Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Friday, February 17, 2012

အဆိပ်တက်အလွမ်း


တရေးနိုးသော်အကြံပေါ်
ပေါ်တဲ့အကြံ တစ်ထောင်တန်
ငယ်ငယ်ကအမေဆိုပြခဲ့တာ ကြားဘူးတာပဲ

အခုတော့တရေးနိုးပြီ
အလွမ်းတွေကလည်း တစ်ထောင်မတန်လိုက်တာ

အိပ်မက်မှာ ငိုဘူးတော့
နှလုံးသားက ရူးသလိုလို

အလင်းမဲ့အိပ်မက်မှာ
အဖော်ဆိုလို့ အရိပ်တောင်မရှိ

တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့
နှလုံးသားကို ကုတ်ခြစ်သွားလိုက်တာ
အလွမ်းတွေက တစက်စက်

ကျိုးပဲ့နေတဲ့အိပ်မက်မှာ
ဒဏ်ရာတွေပြည့်နှက်နေလို့
အိပ်မက်ထဲက အလွမ်း
ကြမ်းသလား နုသလား
မမှတ်မိတော့ဘူး

နှလုံးသားလည်း အဆိပ်တက်
အိပ်မက်မှာလည်း အလွမ်းတွေနဲ့
အိပ်မရလို့ ထထိုင် ငိုင်နေတာတောင်
သူ့ ကို သတိရနေတုန်း ..။

အလွမ်းတွေနှိပ်စက် အိပ်ပျက်တဲ့ညတွေမှာ
မနေနိုင်လို့  ကလောင်ကိုင်
ရေးမိတာက အချစ်အကြောင်း

မျက်ကွင်းလည်းညို
လူလည် အိုပြီ ..။

ဘယ်လောက်ပင် နှိပ်စက်
စိတ်မပျက်တဲ့ ငါ…။

တွေးနေရင်း ငေးနေရင်း
မိုးမလင်းခင် အရှိန်သတ်
အလွမ်းတွေကို
ရပ်ပစ်လိုက်တော့မည်။

Thursday, October 20, 2011

မြတ်ဆရာ - ပန်းများကိုပွင့်စေသူ

မြတ်ဆရာ - ပန်းများကိုပွင့်စေသူ
 
ကြိမ်စာမကျွေး 
အလိမ္မာပေး၍ 
ချိန်ခါမရွေး ဆုံးမသူ .. 

ငွေသပြာမငဲ့
စေတနာနဲ့
ဝေဖြာတဲ့သူ .. 
ငါဆရာလေကွဲ့လို့ 
ဝါသနာတွေနဲ့ 
သာယာနေတဲ့သူ .. 

မပြစ်ရှာမကြံလေခဲ့ 
ချစ်သဒ္ဓါမှန်တွေနဲ့ 
အနစ်နာခဲ့တဲ့သူ .. 

စေတနာ၊ ၀ါသနာ၊ အနစ်နာ 
နာသုံးနာတရား 
လက်ကိုင်ထား 
စွမ်းအားကိုမြှင့် 
လမ်းများကိုဖွင့် 
ပန်းများကိုပွင့်စေသူ ..။ 

သတ္တမအကြိမ်မြောက်အာစရိယပူဇော်ကန်တော့ပွဲမှ ကဗျာတစ်ပုဒ်

Wednesday, May 4, 2011

02.05.2011



သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

ဆရာဇော်ဂျီ



02.05.2011 ညမှာ ညီလေးတစ်ယောက်မှ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်စေရန် ဆရာဇော်ဂျီ၏ နာမည်ကြီး ကဗျာတစ်ပုဒ် လက်ဆောင်ပေးခဲ့ပါတယ်.. ကဗျာရေးပေးသော ညီလေးအား ဤနေရာမှ ကျေးဇူးတင်ရှိပါသည်။

Saturday, April 30, 2011

လမ်းခွဲခြင်း




အားနည်းချက်ဆိုတာကို စမြင်လာတဲ့အချိန်ဟာ
လမ်းခွဲခြင်းကို စတင်လာတဲ့အချိန်ပါပဲ

တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့
ကံတွေပါလာတယ်
တစ်ယောက်နဲ့တစ်ယောက်ခွဲခွာဖို့
ကံတွေပါလာတယ်..

