Friday, April 16, 2010

How To Backup Windows Operation System

သင်္ကြန်အတက်နေ့အမှတ်တရ

ကျွန်တော်တို့လက်ရှိသုံးနေတဲ့ ၀င်းဒိုးတစ်ခုလုံးကို(လိုအပ်တဲ့ဆော့ဝဲလ်များအင်စတာလုပ်ပြီးသား) Backup လုပ်ရန် Acronis True Image Home Software နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားသာ ချက်ကတော့ ကျွန်တော်တို့ ၀င်းဒိုးကို ဖော့မက်ချပြီးတာနဲ့ ဆော့ဝဲလ်တွေ အင်စတာလုပ်ရတဲ့ ဒုက္ခ ၊ Restart ခဏခဏ ချရတဲ့ ဒုက္ခသက်သာပါတယ်။ အချိန်ကုန်သက်သာပါတယ်။ ဒါကြောင့်ကျွန်တော် ကြေငြာပေးတာပါ။ အခုကြေငြာ ပေးတဲ့ ဆော့ဝဲလ်က Windows XP အတွက်ပါ။ Windows 7 အတွက်လည်းရှိပါတယ်။ ဒါပေမယ့် Windows 7 မှာက Drivers တွေ အင်စတောလုပ်ရန် မလိုအပ်တဲ့ အတွက် ကျွန်တော် ပြောမပြတော့ ပါဘူး။ Acronis True Image Home Software ကို ဒေါင်းလုပ် ချရန်အတွက် ကျွန်တော် ဤပိုစ့်တွင် ရေးသားထားပေးပါတယ်။

အဆင့်(၁)။ ဆော့ဝဲလ်ကို အင်စတာလုပ်ပြီးတာနဲ့ ဆော့ဝဲလ်အားဖွင့်လိုက်ပါ။ ပုံ တွင်ပြထားသည့်အ တိုင်းပေါ် လာပါလိမ့်မယ်။ Backup ဆိုတာကိုရွေးလိုက်ပါ။
အဆင့်(၂)။ Next ပေးပါ။
အဆင့်(၃)။ ဒီနေ့ရာမှာကျွန်တော်က My Operation System ကို Backup လုပ်မှာဖြစ်တဲ့အတွက် C partition ကိုရွေးလိုက်တာဖြစ်ပါတယ်။ ကျန်တဲ့ partition ကိုလည်းရွေးလို့ရပါတယ်။ မိမိ Backup လုပ်ချင်သော ပါတေးရှင်းကိုရွေးပါ။ ထိုနောက် Next ပေးပါ။
အဆင့်(၄)။ မိမိ Backup လုပ်ချင်သော အရာကိုရွေးပါ။ ကျွန်တော်က My Computer ကိုရွေးထားပါ တယ်။ ပြီးလျှင် Next ပေးပါ။အဆင့်(၅)။ Backup လုပ်မည့် ဖိုင်က tib အမျိုးအစားဖြစ်ပါတယ်။ Backup လုပ်မည့် ဖိုင်ကို မိမိသိမ်း ချင်တဲ့ Partition တစ်ခုခုမှာ သိမ်းပါ။ ပြီးလျှင် Next ပေးပါ။
အဆင့်(၆)။ Create a new full backup archive အားရွေးချယ်ပြီး Next ပေးပါ။
အဆင့်(၇)။ Use default options အားရွေးချယ်၍ Next ပေးပါ။
အဆင့်(၉)။ Proceed ပေးပါ။
အဆင့်(၁၀)။ My Operation System အား Backup လုပ်နေတာဖြစ်ပါတယ်။
အဆင့်(၁၁)။ Backup လုပ်ခြင်းအောင်မြင်စွာ ပြီးသွားပါပြီ။

Backup လုပ်ထားတဲ့ဖိုင် မိမိ Save ထားသော Partition ထဲမှာ ယခုကဲ့သို့ ရရှိလာမှာ ဖြစ်ပါတယ်။
Backup လုပ်ထားသော ဖိုင်ကို Recovery လုပ်တဲ့အကြောင်းကို ကျွန်တော် နောက်ပိုစ့်တစ်ခုတွင် ရေး ပေးပါ့မယ်။ အားလုံးပဲအဆင်ပြေကြပါစေ။ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။ အစက ဒီအကြောင်းကိုမရေးတော့ ဘူးလို့ စဉ်းစားထားတာပါ ညီလေးတွေက ရေးပေးပါပြောလို့ ရေးလိုက်ပါတယ်။ ညီလေးတွေ အဆင်ပြေကြပါစေ။

