲ ဆေးသောက်ရတယ်။ သတ္တဝါတွေအားလုံး ချမ်းသာပါစေ ဆိုတဲ့ မေတ္တာပွားခြင်းဟာ ကိုယ့် ရောဂါ အတွက် ကိုယ်တိုင်သောက်တဲ့ဆေးတစ်မျိုးပဲ။ ရောဂါဟာ ဘာလဲ ဆိုတော့ ဒေါသဟာ ရောဂါ ပါပဲ။

ဒေါသတည်းဟူသော ရောဂါကို
၀၁။ (စိတ်ထဲမှာ သောင်းကျန်းနေတဲ့ဒေါသကို) ထိန်းထားဖို့၊
၀၂။ ဖိနှိပ်ထားဖို့ (အပြင်ပေါက်ထွက်မလာစေရန်)၊
၀၃။ ဒေါသကို ဖယ်ရှားဖို့ ဖြစ်တယ်။

ဒေါသမထွက်တဲ့လူကို အချင်းချင်းက ဒီလူ ဒေါသမထွက်ဘူးကွာ တော်တော်သည်းခံနိုင်တယ် လို့ပြော ကြတယ်။ သည်းခံခြင်းတရားနဲ့ မေတ္တာတရားဟာ ခွဲလို့မရတဲ့ ပါရမီ ၂ ခုဖြစ်ပါတယ်။ ဘုရားဖြစ်ရင် ဖြည့်  ကျင့်တဲ့ ပါရမီ ၁၀ ပါးထဲမှာ သည်းခံခြင်းတရားနဲ့ မေတ္တာတရားဟာ မွန်မြတ်တဲ့အကျင့် ၂ ပါးဖြစ်တယ်။ ဒေါသကင်းရင် သူတစ်ပါး ဒုက္ခကို ဖယ်ရှားပေးချင်တဲ့ စိတ်ဖြစ်လာတယ်။ ဒေါသပြင်းထန်တဲ့ ပုဂ္ဂိုလ်ကတော့ သူတစ်ပါးဒုက္ခရောက်လေလေ ကြိုက်လေလေ ဖြစ်တယ်။ ဒေါသ ဆိုတာက ကိုယ်ကိုတိုင်လည်း သူတစ်ပါး ဒုက္ခ မရောက်ရောက်အောင် လုပ်တတ်တယ်။ မေတ္တာသုတ် ရွတ်တဲ့အခါမှာ ကိုယ့်အိမ်မှာလာကပ်တဲ့ သရဲတွေ၊ ဘီလူးတွေ ပြေးဖို့ ရွတ်ဖို့လောက်ပဲ စိတ်ကူးမနေပဲ ဘီလူး၊ သရဲထက် အလွန်ဆိုးသော ရင်ထဲက ဒေါသကိုနှင်ထုတ်ဖို့ ကြိုးစားကြပါ။ ဒေါသနဲ့ လှုပ်ရှား သွားလာ နေသမျှ အဲဒီလူဟာ ရန်သူနဲ့ သွားလာ နေတယ်လို့ မှတ်ရမယ်။ ရင်ထဲမှာ ရှိတဲ့ ဒေါသသည် မိမိရဲ့  အကြီးမားဆုံးသော ရန်သူ။

ဒေါသမျက်လုံးသည် မကောင်းတာပဲ မြင်တတ် တယ်။ မေတ္တာမျက်လုံးသည် အကောင်းမြင်ဝါဒဖြင့် ကြည့်သည်။ ရင်ထဲက ဒေါသကို ဖယ်ဖို့ရန် အကောင်းမြင်ဝါဒ လိုတယ်။ အကောင်းမြင်ဝါဒဟာ မေတ္တာ တရားရဲ့  နီးကပ်တဲ့ အအခြေခံဖြစ်တယ်။ လောကကြီးမကောင်းဘက်ကကြည့်ရင် ဘာမှကောင်းမှာ မဟုတ်ဘူး။ ကိုယ့်ကို ကိုယ်ကော ပြန်ကြည့်၊ ငါကော ဘယ်လောက်ကောင်းတုန်းလို့ နောက်ဆုံး ကိုယ်တောင် အလကားဖြစ်သွားတယ်။ ဒါကြောင့် ဒေါသကို ဖယ်ဖို့ မေတ္တာကိုပွားဖို့ အားလုံး အကောင်း မြင်ဝါဒကို လေ့ကျင့်ရမယ်။ ဒေါသကို ကိုယ့်စိတ်မှာ ဖယ်လိုက်နိုင်ရင် မေတ္တာရော၊ သည်းခံခြင်းကော၊ ဂရုဏာကော ဒီ ၃ ခုလုံး ဟာ အလိုလို ပြည့်စုံသွားပါတယ်။

