
ခရေပန်းကလေး
ခြောက်နေပေမယ့် မွှေးနေသေးတယ်
အကြွေပန်းကလေး
ပျောက်နေပေမယ့် ပိတောက်ဆိုတာ ပေါ်လာတော့
နှစ်သစ်မှာ အတာကူး ငါ မြူးလို့နေချင်ပါတယ်…..
ဒီနှစ်မှာပွင့်တဲ့ ပိတောက် မနှစ်ကထက် ပိုမမွှေးဘူး ..
ဒီနှစ်မှာပွင့်တဲ့ ပိတောက် မနှစ်ကထက် ပိုမလှဘူး ..
ငါ့ ရင်ထဲမှာတော့ ပိတောက်က ပိတောက်ပါပဲ ပိတောက်ရယ် ...
သင်းသင်းမွှေးတဲ့ ရနံ့လေးကို စွဲလန်းတော့
ပုံသဏ္ဍာန်မဲ့ စိတ်ကူးတွေနဲ့
ငါ ဒီနှစ်မှာ အတာကူး နှလုံးသားလည်း ရူးနေပါပြီ …
ဝေတိုင်းမွှေးတဲ့ ပိတောက်တွေ
ကြွေတိုင်းမွှေးတဲ့ ပိတောက်တွေ
အနံသင်းသင်း ရင်တွင်းကိုစွဲစေသလား
သင်္ကြန်ဆိုတာနဲ့
ငါ ပိတောက်ကိုလွမ်းနေရပီ…
မနေ့က မနမ်းရက်တဲ့ ပိတောက်တစ်ခက်
အတာအိုးမှာ အလှဆင် သူဘ၀င်တွေ ကိုင်လို့
မြေစာပင်ကို ဟားတိုက် မိုက်လိုက်တဲ့ ပိတောက်ရယ် ..
ဒီနေ့ အတာအိုးထဲက ပိတောက်တစ်ခက်ကိုယူပြီ မွှေးကြည့်လိုက်ပါတယ်..
သူ့ မှာ အနံမရှိတော့ဘူး ..
မြေစာပင်ကလေးတွေကတော့ စိမ်းနေတုန်းပဲ ..
အခုတော့ ငါလျှောက်နေတဲ့ ပန်းသီးလမ်းကလေး
ငါ ၀ယ်နေကြဆိုင်ကလေး
ငါ့အနားက သူငယ်ချင်းတွေ
ညီလေးတွေ
ပိတောက်နေရာ အစားထိုး
ငါ့အတွက် အားအင်တိုးခဲ့ရတယ် ..
အသည်းကွဲခြင်းအတွက်
ခံစားချက်ကို ကဗျာအဖြစ်ပြောင်း
အဟောင်းဆိုတာ ကျွန်တော့်မှာမရှိတော့ဘူး ..
ကဲညီလေးတို့ရေ
ဘ၀ အမောတွေပြေဖို့
အတာအေးအေးတစ်ခွက်လောက် ယူလာပေးပါအုံး ..။
Snuo Mwoani
အသည်းကွဲခြင်းအတွက်
ReplyDeleteခံစားချက်ကို ကဗျာအဖြစ်ပြောင်း...
ီဒီကဗျာက ပိုအသက်ဝင်သွားပီပေါ့...
အားပေးလျက်ပါ။ ။ သူငယ်ချင်း... :)
တကဲ့ခံစားချက်တွေကိုထဲ့ထားသလိုဘဲ ဖက်လိုက်၇တော့်၇င်ထဲမှာတော်တော်Feelဖြစ်သွားတယ်ဖက်တဲ့သူကိုခံစားသွားအောင်ေ၇းထားအတွက်ကဗျာဆ၇ာစာစပ်တာတော်တယ်
ReplyDelete