ဝလုံးလား သုညလား အမြင်တွေကွဲပြား
တစ်ယောက်နဲ့တစ်ယောက်ငြင်းကြခုန်ကြရင်း
လမ်းခွဲခြင်းဆိုတာ စတင်လာခဲ့တယ်…

အခုထိဆုံနိုင်ခွင့် မရှိသေးတဲ့ တို့နှစ်ယောက်ဘဝ
ဒါကို အချစ်လို့ ယူဆခဲ့ကြတယ် ..

အငွေ့ပျံ၍ ပျောက်ကွယ်သွားသောအရာများတွင်
ချစ်ခြင်းတရားများ အဖော်လိုက်လေတော့
လမ်းခွဲခြင်းဆိုတာကိုလည်း မတားဆီးနိုင်တော့ဘူး ..

အချစ်ကိုတိုင်းတာဖို့ ပေတံရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ချစ်ခြင်းတရားတွေအနားက ထွက်ခွာသွားခဲ့တာ
အဆုံးရလဒ်က လမ်းခွဲခြင်းသာ

အချစ်မှာလောဘကြီးတော့
တကယ်ရင်မောရတယ်..
ဖိတ်မံတကာ စိတ်ကြံရာပြု
နှလုံးသားကို အလှူပေး
အဝေးကို ပြေးပါပြီ

ချစ်တယ် ဆိုတာ
ပုံပြင်ဖြစ်သွားပြီ ။

Snuo Mwoani

ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...

Tuesday, April 26, 2011

ခံစားချက်၏ခေါ်ဆောင်ရာ




ဝါးတားတား မနက်ဖြန်တွေထဲက
ငါ တောင်းတနေတဲ့ ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသော အချိန်ကို မျှော်လင့်ရင်း
သူ့အတွက် ကျွန်တော် ရင်ခုန်နေပါရစေ ..

နေ့တွေ ညတွေ ပြောင်းနေသော်လည်း
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားရင်း
ရိုးသားစွာ သူကို ကျွန်တော်မျှော်နေပါရစေ ..

ဝေးလွန်းတဲ့ဘ၀တွေ
ဆုံနိုင်ရန်ခက်ခဲနေတော့
အဝေးက ဖျော့တော့တော့ နေရောင်လေးကို ငေးရင်း
မနက်ဖြန်လည်း ကျွန်တော်သူ့ကို မျှော်နေပါရစေ ..

အိပ်မက်နဲ့ စိတ်ကူးကို အဖော်လုပ်ရင်း
ကျွန်တော် သူ့ကို
နေ့တိုင်း လွမ်းနေပါရစေ ..

လေပြေအေးအေး နှင်းဖွေးဖွေးမှာ
နွေးနေ နေရာ ပြေးမရှာနဲ့
ပြင်းပြင်းမေတ္တာ ချစ်လှစွာဖြင့်
နေရာတိုင်းပေါ် မျှော်တဲ့စိတ်ကလေး
ရင်မှာ ဖြစ်တည်
အလွမ်းသည် ဟန်မဆောင်တတ်ပါ …

အမြင့်ကိုမှန်း လက်ကိုကမ်း
မလျှော့မေတ္တာ
မပျယ်သော ချစ်ခြင်းဖြင့်
တသွင်သွင်စီး ငါ မငြီးပေ
စက္ကန့်တိုင်းမှာ အလွမ်းအပြည့် …

နှင်းတွေကြွေတဲ့ လမ်းမှာ
လမ်းလျှောက်ခဲ့တဲ့ငါ
အခုတော့ ပုံပြင်ထဲက အလွမ်းသမားလေးလို
တိတ်တိတ်ကလေး လွမ်းနေရပြီ ..

မင်းပေးတဲ့ချစ်ခြင်းတွေနဲ့ အေးမြတဲ့ရာသီကို ငါဖြတ်သန်းခဲ့တယ်

လေတို့၏ ခေါ်ဆောင်ရာ သစ်ရွက်ကလေးတွေ လိုက်ပါသော်လည်း
ခံစားချက်၏ ခေါ်ဆောင်ရာ အချစ်မလိုက်ပါတော့
လွမ်းခြင်း တစ်ခုသာ ……………………………..

