Wednesday, September 19, 2007

I Miss You


သူမလာပေမယ့်
မျှော်နေမိတယ် ....။
သူ မရှိပေမယ့်
လွမ်းနေမိတယ် ...။
သူ. အကြင်နာ မရနိုင်ပေမယ့်
လိုချင်နေမိတယ် ...။
ခြေရာတွေလည်း ပျောက်
ရေကြည်လည်း နောက်ခဲ့ရပြီ ..
တောင့်တတိုင်းလည်း ဖြစ်မလာတော့
ခပ်မှိန်မှိန် မျှော်လင့်ချက်တွေနဲ.
ငါ ဘာကို ဖက်တွယ်ရမလဲ ...။
ဘ၀က လေနှင်ရာ
လွင့်တဲ့ သစ်ရွက်လို
မှီတွယ်ရာ မဲ့နေပြီလား ..။
တကယ်ပါ
တစ်နေ. တစ်ရက်တောင်မှ
အတွေ.ရခက်လျှင်
တမ်းတ လွမ်းရတယ် ..။
အကယ်၍
နေ.ရက်များစွာ
ဝေးကွာခဲ့လျှင်တော့
တွေးကြည့်ပေါ့ ချစ်သူရယ် ....။


စောင့်မျှော်နေသူ

Snuo Mwoani CMT


No comments:

Post a Comment