Thursday, April 15, 2010

Driver Software For Windows XP

သင်္ကြန်အကြတ်နေ့ အမှတ်တရ

နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ ဆော့ဝဲလ်လေး ကတော့ My Drivers software လေးဖြစ်ပါတယ်ခင်ဗျာ။ Windows XP သုံးသူများအတွက် Drivers အခက်အခဲဖြစ်နေသူများအတွက်ပါ။ သူလည်းပဲ လိုအပ်နေတဲ့ Drivers တွေကို အလိုအလျှောက် အင်တာနက်မှာ ဒေါင်းလုပ်ချပေး ပါတယ်ခင်ဗျာ။ Keygen ထည့်ပေးထားပါတယ်ခင်ဗျာ။ ကျွန်တော်အခုတင်ပေးထားတဲ့ Searching Drivers Software တွေဟာ ကျွန်တော်ကိုယ်တိုင် သုံးထားတာဖြစ်ပါတယ်။ ဆော့ဝဲလ်တစ်ခုချင်းစီမှာ ကောင်းတဲ့အချက်လေးတွေ ကိုယ်စီရှိပါတယ်။ သုံးကြည့်ကြပါ။ သိပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။


Download
Mediafire

Wednesday, April 14, 2010

Driver Software For Windows XP

သင်္ကြန်အကျနေ့အမှတ်တရ
Photobucket

Windows XP သုံးသူများအတွက် Drivers အခက်အခဲဖြစ်နေသူများအတွက် နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ ဆော့ဝဲလ်လေး ကတော့ Driver Scanner 2009 software လေးဖြစ်ပါတယ်ခင်ဗျာ။ သုံးကြည့်နိုင်ပါတယ်။ သူလည်းပဲ လိုအပ်နေတဲ့ Drivers တွေကို အလိုအလျှောက် အင်တာနက်မှာ ဒေါင်းလုပ်ချပေး ပါတယ်ခင်ဗျာ။ Serials Keys ထည့်ပေးထားပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။





Download
Mediafire

Tuesday, April 13, 2010

Driver Software For Windows XP

သင်္ကြန်အကြိုနေ့ အမှတ်တရ

Windows XP သုံးသူများအတွက် Drivers အခက်အခဲဖြစ်နေသူများအတွက် Driver Genius Pro Software လေး သုံးကြည့်နိုင်ပါတယ်။ အလိုအလျှောက် လိုအပ်နေတဲ့ Drivers တွေကိုအင်တာနက်မှာ ဒေါင်းလုပ်ချပေး ပါတယ်ခင်ဗျာ။ အခု ကျွန်တော်တင်ပေးလိုက်တာက Portable လေးဖြစ်ပါတယ်။ သတိပြုရမှာက ဒီဆော့ဝဲလ်ကို Keys ထည့်တဲ့အချိန်မှာ အင်တာနက် ကွန်နက်ရှင် ဖြုတ်ထားရပါမယ်ခင်ဗျာ။ ပြီးမှ ပြန်ချိတ်ရပါ့မယ်။ အဆင်ပြေကြပါစေ။




Download
Mediafire

Monday, April 5, 2010

My Story


အပြစ်မပြောတော့ပေ ချစ်ချစ်ချောတို့ရေ
အသွင်မတူ၍ အဆင်မတူခဲ့လေသလား
အဆင်မတူ၍ အသွင်မတူခဲ့လေသလား

အောက်ချင်းငှက်သိုက်ပျက်လည်း သစ္စာမပြယ်ဘူး။
လက်စွပ်လည်းမရှိခဲ့ပါဘူး။

ဆိုးလိုက်တဲ့ အချစ်ကံ တာတေလန်ရော
ကျွန်တော့် နှလုံးသားကိုမှ ခလုတ်တိုက်
နှစ်ကြိမ်မှာ နှစ်ခါလှဲ
နှလုံးသားလည်း ကွဲနေပါပြီ။