Snuo Mwoani

Sunday, April 24, 2011

အေးချမ်းတဲ့တစ်နေရာ




ဆောင်းမနက်ခင်းထက် အေးမြတဲ့ ချစ်ခြင်းတရားတွေ
ကျွန်တော့်ရင်ကိုဝင်လာချိန်မှာ
အထီးကျန်ခြင်းဆိုတာ
ကျွန်တော့်အတွက် ဟာသတစ်ခုလိုဖြစ်ခဲ့ရတယ် ..

ညရဲ့  ရင်ခွင်အလယ်မှာ
နေ့ရယ် ညရယ် သူရယ် ကျွန်တော်ရယ်
အလွမ်းနဲ့အချစ်အပါအ၀င်
စကားဝိုင်းကလေး ဆုံနေကြတယ် ..

ချစ်သက်သေအိမ်ကလေးဆီသွားဖို့
ခရီးဘယ်လောက်ဝေးဝေး
အချစ်နောက်ကိုကောက်ကောက်လိုက်
မိုက်ခဲ့တယ်လို့ ပြောချင်ပြောပါ
သူနဲ့ကျွန်တော် လက်ချင်းယှက်
အပြုံးတွေလည်းမပျက်ခဲ့ပါဘူး

အချစ်နောက်ကိုလိုက်နေတာ
ရယူလို၍မဟုတ်
ပေးဆပ်လို၍မဟုတ်
နားလည်မှုလို၍သာဖြစ်သည်

အချစ်မှာ လျှို့ ဝှက်ချက်တွေရှိနေတော့
နွေးထွေးခြင်းဆိုတာလည်း
ကျွန်တော် မသိခဲ့ပါဘူး …

နီနီဝါ၀ါ ပြာပြာစိမ်းစိမ်းတယိမ်းယိမ်းကြား
အတုအစစ်ဆိုတာ ဘာကိုဆိုလိုတာလဲ..

အလွမ်းတွေကိုသာ အဖော်လုပ်နေရမယ်ဆိုရင်
ကျွန်တော့်အတွက် အရိပ်ဆိုတာတောင် မလိုတော့ဘူး ..
အားတင်းထားတဲ့ ကျွန်တော့်စိတ်တွေ အလွမ်းနဲ့ မိတ်ဆွေဖြစ်နေပီ ..

ကလကာချဇာတ်သိမ်းဆိုပေမယ့်
ကလကာချလို့ မဖြစ်သေးတဲ့ ဇာတ်လမ်းအတွက်
ကျွန်တော့်ရင်မှာလည်း အလွမ်းတွေရှိသေးတယ် ..

ကျွန်တော့်အတွက် အိပ်စက်ခြင်းတွေကလည်း သူပေးတဲ့လက်ဆောင်
ကျွန်တော့်အတွက် လွမ်းခြင်းတွေကလည်း သူပေးတဲ့လက်ဆောင်
ကျွန်တော့်အတွက် ဆွေးခြင်းတွေကလည်း သူပေးတဲ့လက်ဆောင်

နှလုံးသားနားနေရာက ပျော်လည်း မပျော် တော်လည်းမတော်
ရုန်းရင်းကန်ရင်းနဲ့ ဖြတ်သန်းနေရတဲ့ဘ၀တွေ
အခုထိ မအေးချမ်းသေးပါ့လား

မရတာတွေ မလိုချင်တဲ့စိတ်
မဖြစ်နိုင်တာတွေ မတောင့်တတဲ့ စိတ်ကလေးမွေးပြီး
ပျော်စရာ ကမ္ဘာလို့
ငါဖန်တီးရတော့မှာပေါ့ ..။

Snuo Mwoani

Sunday, April 17, 2011

For My All Dear Brothers



ခရေပန်းကလေး
ခြောက်နေပေမယ့် မွှေးနေသေးတယ်
အကြွေပန်းကလေး
ပျောက်နေပေမယ့် ပိတောက်ဆိုတာ ပေါ်လာတော့
နှစ်သစ်မှာ အတာကူး ငါ မြူးလို့နေချင်ပါတယ်…..