မေတ္တာပို့တယ်ဆိုတာ သူတော်ကောင်းတွေချည်း ပို့ရတာမဟုတ်ဘူး။ လူမိုက်တွေပါ ထည့်ပို့ရတယ်။ သူတော်ကောင်းတွေကို မေတ္တာပို့ပြီး လူမိုက်တွေကို ချန်ထားမယ်ဆိုရင် အဲဒီလူရဲ့ ရင်ထဲက မေတ္တာဟာ မသန့်ရှင်းသေးဘူး။ မေတ္တာမှာ သူတော်ကောင်းရယ်၊ လူမိုက်ရယ် ခြားနားထားတာ မရှိ ဘူး။ အကုန်ပို့ရမယ်။ မေတ္တာဟန်ချက်ညီရမယ်။ အထက်ကို ဘဝဂ်ရောက်အောင် အောက်ကို အဝိစီရောက်အောင် အရပ်၁၀ မျက်နှာတို့၌ ချစ်သူ၊ မုန်းသူ၊ ရန်သူ၊ မိတ်ဆွေ၊ လူကောင်း၊ လူဆိုး အကုန်လုံးပါဝင်နေသော လောကကြီးတစ်ခုလုံးကို ကျဉ်းမြောင်းကျပ်တည်းခြင်း မရှိရလေအောင်၊ ဒေါသဟူသော အတွင်းရန် လည်းမရှိရလေအောင်၊ နှိပ်စက်ရန်မှုခြင်းလည်း မရှိရလေအောင်၊ ကျယ်ကျယ်ပြန့်ပြန့်သဘောရှိတဲ့ အပိုင်အခြားမရှိတဲ့ မိခင်စိတ်မျိုး မေတ္တာတရားကို စိတ်မှာ စွဲနေအောင် ပွားများကြပါလေ။ မေတ္တာတရားကို မနက်အိပ်ယာထလောက်၊ ညအိပ်ယာဝင်လောက် ပွားများနေဖို့မဟုတ်ဘူး။ ရပ်နေတုန်းလည်း မေတ္တာနဲ့ ရပ်၊ သွားနေတုန်းလည်း မေတ္တာနဲ့သွား၊ လဲနေတုန်း လည်းမေတ္တာနဲ့ လဲလျောင်း၊ ထိုင်နေတုန်းလည်း မေတ္တာနဲ့ထိုင်၊ ခန္ဓာကိုယ်အနေအထား ၄ ပါး မေတ္တာမလွတ်အောင်နေရပါမယ်။ အဲဒီ လေးပါးစလုံးနဲ့ မေတ္တာကို ဆောက်တည်ပြီးတော့ နေလိုက်မယ် ဆိုရင် အဲဒီမေတ္တာကို ဗြဟ္မံဝိဟရတိ - ဗြဟ္မဝိဟာရ ရယ်လို့ သူတော်ကောင်းတို့ ပြောကြတယ်။ ဗြဟ္မာပြည်တက်ပြီးတော့ ဗြဟ္မာနိဗ္ဗာန်ထဲတော့နေရတာ မဟုတ်သေးပေမယ့် ကိုယ်နေရာလေးမှာ ဒါပေမယ့် မေတ္တာနဲ့ (မွန်မွန်မြတ်မြတ်) နေနေတဲ့အတွက်ကြောင့် ဗြဟ္မာပြည်တက်နေသလို ဖြစ်သွား တယ်။

မေတ္တာပွားဆိုတာ

  • ၀၁။ မိခင်စိတ်ထားမျိုး (တစ်ဦးတည်းသောသားရှိတဲ့ အမေသည် ရင်ခွင်က ကလေးအပေါ်မှာထားတဲ့စိတ်ဓာတ်)
  • ၀၂။ အဲဒီအမေသည် အဲဒီရင်ခွင်ကကလေးက ကျင်ကြီးပဲယိုယို ကျင်ငယ်နဲ့ပဲ ပက်ပက် ဘာအကြောင်းကြောင့်မှ စိတ်မဆိုးဘူး ဆိုသလို ဘယ်သတ္တ၀ါကိုမဆို ဘာအကြောင်းကြောင့်မှ စိတ်မဆိုးဘူးဆိုတဲ့ သဘော
  • ၀၃။ ကောင်းကွတ်ကိုရှာ မေတ္တာ
  • ၀၄။ ကျေနပ်စရာရွေးချယ်၍ရှာ မေတ္တာ
  • ၀၅။ နှစ်သက်စရာရွေးချယ်၍ရှာ မေတ္တာ
  • ၀၆။ နှစ်သက်စရာ၊ ကျေနပ်စရာ၊ ၀မ်းမြောက်စရာကောင်းတာ မေတ္တာ
ဒါတွေကိုရွေးချယ်ပြီး စဉ်းစားခြင်း၊ တွေးတောခြင်းကြောင့် မေတ္တာတရား ထွန်းကားလာတတ်ပါတယ်။

