Monday, March 24, 2008

For CAPRICORN_2008

မည်သည့်နှစ်တွင် မဆို ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ ကြားမွေးသောသူများကို မကာရ ရာသီဖွား CAPRICORN များဟု သတ်မှတ်သည် ။ ရာသီ ၁၂ ပါးအနက် ဆယ်ခုမြောက်သော ရာသီခွင် ဖြစ်သည် ။ စရ လှုပ်ရှားခြင်းနှင့် ရှေ.ဆောင်ခြင်း သဘာဝကို ပိုင်ဆိုင်သည် ။ ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ် ရှေ.ပိုင်း လက်နှစ်ချောင်းနှင့် ငါးတစ်ကောင်၏ အမြီးပိုင်း တွဲထားသော မကန်းကောင်တစ်ကောင်၏ ပုံသဏ္ဌာန်ကို ကောင်းကင်ယံထက်တွင် ဖော်ကျူးထားပေသည် ။ ၎င်း မကန်းကောင်သည်ပင် မကာရ ရာသီ၏ ရာသီသင်္ကေတဖြစ်သည် ။



ကဲနိဒါန်းလေး ပြီးသွားပြီဆိုတော့ .....စလိုက်တော့မယ်နော် ......မကာရ ရာသီဖွားတို့ ရဲ့ အချစ်ရေး ၊ မေတ္တာရေး .....၂၀၀၈ မှာ မောင်မောင် အချစ် ကို ဘာတွေနဲ့ သက်သေပြ မလဲဆိုတာကို ဖတ်တာကြည့်လိုက်တော့ မိတ်ဆွေတို့ရေ .....အသည်းကွဲစရာ ရှိရင်လည်း ကြိုတင်ပြင်ဆင်ကြပေါ့ .....မင်္ဂလာဆောင်တော့မယ် ဆိုရင်လည်း လိုအပ်တဲ့ ခန်းဝင်ပစ္စည်းလေးတွေ စုထားတော့ ဗျာ .......အသက်ရှင်နေကြတဲ့ လူသားတွေမှာ ခံစားချက်လေးတွေ ကိုယ်စီရှိကြတာမို့ မကာရ ရာသီဖွားတို့လည်း အချိန်လေးရှိတုန်း တစ်ခုခုကိုတော့ ခံစားလိုက်ကြတော့ဗျာ ......ခံစားချက်တွေ ပေါက်ကွဲလာရင် ...ခံစားချက်တွေ ပြင်းထန်လာရင် ကျွန်တော့ ဘလော့ကို လာလည်လှည့်ဗျို . ....ဖြေဆေးလေးဘာလေး ရှာပေးထားမယ် ......ကဲဒီလောက်ပဲတော်ပါပြီဗျာ ...ကျွန်တော် ပြောချင်တာတွေ ပြောနေရင် လိုရင်ကိုရောက်မှာ မဟုတ်တော့ ဘူး ...ဒီမှာပဲရပ်လိုက် ပြီဗျာ ....ရေးပြီးဗျို. ......မကာရ ရာသီဖွားတို့ ရဲ့ အချစ်ရေး ၊ မေတ္တာရေး ...




အချစ်ရေး ၊ မေတ္တာရေး



မကာရရာသီဖွား အားလုံးတို့သည် အလွန်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည် ။ အမြဲထာဝရ ခိုင်မြဲသော မေတ္တာနှင့် ချစ်တတ်သူများ ဖြစ်ပေရာ ကျမ်းဂန်များတွင် The Consistent Lover များဟုသတ်မှတ်သည် ။ ချစ်သူအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း တစ်ဖက်လူ၏ တုံ. ပြန်မှု အနိမ့်အမြင့် မည်မျှရှိစေ လျော့ကျခြင်း မရှိသော တသမှတ်တည်းသော မေတ္တာပိုင်ရှင်ဖြစ်သည် ။ ချစ်တာ ပဓာန ဟူသော ရှေးစကားအတိုင်း တူနှစ်ကိုယ် နီးစပ်ရန် အကြောင်းအရာတွင် ဂုဏ် ၊ ပကာသန စသည့် အကြောင်းအရာများ ထည့်သွင်း စဉ်းစားခြင်းမရှိ ။ နိမ့်ခြင်း ၊ မြင့်ခြင်း ၊ သာခြင်း ၊ နာခြင်း အပေါ် ထည့်တွက်လေ့မရှိ ၊ မေတ္တာပေါ်တွင် သစ္စာဖြည့်စွက်၍ ပေးဆပ်သော နှလုံးသားပိုင်ရှင်များဖြစ်သည် ။ ဘ၀လမ်းကြောင်းတွင် တူညီသော မေတ္တာတုံ.ပြန်မှုရရန် ကံအခွင့်အလမ်း အလွန်နည်းပါးသည် ။ မိမိ၏ အချစ်ကြီးမှုအပေါ် အခွင့်အရေးယူသူများနှင့် တွေ့ရတတ်သည် ။ ယခုနှစ်တွင်ကား ထူးထူးခြားခြား အချစ်ရေး ၊ မေတ္တာရေး ကံကောင်းခြင်းနှင့် မေတ္တာအပေါ်တန်းဖိုးထားသူ မိမိအပေါ် တန်းဖိုးထား၍ မြတ်နိုသူများနှင့် ဆုံစည်းရန် အနေအထား ရှိသည် ။ အထူးသဖြင့်