ဒီနှစ်မှာပွင့်တဲ့ ပိတောက် မနှစ်ကထက် ပိုမမွှေးဘူး ..
ဒီနှစ်မှာပွင့်တဲ့ ပိတောက် မနှစ်ကထက် ပိုမလှဘူး ..
ငါ့ ရင်ထဲမှာတော့ ပိတောက်က ပိတောက်ပါပဲ ပိတောက်ရယ် ...

သင်းသင်းမွှေးတဲ့ ရနံ့လေးကို စွဲလန်းတော့
ပုံသဏ္ဍာန်မဲ့ စိတ်ကူးတွေနဲ့
ငါ ဒီနှစ်မှာ အတာကူး နှလုံးသားလည်း ရူးနေပါပြီ …

ဝေတိုင်းမွှေးတဲ့ ပိတောက်တွေ
ကြွေတိုင်းမွှေးတဲ့ ပိတောက်တွေ
အနံသင်းသင်း ရင်တွင်းကိုစွဲစေသလား
သင်္ကြန်ဆိုတာနဲ့
ငါ ပိတောက်ကိုလွမ်းနေရပီ…

မနေ့က မနမ်းရက်တဲ့ ပိတောက်တစ်ခက်
အတာအိုးမှာ အလှဆင် သူဘ၀င်တွေ ကိုင်လို့
မြေစာပင်ကို ဟားတိုက် မိုက်လိုက်တဲ့ ပိတောက်ရယ် ..

ဒီနေ့ အတာအိုးထဲက ပိတောက်တစ်ခက်ကိုယူပြီ မွှေးကြည့်လိုက်ပါတယ်..
သူ့ မှာ အနံမရှိတော့ဘူး ..
မြေစာပင်ကလေးတွေကတော့ စိမ်းနေတုန်းပဲ ..

အခုတော့ ငါလျှောက်နေတဲ့ ပန်းသီးလမ်းကလေး
ငါ ၀ယ်နေကြဆိုင်ကလေး
ငါ့အနားက သူငယ်ချင်းတွေ
ညီလေးတွေ
ပိတောက်နေရာ အစားထိုး
ငါ့အတွက် အားအင်တိုးခဲ့ရတယ် ..

အသည်းကွဲခြင်းအတွက်
ခံစားချက်ကို ကဗျာအဖြစ်ပြောင်း
အဟောင်းဆိုတာ ကျွန်တော့်မှာမရှိတော့ဘူး ..

ကဲညီလေးတို့ရေ
ဘ၀ အမောတွေပြေဖို့
အတာအေးအေးတစ်ခွက်လောက် ယူလာပေးပါအုံး ..။

Snuo Mwoani

Saturday, March 12, 2011

My Dream



Snuo Mwoani CMT

Friday, March 4, 2011

Bye Bye



ညနေခင်းလေးရဲ.
နေ၀င်ချိန်တိုင်းမှာ
နှုတ်ဆက်ဖို့မရဲခဲ့တာ
နင်တစ်ယောက်တည်း မဟုတ်ပါဘူး

မြတ် ရယ် .....။

အားလုံးကို ကျောခိုင်းဖို့
ငါကြိုးစား ခဲ့ပေမယ့်လည်း
ပတ်ဝန်းကျင်ဆိုတာရှိနေတော့
ငါ့ရင်ထဲက ဝေဒနာတွေကို
အခုချိန်ထိ
မြိုသိပ်နေရဆဲပါ ........။


ခံစားချက်ကို ဖွင့်ဟဖို့
နှလုံးသားထဲက ရသတွေက
ဘယ်လောက်ပဲ ကောင်းကောင်း
ငါ့ နှုတ်ခမ်းအစုံက ဆွံအနေတော့
လူမသိတဲ့ တစ်နေရာမှာ
ငါ ကြိတ်ငိုနေရတယ်

မြတ် ရေ ......။

မျက်ရည်တွေအားလုံးကို
တစ်နေရာတည်းမှာ
တစ်ထိုင်တည်း
ငိုပစ်လိုက်ချင်ပါတယ်
နောက်ထက်ခံစားမှုအတွက်
ကျလာမယ့် မျက်ရည်တွေကို
ငါ မလိုချင်တော့ဘူးလေ ... ။



ငါ့မျက်ရည်တွေကျမှ

မင်းကျေနပ်မယ်ဆိုရင်
မင်းမယုံဘူးဆိုရင်
ဆောင်းထားတဲ့ ထီးကလေး ကို
ဖယ်လိုက်ပါ
မင်း မိုး လို့ ထင်နေတာ
ငါ့ မျက်ရည် တွေပါ

မြတ်
ရယ် ...။


ဘ၀ရဲ. အစိတ်အပိုင်းမှာ အချစ်ဟာလည်း နေရာတစ်နေရာ ယူတာပါပဲလား .....................။

ကျွန်တော့်ဘ၀ထဲက သူအပြီးအပိုင်ထွက်ခွာသွားပါပီ ..

