Tuesday, April 26, 2011

ခံစားချက်၏ခေါ်ဆောင်ရာ




ဝါးတားတား မနက်ဖြန်တွေထဲက
ငါ တောင်းတနေတဲ့ ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသော အချိန်ကို မျှော်လင့်ရင်း
သူ့အတွက် ကျွန်တော် ရင်ခုန်နေပါရစေ ..

နေ့တွေ ညတွေ ပြောင်းနေသော်လည်း
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားရင်း
ရိုးသားစွာ သူကို ကျွန်တော်မျှော်နေပါရစေ ..

ဝေးလွန်းတဲ့ဘ၀တွေ
ဆုံနိုင်ရန်ခက်ခဲနေတော့
အဝေးက ဖျော့တော့တော့ နေရောင်လေးကို ငေးရင်း
မနက်ဖြန်လည်း ကျွန်တော်သူ့ကို မျှော်နေပါရစေ ..

အိပ်မက်နဲ့ စိတ်ကူးကို အဖော်လုပ်ရင်း
ကျွန်တော် သူ့ကို
နေ့တိုင်း လွမ်းနေပါရစေ ..

လေပြေအေးအေး နှင်းဖွေးဖွေးမှာ
နွေးနေ နေရာ ပြေးမရှာနဲ့
ပြင်းပြင်းမေတ္တာ ချစ်လှစွာဖြင့်
နေရာတိုင်းပေါ် မျှော်တဲ့စိတ်ကလေး
ရင်မှာ ဖြစ်တည်
အလွမ်းသည် ဟန်မဆောင်တတ်ပါ …

အမြင့်ကိုမှန်း လက်ကိုကမ်း
မလျှော့မေတ္တာ
မပျယ်သော ချစ်ခြင်းဖြင့်
တသွင်သွင်စီး ငါ မငြီးပေ
စက္ကန့်တိုင်းမှာ အလွမ်းအပြည့် …

နှင်းတွေကြွေတဲ့ လမ်းမှာ
လမ်းလျှောက်ခဲ့တဲ့ငါ
အခုတော့ ပုံပြင်ထဲက အလွမ်းသမားလေးလို
တိတ်တိတ်ကလေး လွမ်းနေရပြီ ..

မင်းပေးတဲ့ချစ်ခြင်းတွေနဲ့ အေးမြတဲ့ရာသီကို ငါဖြတ်သန်းခဲ့တယ်

လေတို့၏ ခေါ်ဆောင်ရာ သစ်ရွက်ကလေးတွေ လိုက်ပါသော်လည်း
ခံစားချက်၏ ခေါ်ဆောင်ရာ အချစ်မလိုက်ပါတော့
လွမ်းခြင်း တစ်ခုသာ ……………………………..

Snuo Mwoani

1 comment:

  1. "မင်းပေးတဲ့ချစ်ခြင်းတွေနဲ့ အေးမြတဲ့ရာသီကို ငါဖြတ်သန်းခဲ့တယ်"
    သူ က မ စစ် မှန် သော ချစ် ချင်း ပေး သွား တာ..
    လွမ်း စ ရာ မ လို သ လို အ သဲ ကွဲ စ ရာ လဲ မ လို ဘူး.
    သစ် စာ မ ရှိ တဲ့ သူ့ အ ချစ် ကို ရင် ခွင် ပိုက် ပီး မျော် နဲ့ နော.
    တ နေ့ တော့ ကို့ အ ပေါ် တ ကယ် ချစ် သော သူ တွေ့ မှာ ပါ

    အား ပေး နေ ပါ တယ်.. ဆက် ရေး read ပီး
    မျက် ရည် တောင် ကျ ချင် တယ်.

    ReplyDelete