လှပသော မနက်ခင်းတိုင်းမှာ
လေပြေအေးအေး ရှိနေဆဲပါ
ငှက်ကလေးတွေ တေးဆိုဆဲပါ
သေချာ ခံစားကြည့်မယ်ဆိုရင်
မနက်ခင်းဟာ
ရင်ထဲကို ခံစားမှုတစ်မျိုးတော့ ပေးနိုင်ပါတယ် ။
လေထဲမှာ နှင်းတွေ ၀ဲနေတယ်
သိပ်လှတဲ့ မနက်ခင်းလေးမှာ
အထီးကျန်နေတာ ကျွန်တော် တစ်ယောက်တည်းပေါ့ ။
တနင်္ဂနွေနေ့ရဲ့ မနက်ခင်းတိုင်းဟာ
ကျွန်တော် အတွက်မဟုတ်ဘူးလား
ကံဆိုးတယ် ကံကောင်းတယ်လို့ ကျွန်တော် မသတ်မှတ်ချင်
အရာရာမှာ အလွှဲလွှဲအမှားမှားတွေ ရှိတတ်ပါတယ် ။
ခြေလှမ်းတွေလျှောက်တိုင်း ခြေရာတွေ ကျန်ခဲ့တယ်
သူ့ပြန်သွားတိုင်း ကျွန်တော်ရင်မှာ ကဗျာတွေ ကျန်ခဲ့ပါတယ်
ကဗျာတွေ နှလုံးသားမှာ ချန်ခဲ့လို့
အိမ်မက်တွေ ကျွန်တော် အဆုံးမသတ်ချင်ပါဘူး
သူ့ ရဲ့ အချစ်အိမ်ကလေးမှာ ကျွန်တော် အိပ်ပျော်ခဲ့တာပါ ။
ကျွန်တော် အတွက် ဖမ်းဆုပ်လို့မရတဲ့ လေညှင်းလေးဟာ
သူပဲလား .................................. ။
Snuo Mwoani CMT
No comments:
Post a Comment