အောင်ဆုပန် ဇယစက္က ဂါထာတော်
ဇယစက္ကော ဇယန္တော ယော
ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ
ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားသခင်ကိုယ်တော်မြတ်ကြီး သည်
ဇယာသနေ အောင်သိဒ်ဓိဆင်မြန်းသည့် မလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း
ဇယိတဗ္ဗေ အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို
ဇယန္တော အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ် ကင်း အောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား
ဇယာပေသိ ကိုယ်တော်မြတ်နှင့် အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွက်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ် တော်မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွက်ခေါင်မြတ်သရဖူ သယမ္ဘု မကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော
သော ဇယစက္ကော အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
မေ မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား
ဇယံ အောင်ခြင်းကို ၀ါ အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်နိဗ္ဗူပန်းခိုင်ကြီးကို
ဒေတု ပေးသနားတော်မူပါ အရှင်ဘုရား
No comments:
Post a Comment