Monday, September 29, 2008

How to make calculator in Borland Delphi - 7

ကျွန်တော် အခုပြောပြမှာကတော့ Borland Delphi - 7 မှာ calculator တစ်ခု ဘယ်လိုတည်ဆောက်တယ်ဆို တာကိုပြောပြမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဓိကပြောချင်တာကတော့ ဆော့ဝဲလ် အသုံးပြုပုံကို ရှင်းပြခြင်း ဖြစ်ပါ တယ် ။ ဒီဆော့ဝဲလ်ကို အသုံးပြုနေသူများအတွက် လည်း ရည်ရွယ်သလို ကျွန်တော်အတွက် လည်း အသုံးပြု နည်းကို စာအုပ်တစ်အုပ် သဖွယ် ရေးမှတ်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ ။ နောင် ဘယ်အချိန်ပြန် ကြည့်ကြည့် အ ဆင်ပြေအောင် ရေးသားခြင်းဖြစ်ပါသည် ။ ကဲ စပါတော့မယ် ခင်ဗျာ ။

ပုံတွင်ပြထားသည့်အတိုင်း ပထမဆုံး Edit1 နဲ့ Edit2 ကို ယူပါမယ် ။ တစ်ခုက ပထမနံပါတ်အတွက် ဖြစ်ပြီး ။ နောက်တစ်ခုကတော့ ဒုတိယ ပေါင်းလဒ် နံပါတ်အတွက် ဖြစ်ပါတယ် ။ Label1 တစ်ခုယူပါ့မယ် ။ ဒါကတော့ အဖြေထုတ်ဖို့အတွက် ဖြစ်ပါတယ် ။ Button1 , Button2 , Button3 , Button4 , Button5 ငါးခုယူပါ့မယ် ။ Button1 -> Properties -> Caption တွင် + ရေးပါ ။ Button1 ပေါ်တွင် အပေါင်း လက္ခဏာပေါ် စေရန် ဖြစ်ပါတယ် ။ ဒီလိုပါပဲ ကျန်တဲ့ Button တွေကိုလည်း လိုက်ပြောင်းပေးပါ ။ close Button ကတော့ program တစ်ခုလုံးကို ပိတ်ဖို့ အတွက်ပဲ ဖြစ်ပါတယ် ။
အဲလိုရေးပြီးသွားပြီးဆိုရင်တော့ Button1 (+) ကို ကလစ်နှစ်ချက်နှိပ်ပါ ။

procedure TForm1.Button1Click(Sender: TObject);
Begin

End;
ကလစ်နှစ်ချက်နှိပ်လိုက်တာနဲ့ ဒီပုံစံမြင်ရမှာဖြစ်ပါတယ် ။ Begin နဲ့ End တို့သည် စပေါ်ပေါ်ချင်း အစစာလုံးများ သည် အသေးများဖြစ်နေပါက ။ ဥပမာရေးထားသည့်အတိုင်း အကြီးပြောင်းပေးပါ ။ ဒီမှာ ပြထားတဲ့ သဘော တ ရားကတော့ Button1 ကို ကလစ်တဲ့အခါမှာ program အလုပ်လုပ်ပေးမယ့် သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ် ။ Begin နဲ့ End ကြားတွင် အောက်ပါအတိုင်းရေးပါမယ့် မယ် ။
procedure TForm1.Button1Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a+b;
Label1.Caption:=FloatToStr(c)
End;
a တန်ဖိုးကို Edit1 တွင် ရိုက်ထည့်မည် ဖြစ်ပါတယ် ။ b တန်ဖိုးကို Edit2 တွင် ရိုက်ထည့်မည် ။ a နဲ့ b ကိုပေါင်း မည် ။ ပေါင်းလို့ ရတဲ့ တန်ဖိုးအဖြေကို Label1 တွင်ဖော်ပြမည် ဖြစ်ပါသည် ။ var အောက်တွင် a , b , c တန်ဖိုး များအား Double ကြေငြာပေးပါ ။ C++ တွင် float ကြေငြာ ခြင်းနဲ့ သဘောတရားခြင်းတူတူ ပါပဲ ။ အဲလိုလုပ် ပြီးရင်တော့ program ကို F9 နှိပ်၍ Run ကြည့်လို့ ရပါပြီခင်ဗျာ ။ a တန်ဖိုး b တန်ဖိုး ရိုက်ထည့်ပြီး အပေါင်း + Button ကို နှိပ်လိုက်တာနဲ့ label1 တွင် အဖြေသွားပေါ်မှာ ဖြစ်ပါတယ် ။
ကဲ ကျန်တဲ့ Button များကိုလည်း ဤနည်းအတိုင်း ပြုလုပ်သွားပါ့မယ် ။ Button1 ( - ) အနုတ်တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button2Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a-b;
Label1.Caption:=FloatToStr(c)
End;
Button1 ( * ) အမြှောက်တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button3Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a*b;
Label1.Caption:=FloatToStr(c)
End;
Button1 ( / ) အစားတွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button4Click(Sender: TObject);
Begin
a:=StrToFloat(Edit1.Text);
b:=StrToFloat(Edit2.Text);
c:=a/b;
Label1.Caption:=FloatToStr(c)
End;
Button1 ( close ) တွင် ကလစ်နှစ် ချက်နှိပ်ပါ ။ ပြီးလျှင် အောက်ပါ ကုတ်များရေးပါ ။
procedure TForm1.Button5Click(Sender: TObject);
Begin
Close
End;
ပြုလုပ်နေတဲ့ program တစ်ခုလုံးကို ပိတ်မယ်ဆိုတဲ့ သဘောပါပဲ ။ အားလုံးရေးလို့ ပြီးသွားရင်တော့ F9 နှိပ်၍ Run ကြည့်လို့ ရပါပြီခင်ဗျာ ။ ဒါဆိုရင် အပေါင်း ၊ အနုတ် ၊ အမြောက် ၊ အစား လုပ်လို့ ရပါပြီခင်ဗျာ ။ ဒီဆော့ ၀ဲလ်ကိုသုံးသူများ အဆင်မပြေပါက သိသလောက် ပြောပြနိုင်ပါတယ် ခင်ဗျာ ။ အားလုံးပဲ အဆင်ပြေကြပါစေ ။
ဒီနေ့ က အမှတ်တရနေ့ မို့လို့ အမြဲတမ်းသတိရနေအောင်ပို့ တစ်ခု တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။

