Saturday, April 16, 2011

စိန္တာမဏိ ဂါထာတော်



စိန္တာမဏိ ဂါထာတော်

စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။

၀၁။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၀၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၀၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

ဤ စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။

ထိုဇာတ်တော်တွင် စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ န၀ရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည် ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့် စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။


သင်္ကြန်အတက်နေ့အမှတ်တရ


1 comment:

  1. မျှဝေခွင့်ပြုပါ။
    စာဝင်ရေးခြင်ပါတယ်။
    နည်းလမ်းညွှန်ပြပါ။

    ReplyDelete