စီးပွားတက်မည် ။ အလုပ်အကြံအစည်များ အောင်မြင်မည် ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ အဖို့ ယခင်တစ်ကြိမ်တစ်ခါမှ ဈေးကွက်တွင် မထိုးဖောက်ဖူးသေးသော ပစ္စည်းများ ဖြန့်ချိ၍ အဆင်ပြေမည် ။ လူသိနည်းသော ဈေးနှုန်းသက်သာသော ပစ္စည်းများကို လူသိများအောင် စီမံ နိုင်ပြီး အကျိုးအမြတ် ကောင်းစွာရရှိမည် ။ လုပ်ငန်းခွင်မှ သူများတွင် ဖွဲ့စည်းမှုသစ်များ ကြုံရမည် ။ အခေါ်အဝေါ် ဆန်းသစ်သော ရာထူးများ လက်ခံတာဝန်ယူရတတ်သည် ။ လူသစ် များနှင့် လက်တွဲပြီး ဆောင်ရွက်သော ကိစ္စများ အဆင်ပြေမည် ။ သတ်မှတ်ထားသော ကာလအတွင်း ပြီးမြောက်ရန် အလွန်ခက်ခဲသော လုပ်ငန်းများ တာဝန်ယူရခြင်း ၊ အများသူငှာ လုပ်ကိုင်လိုခြင်း မရှိသည့် အလွန်ပြဿနာများသော အလုပ်ကို တာဝန်ယူရခြင်းကြုံမည် ။ တွဲဖက် လုပ်ကိုင်သူများသည် ကိုယ်ပိုင် အရည်အသွေး ကောင်းလင့်ကစား လုပ်ငန်းခွင်ကစား လုပ်ငန်းခွင်ကျွမ်းကျင်မှု နည်းပါးပေရာ အောင်ခြေသိမ်းမှ အစ မိမိကိုယ်တိုင် လိုက်လံဆောင် ရွက်ပေးနေရတတ်သည် ။ ဤတစ်နှစ်တာ အတွင်း ကိုင်တွယ် လုပ်ကိုင်နေရသည့် လုပ်ငန်း မှန်သမျှလည်း အမှားအယွင်း အတိမ်းအစောင်း မခံနိုင်သော လုပ်ငန်းဖြစ်ပေရာ သက်သာ အေးချမ်းစွာ နားနေရန်ပင် ခက်ခဲမည် ။ မိုးလင်းမိုးချုပ် တကုပ်ကုပ် အလုပ်ပင်ပန်းနေမည် ဖြစ်ပေရာ စိတ်ပေါ့ပါးစွာ အိပ်စက်ရန် အချိန်နည်းပါမည် ။ တစ်ပါးသူ ဖြေရှင်း၍ မရသော အခက်အခဲများ လိုက်လံဖြေရှင်းပေးရမည် ။ အပင်ပန်းခံခြင်း ၊ ဇွဲကြီးခြင်းနှင့် မဖြစ်မနေ လုပ်ဆောင်ခြင်း၏ အကျိုးဆက်ကောင်း ခံစားရမည် ။ ယခင်လုပ်ခဲ့သော လုပ်ငန်းဟောင်းများ တဖြည်းဖြည်း ရပ်ဆိုင်းသွားပြီး လုပ်ငန်းသစ်များ စတင်ရတတ်သည် ။ အပြောင်းအလဲများ လုပ်ရန် ၀န်မလေးပါနှင့် ။ တစ်ကြိမ်တစ်ခါမှ လုပ်ကိုင်ဖူးခြင်း မရှိသော လုပ်ငန်းတာဝန်များ ကိုင်တွယ်သော အခါတွင်လည်း ဖြစ်ပါ့မလား ဟူ၍ ရင်တထိတ်ထိတ်ဖြစ်မနေပါနှင့် ။ ရဲရဲ ရှေ.တိုး ဆောက်ရွက်လိုက်ပါ ။ ရဲဝဲ့စွန့်စားခြင်း ၊ အတွေးအခေါ်ကောင်းခြင်း ၊ ဆုံးဖြတ်ချက် မှန်ကန်ခြင်းကြောင့် ဘ၀အောင်မြင်မှု အခိုင်အမာ ရမည် ။ လုပ်ငန်းမရှိသူ လုပ်ငန်းရမည် ။
အခြေအနေ ပေးသည့်အပေါ် မှေးထိန်းလုပ်ကိုင်ရာ မှ လူမှန်နေရာမှန် မိမိနှင့် ကိုက်ညီသော အလုပ်ရမည် ။ ကာလအတန်ကြာ မိမိမျှော်လင့်နေသော အလုပ်များလည်း ပိုင်ဆိုင်ရကိန်းကြုံ မည် ။ သမားရိုးကျ လုပ်ကိုင်ခြင်းများထက် လမ်းသစ်ထွင်၍ ဆောင်ရွက်ခြင်းများဖြင့် အောင်မြင်မှု အရှိန်အဟုန် မြင့်မားမည် ။ အလုပ်စီးပွား တိုးတက်သော အနေအထား ရှိ သော်လည်း အတိုက်အခံများ အနှောက်အယှက်များ နှင့် ထိပ်တိုင်ရင်ဆိုင်ရခြင်းများ မကြာ ခဏကြုံမည် ။
No comments:
Post a Comment