Snuo Mwoani CMT

Monday, September 1, 2008

Serial Key for Delphi.7.Enterprise

ဒီနေ့ စက်တင်ဘာ တစ်ရက်နေ့ပေါ့ ။ အမှတ်တရအနေနဲ့ကနေ ကျွန်တော်တိုတွေ ကျောင်းစတတ်ရတယ်။ ပျော် စရာလည်းကောင်းပါတယ် ကျောင်းတတ်ရတာ ။ ကျောင်းပိတ်ထားတုန်းကတော့ ဘာအလုပ်မှမရှိဘူးဆိုတော့ တစ်နေ့တစ်နေ့ စားလိုက် အိပ်လိုက် အွန်လိုင်းဝင်လိုက် ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ပဲ အချိန်ကုန်သွားပါတယ် ။ ကျောင်းလေးဖွင့်လာတော့ ကျောင်းသွားလိုက် အဆောင်ပြန်လာလိုက်ပေါ့ ။ ကျောင်းဖွင့်ပြီးဆိုတော့ ကျွန်တော့် ဆရာကို အရင်ဆုံးသတိရလိုက်ပါတယ် ။ သူနဲ့အမြဲလုပ်နေတဲ့ ဆော့ဝဲလ်လေးလည်း ပြေးသတိရလိုက်တာပေါ့ ။ အဲဒါကတော့ Delphi.7.Enterprise ဆော့ဝဲလ်လေးပါ ။ အရင်က ကျွန်တော် စက်မှာ Virus Protection အနေ နဲ့ avast တင်ထားပါတယ် ။ avast က ဆော့ဝဲလ်တိုင်းရဲ့  Keygen ဖိုင်တွေကို ကော်ပီတာ မရပါဘူး ။ အဲဒီဖိုင် တွေကို သူက Virus အနေနဲ့ ပြပြနေပါတယ် ။ ကျွန်တော် avast တင်ထားတုန်းက ကီးဖြည့်မယ့်နေရာကို ရောက်ရင် တစ်ခြား avast တင်မထားတဲ့ စက်မှာ ကျွန်တော် ကီးကိုယူပြီးဖြည့်ရပါတယ် ။ အဲလို ဒုက္ခကိုမကြုံရ စေဖို့ ကျွန်တော်အခု ကီးတွေကိုတင်ပေးလိုက်ပါတယ် ။ ၃၁ ရက်နေ့ Blogger Day မှာ ကျွန်တော် သွားကိုက် နေလို့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး ။ အဲဒီနေ့  နေလည် ၁ နာရီခွဲမှာပဲ ကျွန်တော် အဲဒီသွားကို နုတ်ပစ်ခဲ့ပါတယ် ။ အဲ ဒီတော့ ၃၁ ရက်နေ့ Blogger Day အတွက် အမှတ်တရကတော့ ကျွန်တော် အံသွား တစ်ချောင်းနုတ်လိုက်ရ တာပါ ပဲ ။ ဘလော့ဂါ သူငယ်ချင်းအားလုံးကိုလည်း အဲဒီနေ့ကတော်တော်သတိရမိပါတယ် ။


Serial Number...... 6AKD-PD29Q9-RDF?JQ-X65Z
Authorization Key...... QX8-EEC

Serial Number...... 6AMD-PKG68E-DB8PP7-N7GE
Authorization Key......S6J-8AW

Serial Number...... 6AMD-PDJ686-APME9D-9CDR
Authorization Key...... YVX-27C

Serial Number...... 6AKD-PKB9QN-U6?JDC-XDCH
Authorization Key...... JSJ-W2W

Serial Number...... 6AMD-PDJ686-APME9D-N3ER
Authorization Key...... GY8-43C

Serial Number...... 6AKD-PD29Q9-RDF?JQ-HQNZ
Authorization Key...... D?X-BTC

Serial Number...... 6AMD-PKG68E-DB8PP7-9SFE
Authorization Key...... 3QH-9QW

တစ်ခုမရ တစ်ခုထည့်ကြည့်ပါ ။ ကျွန်တော်ရှာထားသမျှ တင်ပေးလိုက်တာပါ ခင်ဗျာ ။ အဆင်မပြေဘူးဆိုရင် ကွန်မန့်ရေးပြီးမေးမြန်းနိုင်ပါတယ် ။ ဆော့ဝဲလ် အသုံးပြုပုံကိုသိချင်တယ် ဆိုရင်လည်း ကျွန်တော်သိ သလောက် ပြောပြနိုင်ပါတယ် ။ သိပြီးသားဆိုလည်း ဆွေးနွေးလို့ရပါတယ်ခင်ဗျာ ။ အားလုံးပဲအဆင်ပြေကြပါစေ ခင်ဗျာ ။

အားလုံးကို ကြိုဆိုလျှက် ..

Snuo Mwoani CMT