  • 19 . 2 . 2008 မှ 20 . 3 . 2008 ကြား
  • 20 . 5 . 2008 မှ 20 . 6 . 2008 ကြား
  • 20 . 9 . 2008 မှ 20 . 10 . 2008 ကြား ကာလများတွင်ကား မေတ္တာရေး စန်းပွင့်မှု အလွန်မြင့်သည် ။ မိမိအပေါ် နားလည်သူနှင့် တွေ.ဆုံမည် ။ ပင်ကိုယ်သဘာဝတွင် မိမိကိုယ် မိမိ အထီးကျန်သဖွယ် ခံစားပြီး ဤဘ၀တွင် ညီမျှသော မေတ္တာရှင် တွေ.နိုင်ခွင့် မရှိဟု တွေးတောခံစားလေ့ရှိသည် ။ အထီးကျန်သော ကာလများ ကုန်ဆုံး၍ ထူးခြားသော အချစ်ရေးကံ အပြန်အလှန် အဆင်ပြေမှုများ အထက်ပါ ကာလများတွင် တွေ.ကြုံရမည် ။ ဘ၀အတွက် လက်တွဲဖော် အဖြစ် ရွေးချယ်နိုင်သော ချစ်သူကို တွေ.မည် ။ မူလ ချစ်သူ ရှိပြီး သူများအတွက်လည်း ချစ်သူ၏ တိုက်တွန်းမှုကြောင့် ခွန်အား စွမ်းပကားများ ထူးခြားစွာ တိုးမြင့် လာပြီး အောင်မြင်မှု တိုးတက်မှု ထူးထူးခြားခြား ရရှိမည် ။
  • 20 . 1 . 2008 မှ 19 . 2 . 2008 ကြား
  • 21 . 4 . 2008 မှ 20 . 5 . 2008 ကြား
  • 21 . 10 . 2008 မှ 20 . 11 . 2008 ကြား ကာလများတွင် မေတ္တာရေး အညံရှိသည် ။ စိတ်အနှောက် အယှက် ရှိမည် ။ ချစ်သူ၏ အထင်လွဲမှု ဖြေရှင်းရမည် ။ လှည့်စားစိမ်းကားမှု ခံရမည် ။ မိမိ အပေါ် အနိုင်ကျင့် ဗိုလ်ကျတတ်သည် ။ ချစ်သူနှင့် ခေတ္တယာယီ ခွဲခွာရကိန်း ကြုံမည် ။ ထိုကာလ ၃ ခုမှတစ်ပါး အခြားကာလများတွင် အညံမရှိ ကောင်းပါသည် ။



ပြိဿရာသီ ၊ ကန်ရာသီ ၊ မကာရရာသီ ဖွားများနှင့် မေတ္တာမျှနေသူများ အဖို့ ယခုနှစ်တွင် အလွန်ချောမွေ့သော မေတ္တာရေးလမ်းကြောင်း ကြုံမည် ။ အလွန်အဆင်ပြေမည် ။ တစ်ဦးနှင့် တစ်ဦး သံယောဇဉ် ပိုမိုငြိတွယ် မည် ။ မိဿရာသီ ၊ ကရကဋ်ရာသီ ၊ တူရာသီတွင် မွေးဖွားသူများနှင့် မေတ္တာမျှနေသူများအဖို့ ကောင်းဆိုးရောထွေးနေသည် ။ အပြန်အလှန် မေတ္တာရှိလင့် ကစား ဘ၀တိုးတက်မှုအတွက် ခေတ္တယာယီ ခွဲခွာရမည် ။ အသေးစား အထင်အမြင် လွှဲမှားမှုများ ဖြေရှင်းရမည် ။ ပြီးမှ အဆင်ပြေမည် ။

အခုနှစ်အတွင်း စတင်၍ ချစ်သူဘ၀ရောက်သူများကား ဘ၀နောင်ရေး အထူးအေးချမ်းမည် ။ အနာဂတ် ရေရှည် လက်တွဲဖော် အဖြစ် ရောက်ရှိမည် ။ ဖူးစာဆုံ ၊ အိမ်ထောင်ကျသည်အထိ မေတ္တာအင်အားကောင်းမည် ။ ချစ်သူနှင့် ဝေးကွာ၍ အထီးကျန်နေသော မကာရ ရာသီဖွား များအတွက်လည်း မိမိအပေါ် နားလည် ခွင့်လွှတ်မှု အပြည့် ရှိသော ချစ်သူနှင့် ဆုံးစည်းခွင့်ရမည် ။ အသက် ၁၆ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၃ ၊ ၂၅ အရွယ်ရောက်သူများ အထူးစန်းပွင့်မည် ။ အသက် ၃၃ ၊ ၃၅ ၊ ၃၈ ၊ ၄၀ ၊ ၄၂ ၊ ၄၄ ၊ ၄၆ အရွယ်လွန် အပျိုကြီး လူပျိုကြီးများ အဖို့ အိမ်ထောင်ကျကိန်း ရှိသည် ။

No comments:

Post a Comment