ပန်းကလေးများ ပွင့်တော့မည်
ဖူးတန်ဝင့်ချီ...
နေခြည်မှာ ရွှေရည်လောင်း
ငါတို. စာသင်ကျောင်း ...
ဒီနေ့ ကျွန်တော်တို့ ကျောင်းစတက်ရတယ်။ ကျောင်းစတက်တဲ့နေ့ဆိုတော့ တက်တက်ကြွကြွရှိတယ်။ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့ရတာတွေကိုလည်း ပြန်ပြီးသတိရမိပါတယ်။ အတူတူကျောင်းနေခဲ့တဲ့ သူငယ်ချင်းတွေကော ကျွန်တော်တို့ကို ဒီအခြေအနေ ထိရောက် အောင်မြေတောင်မြှောက်ပေး ခဲ့သော ကျေးဇူးရှင် ဆရာ၊ ဆရာမများကိုလည်း သတိရမိပါတယ်။ ကျွန်တော်ကျောင်းသွားဖို့ မနက်တုန်းက လွယ်အိတ်ထဲကို စာအုပ်လေးတွေ ခဲတံပေတံလေးတွေ ထည့်လိုက်တဲ့ အချိန်မှာ ငယ်ငယ်က စိတ်ခံစားမှုတစ်ခုကို ပြန်ခံစားရတယ်။ ဒီလိုမျိုးခံစားရတာပေါ့။ ကိုယ်ကိုကိုယ် နုပျိုလန်း ဆန်းနေ တယ်။ ကျောင်းသားတစ်ယောက်အဖြစ်ခံယူပြီး လွယ်အိတ်ကို လွယ်လိုက်ကတည်းက ကိုယ်ကိုကိုယ် အပြစ် ကင်းစင်တဲ့လူတစ်ယောက်လို့ ခံယူမိ တယ် ။ ကျောင်းရက် ရှည်ပိတ်ထား လို့ ကျောင်းနဲ့ ဝေးနေပေ မယ့်ကျောင်း ပြန်ဖွင့် တဲ့နေ့မှာ ကျောင်းတော်ကြီးကို မြင်လိုက်တာနဲ့ ကျောင်းကြီးရှေ့ကို ရောက်တာနဲ့ပဲ ကျွန်တော် စိတ်ထဲမှာ တစ်မျိုးခံစားမိတယ်။ ကျန်တဲ့ ကျောင်းသားတွေလည်း ခံစားရမယ်လို့ ထင်ပါ တယ်။ ဖြူစင်အေးချမ်းသော ကျောင်းသားဘ၀ ကို ကျွန်တော် သဘောကျတယ် ..
ငယ်ငယ်က သူငယ်ချင်းတွေအခု အချိန်မှာ ဘယ်တွေရောက်လို. ဘာတွေလုပ်နေကြလည်း
အားလုံးပဲ အဆင်ကြပါစေလို. ကျွန်တော် ဒီ Blog လေးရေးသားရင်းနဲ.ပဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...
Snuo Mwoani CMT
No comments:
Post a Comment