Snuo Mwoani CMT



Saturday, January 1, 2011

For January

ချစ်သောဇန်န၀ါရီ

မနက်ခင်းတိုင်းမှာ
နူးညံတဲ့လေပြေတွေ
ဆက်သဖို့ ဇန်န၀ါရီရောက်လာပြီ ..

ဇန်န၀ါရီကို အရုပ်ကလေးလို
ကစားချင်သူများအတွက်
မြေပြင်ကို နှင်းမွေ့ယာတွေ ခင်းပေးထားတယ် ..

ဇန်န၀ါရီကိုချနင်းဖို့အတွက်
ပျော့ပြောင်းတဲ့ နှင်းပွင့်ကလေးတွေကို
မာကျောတဲ့ ရေခဲပြင်အဖြစ်
မြေလွှာပေါ်မှာ
ကျောခင်းထားတယ်..

နှင်းမွေ့ယာတွေပေါ်နင်းဖြတ်သွားတဲ့
ခြေလှမ်းတွေအတွက်
ဇန်န၀ါရီမှာ ခွင့်လွှတ်ခြင်းတွေ ရှိတယ် ..

အထင်လွှဲနေတဲ့
မှားယွင်းခြင်းတွေကို
နားလည်ဖို့အတွက်
ဇန်န၀ါရီက နှစ်သစ်တစ်ခုကို
အမြဲအစပျိုးပေးခဲ့တယ် ..

နှစ်သစ်နှင့်အတူ
အားအင့်တွေ ပြည့်စေဖို့
အရာအရာကို အသစ်ဖန်တီးပေးတယ်

ဂန္တ၀င်မြောက်မယ့် ဇာတ်လမ်းတွေ အတွက်
ဇန်န၀ါရီဟာ ပေးဆပ်ခြင်းတွေ
ရင်မှာ ပိုက်ထားတယ် ။

စိမ်းကားနိုင်လွန်းတဲ့
မာယာတောကို
ဖြူစင်တဲ့ သဇင်ပန်းတွေနဲ့
ဇန်န၀ါရီမှာ အလှဆင်ခဲ့တယ် ..

တောအလှမာယာ ၀င်္ကပါကထွက်ဖို့
ခွာညိုပန်းတွေ
ဇန်န၀ါရီမှာ လမ်းခင်းခဲ့တယ် ..

ပျော်စရာတွေ မရှိတဲ့ ခရောင်းလမ်းလည်း
ဇန်န၀ါရီမှာ အေးချမ်းနေပြီ ..
အေးချမ်းခြင်းတွေနဲ့ အတူရှိစေဖို့
ဖြူစင်တဲ့ နှင်းကလေးတွေကို
ဇန်န၀ါရီက လက်ဆောင်ပေးနေပြီ ..

အရိုးသားဆုံးမှင်တစ်စက်ဟာ
ဇန်န၀ါရီအတွက် ယုံကြည်မှု ဖြစ်ပါစေ ..။

ဇန်န၀ါရီ ရဲ့  အေးချမ်းခြင်း၊ ဖြူစင်ခြင်းတွေနဲ့ အတူ
အားလုံးလည်း အေးချမ်းကြပါစေ ဖြူစင်ကြပါစေ ..