မကောင်မှုတစ်ခုခုကိုလွန်ကျုးရင် ပညာရှိတွေကဲ့ရဲ့ လိမ့်မည်။ ပညာရှိတွေ ကဲ့ရဲ့ သော မကောင်းမှုကို နည်း နည်းလေးမျှ မလွန်ကျူကြပါနဲ့။ မေတ္တာပွားနေသော လူတစ်ယောက်ကို ကိုယ်၊ နှုတ်၊ စိတ်ကောင်းအောင် မြတ်စွာဘုရားဟောကြားခဲ့သော အဆုံးအမ ဖြစ်ပါတယ်။ နေ့ရောညရော ထပ်တစ်လဲလဲ မေတ္တာပွား ကြပါလေ ..နေ့ရောညပါ မေတ္တာပွားနေရင် မကောင်းတာမှန် သမျှ နည်းနည်းလေးမှ မမြင်ရတော့ဘူး။ မေတ္တာပွားနေတဲ့လူဟာ လူစွမ်းကောင်းဖြစ်လာတယ်။ ဖြောင့် မတ်လာတယ်။ အလွန်အလွန် ဖြောင့်မတ်လာတယ်။ ပြောလို့ဆိုလို့လွယ်လာတယ်။ ဆက်သွယ်ရတာ လွယ်ကူလာတယ်။ ခြိမ်းခြိမ်း ခြောက်ခြောက် ဟိန်းဟိန်းဟောက်ဟောက်မရှိ၊ ကြည့်လိုက်သည်နှင့် မျက်နှာသည် ပြုံးနေတယ်။ နူးညံသိမ်မွေ့လာတယ်။ မာန်မာနမရှိတော့ဘူး။ ရောင့်ရဲတင်းတိမ်သွားပြီ။ ရတာလေးနှင့်ကျေနပ်သွားပြီ။ မေတ္တာသမားသည် ပြုစုလုပ်ကျွေးရတာလွယ်ကူသည်။ မေတ္တာသမား အတွက် သူတစ်ပါးတို့ ထမ်းဆောင်ရတဲ့ တာဝန် နည်းနည်းလေးပဲ ဖြစ်သွားတယ်။ မေတ္တာသမားသည် ကိုယ်ရော စိတ်ရော ပေါ့ပေါ့ပါးပါးရှိတယ်။ ဒေါသသမားသည် အမြဲတမ်း စိတ်ထဲ လေးနေတတ်သည်။ မေတ္တာသမားသည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အိနြေ္ဒ ငြိမ်သွားတယ်။ ရင့်ကျက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာ တယ်။ ဒေါသသမားသည် ပညာတဖြည်းဖြည်းတုံးသွားသည်။ မေတ္တာသမားသည် ကိုယ်နှုတ် မကြမ်း ကြုတ်ဘူး။ ကိုယ်နှုတ်နှစ်ပါးယဉ်ကျေးသည်။ ချစ်သူကို ချစ်လွန်းလို့ တွယ်တာသည်။ မုန်းသူကို မုန်းလွန်းလို့ တွယ်တာသည်။ မေတ္တာသမားသည် ချစ်သူကော မုန်းသူကော အဲဒီနှစ်ခု မှ လွတ်သွားပြီး အလယ်မှာ နေနိုင်သူတစ်ယောက်ဖြစ်သွားတယ်။ ဒါတွေဟာ မေတ္တာသမားတွေမှာ ရှိသော အရည်အချင်း တွေဖြစ်ပါတယ်။ မေတ္တာအကျိုးတွေကို မျှော်ကိုးပြီး အကောင်းတွေချည်း မြင်ရဖို့၊ အကောင်းတွေ ချည်းကြားရဖို့ မိမိစိတ်နှလုံးနဲ့ ပက်သက်တဲ့ အရည်အချင်း ၁၄ ချက်တက်လာဖို့ မေတ္တာပွားကြပါစို့ …။

၃၁ ဘုံ ရှိရှိသမျှ အနန္တသတ္တ၀ါတို့သည် ကိုယ်ချမ်းသာခြင်းနှင့်လည်း ပြည့်စုံကြပါစေ။
စိတ်ချမ်းသာခြင်း နှင့်လည်း ပြည့်စုံကြပါစေ။
ဘေးရန်ကင်းဝေးပြီးတော့ ငြိမ်းချမ်းရေးနှင့်လည်း ပြည့်စုံကြပါစေ။
ဘုံ ၃၁ ဖြစ်ဖြစ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်ပြည့်ပါစေ ဘယာဝေး၍ အေးပါစေ