ဖိတ်မံတကာ စိတ်ကြံရာပြု
နှလုံးသားကို အလှူပေး
အဝေးကိုပဲ ပြေးရတော့မလား။

ချစ်တယ် ဆိုတာ
ပုံပြင်ဖြစ်သွားပြီ ။


Snuo Mwoani CMT

Friday, March 26, 2010

For CAPRICORN_2010



အချစ်ကိုတန်ဖိုးထားသည်။ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အနစ်နာခံတတ်သည်။ စွဲမြဲ သော အချစ်နှင့် ချစ်တတ်သည်။ အစွဲအလန်းကြီးသည်။ ချစ်သူများခြင်း၊ ချစ်သူအပြောင်းအလဲပြုခြင်း မပြူ။ တစ်ဦး တစ်ယောက်တည်းအပေါ် လွန်လွန်ကဲကဲ၊ သဲသဲလှုပ်လှုပ်၊ တယုတယ ဦးစားပေးချစ်မေတ္တာထားခြင်း အပေါ် ၀ံ့ကြွားဂုဏ်ယူစွာ ပြုဆောင်တတ်သည်။ ချစ်သူနှင့် ပဋိပက္ခဖြစ်ရမည်ကို မလိုလား ။ အမြဲတစေ ညီညွတ်ချစ် ကြည်မှုကို လိုလားသူများဖြစ်ပေရာ ကျမ်းဂန်များတွင် “The Consistent Lovers” များဟု ခေါ်ဆို သတ် မှတ် သည်။ ကိုက်ညီသော တုန့်ပြန်အချစ်ပေးသူ ညီညွတ်သော မေတ္တာ ကို လိုလား သူများ ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျမှ သစ္စာကို ထိပ်တန်းတင်၍ နှစ်နှစ်ကာကာ ချစ်မြတ် နိုးမှုအပေါ် ညီညွတ်ကိုက်ညီသော တုန့်ပြန်မှုကိုရမည်ဟူသော ခံယူချက်နှင့် ချစ်တတ်သောသူများဖြစ် ပေသည်။
၂၀၁၀ ၊ ဇန်န၀ါရီ၊ ဧပြီ၊ ဇွန်၊ သြဂုတ်၊ အောက်တိုဘာ လများသည် မေတ္တာစန်းအထူးပွင့်သော လများ ဖြစ်သည်။ အချစ်ရေးအဆင်ပြေမည်။ ချစ်သူမရှိသူချစ်သူရမည်။ တစ်ဦးထက်ပိုသော ရွေးချယ်စရာများ ကြုံမည်။ အထူးသဖြင့် ၂၀၁၀ ..
• Jan 1,3,6,9,10,17,19,21,24,27,30
• Apr 1,2,4,7,10,17,19,21,24,27,30
• June 1,3,5,9,17,19,21,24,27,30
• Aug 2,4,7,9,10,17,21,23,27,30
• Oct 5,7,9,17,19,24,27,30 ရက်များတွင် မေတ္တာရေးအထူးကောင်းမည်။ အချစ်ရေးနှင့် ပတ်သက်သော ကံကောင်း၍ စိတ်ချမ်းသာစရာများ ဖြစ်မည်။
ဤတစ်နှစ်တာအတောအတွင်း မတ်၊ ဇူလိုင်၊ စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် မေတ္တာေ၇း အညံရှိသည်။ စိတ်အနှောက်အယှက်ဖြစ်စရာများ ရှိတတ်သည်။ တစ်နှစ်တာ အချစ်ကံခေရက်များ သည်ကား …
• Mar 2,4,8,12,16,19,22,26,28,31
• July 3,7,9,11,13,16,18,22,26,28
• Sept 3,5,9,17,21,24,27
• Dec 3,8,11,16,18,22,27,29 ရက်များတွင် စိတ်အနှောက်အယှက်များ ဖြစ်တတ်သည်။ ပြဿနာများဖြစ်ပါက ဖြေရှင်းရန်ခက်ခဲမည်။ ၎င်းရက်များတွင် ပြဿနာ အဖြစ်အောင်နေပါ ။ မလိုအပ်ပဲ စကားများခြင်း မရှိသင့်။