Snuo Mwoani CMT


Friday, December 31, 2010

1 to 10

ကျွန်တော်ပြောချင်တဲ့ တစ် မှ တစ်ဆယ်

တစ်
တစ် နေ.မှာပေါ့ သူကို ကျွန်တော် ချစ်တယ် မိတယ်
နှစ်
နှစ်နှစ်ကာကာချစ်မိပါတယ်
သုံး
သောက်သုံးလို. မကုန်နိုင်တဲ့ သမုဒ္ဒရာရေ လို အချစ်မျိုးနဲ.ပေါ့
လေး
လေးလေးနက်နက် စဉ်းစားပေးမယ်တဲ့ သူက
ငါး
ငါးတွေဟာရေ ရှိမှ အသက်ရှင်နိုင်သလို ကျွန်တော်မှာ လည်း သူရှိမှ အသက်ရှင်နိုင်မယ်လေ
ခြောက်
သူ ကျွန်တော် ကို နှလုံးသွေးတွေ ခမ်း ခြောက် လောက်အောင်ထိတော့ ရက်စက်မယ် မထင်ဘူးလေ
ခုနှစ်
ခုနှစ် ဆိုတဲ့ လက်ကီး ဂဏန်းလေးလိုပဲ ကျွန်တော် ကံကောင်းချင်လိုက်တာ
ရှစ်
ရှစ်လေး ...အဲ ...ချစ်လေး လို. တာ ကျွန်တော် သူကို ခေါ်လိုက်ချင်တော့တယ်
ကိုး
ကိုး ကို ရာမဲ့နေတဲ့ ကျွန်တော် ဘ၀ မှာ သူက အရိပ်ကလေး တစ်ခုပါ
တစ်ဆယ်
ဆယ်နှစ်ဆယ်လီ ချစ်ပစ်လိုက်မယ် ။ ကမ္ဘာ ဆယ်သိန်း ဆိုတာ ကျွန်တော် သူကို ချစ်နေတဲ့ ကာလနဲ. ယှဉ်ရင် သဲပွင့်လောက်ပဲ ရှိပါတယ် ။


ပြုံးလျှက်ငိုနေမယ့် ဘ၀တော့
မခင်တွယ်ချင်ပါဘူး
အမုန်းကို ပေးသနားရင်လည်း
ချစ်မျက်ရည်တွေ မသိပါစေနဲ.
မျက်ရည်ကို အရမ်းမုန်းလို.ပါ ...
သံသရာမှာ ကျင်လည်နေ သမျှတော့
အဖန်တစ်ရာ ကြင်နာမြဲပါ
ကလေး ရယ် ....
ဆုတောင်းတိုင်း သာပြည့်မယ်ဆိုရင်
ချစ်သောသူ နှင့်
မုန်းသောမျက်ရည်
ပူလောင် သောက
ဘယ်သေအခါမှ
အတူ မရှိပါစေနဲ. လား ....။

ချစ်တတ်သူတိုင်း နားလည်ပေးသောသူ

Snuo Mwoani CMT


Thursday, December 9, 2010

Miss My Dear Father



ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်းဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိတာပေါ့
တစ်နေ့မှာဆုံးရာ ရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား ။

အဖေအတွက်ဂုဏ်ယူရမယ့် သားတစ်ယောက်ဖြစ်ရပါစေမယ့်လို့ အဝေးရောက်သားတစ်ယောက် ဒီကဗျာလေးနဲ့ အဖေ ကို ကန်တော့ အပ်ပါသည် ။

မိမိဘ၀ တိုးတက်မြင့်မားရေးအတွက် အခက်အခဲ အတားအဆီးများကြားမှ မဆုတ်မနစ် ကျားကုတ်ကျားခဲ ကြိုးစားနေကြသော သူငယ်ချင်းများလည်း အစစ အရာရာ အောင်မြင်ကြပါစေ ။ မိမိတို့လိုရာ ပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါစေ ခင်ဗျာ ....။

Snuo Mwoani CMT



Tuesday, November 9, 2010

Good Luck All

လပြည့်ည ကောင်းကင်မှာ
ငါ မြင်ခဲ့သော
နဂါးငွေ့တန်းတွေဟာ
မနက်ခင်းမှာ ပျောက်ကွယ်သွားပြီ ..

မှော်ဆန်တဲ့ နဂါးငွေ့တန်းတွေလို
နှလုံးသားရဲ့  မနက်ခင်းတစ်ခုမှာ
ချစ်ခြင်းတရားဟာလည်း
ပျောက်ကွယ်သွားတော့မလား ..

ငါ့နှလုံးသားတွေ နာကျင်လာပြီ ..

