Friday, December 31, 2010

1 to 10

ကျွန်တော်ပြောချင်တဲ့ တစ် မှ တစ်ဆယ်

တစ်
တစ် နေ.မှာပေါ့ သူကို ကျွန်တော် ချစ်တယ် မိတယ်
နှစ်
နှစ်နှစ်ကာကာချစ်မိပါတယ်
သုံး
သောက်သုံးလို. မကုန်နိုင်တဲ့ သမုဒ္ဒရာရေ လို အချစ်မျိုးနဲ.ပေါ့
လေး
လေးလေးနက်နက် စဉ်းစားပေးမယ်တဲ့ သူက
ငါး
ငါးတွေဟာရေ ရှိမှ အသက်ရှင်နိုင်သလို ကျွန်တော်မှာ လည်း သူရှိမှ အသက်ရှင်နိုင်မယ်လေ
ခြောက်
သူ ကျွန်တော် ကို နှလုံးသွေးတွေ ခမ်း ခြောက် လောက်အောင်ထိတော့ ရက်စက်မယ် မထင်ဘူးလေ
ခုနှစ်
ခုနှစ် ဆိုတဲ့ လက်ကီး ဂဏန်းလေးလိုပဲ ကျွန်တော် ကံကောင်းချင်လိုက်တာ
ရှစ်
ရှစ်လေး ...အဲ ...ချစ်လေး လို. တာ ကျွန်တော် သူကို ခေါ်လိုက်ချင်တော့တယ်
ကိုး
ကိုး ကို ရာမဲ့နေတဲ့ ကျွန်တော် ဘ၀ မှာ သူက အရိပ်ကလေး တစ်ခုပါ
တစ်ဆယ်
ဆယ်နှစ်ဆယ်လီ ချစ်ပစ်လိုက်မယ် ။ ကမ္ဘာ ဆယ်သိန်း ဆိုတာ ကျွန်တော် သူကို ချစ်နေတဲ့ ကာလနဲ. ယှဉ်ရင် သဲပွင့်လောက်ပဲ ရှိပါတယ် ။


ပြုံးလျှက်ငိုနေမယ့် ဘ၀တော့
မခင်တွယ်ချင်ပါဘူး
အမုန်းကို ပေးသနားရင်လည်း
ချစ်မျက်ရည်တွေ မသိပါစေနဲ.
မျက်ရည်ကို အရမ်းမုန်းလို.ပါ ...
သံသရာမှာ ကျင်လည်နေ သမျှတော့
အဖန်တစ်ရာ ကြင်နာမြဲပါ
ကလေး ရယ် ....
ဆုတောင်းတိုင်း သာပြည့်မယ်ဆိုရင်
ချစ်သောသူ နှင့်
မုန်းသောမျက်ရည်
ပူလောင် သောက
ဘယ်သေအခါမှ
အတူ မရှိပါစေနဲ. လား ....။

ချစ်တတ်သူတိုင်း နားလည်ပေးသောသူ

Snuo Mwoani CMT


Thursday, December 9, 2010

Wireless Network Error in Windows XP

မိမိတို့ သုံးနေတဲ့စက်မှာ Wireless Network ပါတဲ့သူများအတွက်ရည်ရွယ်ပါတယ်.. အခုလို ပုံ(၁)မှာ ပြထားတဲ့ အတိုင်း Error တွေ့ရှိခဲ့ပါက ဖြေရှင်းရမယ့် နည်းလမ်းကလေးကို မျှဝေချင်ပါတယ်ခင်ဗျာ ..။ အဲဒီ Error ဖြစ်တဲ့အ ချိန်တွေကတော့ မိမိသုံးနေတဲ့ Windows XP ကို update ပေးလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်.။ Error-- "Wireless cannot configure this wireless connection. If you have enabled another program to manage this wireless connection, use that software. If you want windows to configure this wireless connection, start the wireless zero configuration (WZC). For more information about starting the WZC service, see article 871122 in the Microsoft Knowledge Base on the microsoft.com website." အဆင့်(၁)။ Click Start, click Run, type %SystemRoot%\system32\services.msc /s, and then click OK.အဆင့်(၂)။Wireless Zero Configuration အား Double-click ပေးပါ။ အဆင့်(၃)။ Startup type list တွင် Automatic အားရွေးချယ်ပါ။ ပြီးလျှင် Start Button အားနှိပ်ပါ။ ဒါဆိုရင် မိမိစက်မှာ ဖမ်းမိနေတဲ့ Wireless Network တွေကို မြင်ရပါပြီခင်ဗျာ.. အားလုံးအဆင်ပြေကြပါစေ. ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ အောက်က Mediafireတွင် တင်ထားသော ဖိုင်းလေးကို ဒေါင်းလိုက်ပါ။ Install လုပ်လိုက်ပါ။ ပြီးလျှင် အပေါ်မှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီလုပ်သွားပါ .. ။ အဆင်ပြေကြပါစေ . Fix This Problem Mediafire ၅၃ နှစ်မြောက်-ဖေဖေမွေးနေ့ အမှတ်တရ

Miss My Dear Father



ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်းဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိတာပေါ့
တစ်နေ့မှာဆုံးရာ ရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား ။

အဖေအတွက်ဂုဏ်ယူရမယ့် သားတစ်ယောက်ဖြစ်ရပါစေမယ့်လို့ အဝေးရောက်သားတစ်ယောက် ဒီကဗျာလေးနဲ့ အဖေ ကို ကန်တော့ အပ်ပါသည် ။

မိမိဘ၀ တိုးတက်မြင့်မားရေးအတွက် အခက်အခဲ အတားအဆီးများကြားမှ မဆုတ်မနစ် ကျားကုတ်ကျားခဲ ကြိုးစားနေကြသော သူငယ်ချင်းများလည်း အစစ အရာရာ အောင်မြင်ကြပါစေ ။ မိမိတို့လိုရာ ပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါစေ ခင်ဗျာ ....။

Snuo Mwoani CMT