မကာရရာသီဖွားများသည် ပြိဿရာသီ Taurus များ၊ ကန်ရာသီ Virgo များတွင် မွေးသောသူ များ၊ Capricorn တွင် မွေးသောသူ များနှင့် အချစ်မေတ္တာ နွယ်ယှက်မှု အင့်အားမြင့်မား၍ အပြန်အလှန် ချစ်ခင်နားလည်မှု အများဆုံးဖြစ်သည်။ ချစ်သူဘ၀ကိုရောက်ပါက အိမ်ထောင် ကျသည်အထိ ဖြစ်ပေါ်မှုအားအထူးကောင်းသည်။ ချစ်သူဘ၀ရောက်က ဆုံးစည်းလေ့ရှိ၏။ အခြားရာသီဖွားများနှင့် ပက်သက်မှုကား ပုံမှန်သာ ဖြစ်၏။ အသက် ၁၆၊ ၁၉၊ ၂၂၊ ၂၈၊ ၃၄၊ ၃၆၊ ၃၉၊ ၄၄ ရောက်သူများ အချစ်ကံခေသည်။ အခြားသော သူများမေတ္တာရေး ကောင်း၏။ အသက် ၁၇၊ ၂၁၊ ၂၃၊ ၂၅၊ ၂၉၊ ၃၂၊ ၃၅၊ ၃၇၊ ၄၂၊ ၄၅၊ ၄၇ ရောက်သူများ အထူးစန်း ကောင်းသည်။

စံ-ဇာဏီဘို မှ ပြန်လည်ကူးယူဖော်ပြသည်။

အားလုံးပဲ ချစ်ခြင်းမေတ္တာဖြင့် အေးချမ်းသော ဘ၀များ ပိုင်ဆိုင်ကြပါစေခင်ဗျာ။

Sunday, March 7, 2010

How To Install Window XP From USB Flash Drive

အဆင့်(၁)။ Novicorp WinToFlash ဆော့ဝဲလ်အား ဤနေရာမှဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချပြီးပါက ရရှိလာသော ZIP ဖိုင်လားဖြေလိုက်ပါ။ ထိုနောက် WinToFlash.exe အား Click လုပ်ပါ။ Accept ပေးပါ။ ထိုနောက် Windows Setup transfer Wizard ဟူသော အစိမ်းရောင် button အား နှိပ်ပါ။


အဆင့်(၂)။ Next ပေးပါ။

အဆင့်(၃)။ Window files path: ဆိုသောနေရာတွင် CD Driver ခွေရှိသည့်နေရာအားပေး၍ အိုကေ ပေးပါ။

အဆင့်(၄)။ USB Drive: နေရာတွင် မိမိ USB ရှိသောနေရာအား ပေး၍ အိုကေပေးပါ။

အဆင့်(၅)။ Next ပေးပါ။ ဒီအဆင့်ကတော့ မိမိတို့ဝယ်လာတဲ့ ၀င်းဒိုးစီဒီခွေထဲက ဖိုင်တွေကို USB ထဲကို transfer လုပ်နေတဲ့အဆင့်ပဲဖြစ်ပါတယ်။
အဆင့်(၆)။ အားလုံးပြီးသွားလျှင် Next ပေးပါ။

အဆင့်(၇)။ Exit ပေးပါ။ ဒါဆိုရင် အားလုံးအိုကေသွားပါပြီခင်ဗျာ။


မိမိကွန်ပျူတာအား restart ချပြီး Boot Menu မှာ USB အား First Boot ပေး၍ ၀င်းဒိုးအား အင်စတောလုပ်ပါ။ ၀င်းဒိုးအင်စတောလေးရှင်းကတော့ ပုံမှန်အတိုင်းပါပဲခင်ဗျာ။ မရှင်းလင်းပါကအောက်တွင် ဗီဒီယိုဖိုင်ကြည့်နိုင် သည်ခင်ဗျာ။ အားလုံးပဲ အိုကေကြပါစေ။