မနက်ဖြန်ဆို သက်သာသွားမှာပါဆိုတဲ့ အတွေး …
သန်းခေါင်ယံတွေသာ တစ်ခုပြီးတစ်ခုဖြတ်လာတယ်
သက်ပြင်းတွေအောက်က
ခေါင်းအုံးလေးတောင် မျက်ရည်နံ့ကို ယဉ်ပါးလို့။
မျက်ရည်တွေ ကျခဲ့တာ ခေါင်းအုံးလေးက သိနေတော့ ..
သူ့ကိုသနားရင် ..
အိပ်ပျော်အောင်အိပ်ပါတော့ ...

ဘယ်သူ့ မှမမြင်စေချင်တဲ့ မျက်ရည်တွေ ကို
ကိုယ်တိုင်တော့ ကြည့်ချင်တယ်..
သူ့ကို မြတ်နိုးလို့..အရမ်းချစ်လို့
ကျတဲ့ မျက်ရည်တွေ ဆိုတာ သိနေလို့

ထလိုက်ထိုင်လိုက် .. လူးလိုက်လိမ့်လိုက်နဲ့
ဒီကမ္ဘာလေးမှာ ..ငါပျော်အောင် ကြိုးစားခဲ့ရတယ် ..

ကျေးဇူးပြု၍ အရိပ်ရယ် ငါ့ကိုမခြောက်လန့်ပါနဲ့တော့..

အနားမညီတဲ့ ချစ်ခြင်းတရားတွေအတွက်
နားလည်မှုဆိုတာ ဖြေဆေးတစ်ခုဖြစ်ခဲ့ရင် ..
အိပ်မရတဲ့ ဒီညမှာ ဖြေဆေးကို သောက်လို့
ငါ အိပ်စက်ပါရစေ ……

..................................................................
သင် လူတစ်ယောက်အတွက် ပြင်းပြင်းထန်ထန်မခံစားချင်ဘူးဆိုရင် အဲဒီလူအတွက် နားလည်မှုပေး နိုင်အောင် ကြိုးစားလိုက်ပါ .. သင့်စိတ် ပင်ပန်းမှုအတွက် ဖြေဆေးတစ်ခုလို အထောက် အကူပြုပါလိမ့်မယ် ..။

ချစ်ခြင်းတရားမှ ပေါက်ဖွားလာတဲ့ အေးချမ်းသော နူးညံသော ခံစားချက်များ လူသားအားလုံး ပိုင်ဆိုင်နိုင်ပါစေ

09.11.2010

Snuo Mwoani CMT

Tuesday, September 14, 2010

Miss My Dear Mother


မြင့်မြတ်ကြီးမားသော ကြင်နာခြင်းတရားသည်
မိခင်တို့၌
ထာဝစဉ်တည်ရှိနေမည်ဖြစ်သော
တုနှိုင်းမရသည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်သည် ။


ဝေးတစ်မြေက သားတစ်ယောက်ပါ
ခဏလောက်မြင် ကြည့်ပါအုံး
ပြီးခဲ့တဲ့ အတိတ်ကံကို
အရိပ်မှန် ဆိုတာသိရမှ
မိဘ လို့တောင့်တမိတဲ့ ကျွန်တော် လေ

အဖော်တွေနဲ့ ပျော်နေသမျှ
အမေ ကရောလို့
ရေးရေးမှမတွေးမိခဲ့ပါဘူးလေ ။

ဖန်တစ်ရာ ကြုံလာတဲ့ လူတွေထဲ
အပူတွေပဲ ရခဲ့တယ် အမေ

မခေါ်ပဲရောက်လာတဲ့ သောကတွေနဲ့
လောကမှာနေသမျှ
မသေချာတာကများလို့
သားအဖို့တော့ မှားနေမှ
သားအမေကရောလို့
ဘ၀အမောတွေနဲ့
တမိတဲ့သူပါ အမေ

ဆေးမရှိတဲ့ ဘ၀အပူမြင်မှ
အရင်ကဆိုတဲ့ အေးရိပ်က အမေ
ချွေးသိပ်ပါရစေဆိုပြီး ပြန်လာချင်ပါရဲ.
အမှန်မြင်လာတဲ့ ကျွန်တော်လေ
အမေ့ဆီကို ပြန်ရရက်ကို
မျှော်ကာနေမိတယ်
အမေ ရယ် ။



Snuo Mwoani CMT