၃၁ ဘုံသတ္တ၀ါ အနန္တတို့အား မေတ္တာပို့၍ တရားသိမ်းလေသည်။

လောကအတွင်း၌ မေတ္တာတည်းဟူသော နတ်ပန်းပင်ကြီးသည် နေ့ရောညပါ အခိုင်အလိုင် ကြိုင်လှိုင်စွာ ပွင့်လန်းနိုင်ကြပါစေ။ မေတ္တာဟူသော ပန်းရနံဖြင့် လူရောနတ်ပါ သတ္တ၀ါတို့သည် နေ့နေ့ ညည ခပ်သိမ်း သော ကာလတိုင်းမှာ ကိုယ်စိတ်နှာဖြာလိုအိတ်ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော် မူကြပါစေ။

တရားပွဲအပြီးတွင် ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။ မွေးနေ့လက်ဆောင် မုန့်ဖိုး ဒေါ်လာ ၁၀၀ ပေးသော အန်တီစု ကိုလည်း ဤနေရာမှ ကျေးဇူးတင်ရှိပါကြောင်း၊ မွေးနေ့လက်ဆောင် ပေး ကျသောသူများ၊ ကြာဇံဟင်းခါးချက် ပေးသော ညီလေးများ၊ ဈေးလိုက်ပေးသော ညီလေးများ၊ ဈေးဝယ် ပေးသော ညီလေးများ၊ အစစအရာရာ ကူညီပေးသော ညီလေးများ၊ Online မှ မွေးနေ့ ဆုတောင်းပေး ကြသော အစ်ကိုများ၊ အစ်မများ၊ သူငယ်ချင်းများ၊ ညီလေးများ၊ ညီမလေးများ အားလုံးကို ဤနေရာမှ ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ တရားပွဲသို့ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ အပေါင်းတို့အားလည်း ကျေးဇူးတင်ရှိပါသည်။ စားလုံးပေါင်းအမှားများရှိပါက သည်းခံခွင့်လွတ် ပေးကြပါ။ အင်တာနက်မှ သူငယ်ချင်းများအားလုံးကိုလည်း ဒီတရားလေး နာယူဖို့ တိုက်တွန်းလိုပါတယ်။ နာယူချင်တဲ့ ဆန္ဒများရှိလျှင် Dhammadownload မှာ Download ချပြီးနာယူနိုင်ပါတယ် ဆိုတဲ့အကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါတယ် ...

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ …။

Snuomwoani_ချစ်သောကမ္ဘာမြေ

Sunday, January 1, 2012

[Solved] The selected file is not valid ISO file Windows 7 DVD USB tool

ကျွန်တော်တို့ Windows 7 ကို USB နဲ့ ၀င်းဒိုးတင်တဲ့အခါမှာ Windows 7 USB DVD Tool ဆော့ဝဲလ်အကူအညီကိုယူပြီးတော့ USB ထဲကို ကွန်ပျူတာထဲမှာရှိတဲ့ ISO file ကိုထည့်ပါတယ်။ အဲလိုထည့်တဲ့အခါမှာ Windows 7 မှာဆိုရင် “The selected file is not a valid ISO file. Please Select a valid ISO file and try again ” . ဆိုတဲ့ ပြဿနာလေးပေါ်တာတွေ့ရပါတယ်။ Windows XP မှာဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်းလေး ပေါ်နေတာ တွေ့ရပါတယ်။
အဲဒီပြဿနာလေးကိုဘယ်လိုရှင်းတယ်ဆိုတာကိုပြောပြချင်ပါတယ်။ အရင်ဆုံး Power ISO Software လေးကို ဒီနေရာမှ ဒေါင်းလုပ်ယူလိုက်ပါ။ ဒေါင်းလုပ်ချပြီးလျှင် အင်စတောလုပ်လိုက်ပါ။ ပြီးလျှင် ဆော့ဝဲလ်ကိုဖွင့်ပြီး Serial keys.txt ထဲတွင် ပေးထားသော username and codes များကိုထည့်ပါ။ အိုကေ ပေးပါ။ ထိုနောက် Power ISO Software ဖြင့် Windows 7 ISO ဖိုင်ကိုဖွင့်ပါ။
ထိုနောက် file --- Image Properties ကိုသွားပါ။
ပုံတွင်ပြထားသည့်အတိုင်း အမှန်ခြစ်ပေးလိုက်ပါ။ Click – ok. Click - Save Button.
ပြီးလျှင် Windows 7 USB DVD Tool Software ကိုအသုံးပြုပြီး Windows 7 USB bootable  လေးဖန်တီးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။


Credit - Bishwajeet  ဒီ Link လေးပို့ပေးသော ညီလေး ဖိုးလပြည့်အားလည်း ဤနေရာမှ ကျေးဇူးတင်ရှိပါကြောင်း ...

နှစ်သစ်မှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းရင်း