Tuesday, September 4, 2007

Nice Fruit

အလွမ်းသင့်သစ်သီး

တစ်ယောက်ယောက်ကို
အချိန်အကြာကြီး
စောင့်မျှော်နေရင်း
မျက်တောင်ခတ်သံနဲ.
တောင်ပံခတ်သံတစ်ခုကို
ငါကြားလိုက်တဲ့အချိန်မှာ
ငါဟာ အသက်ရှုသံနဲ. ရောယှက်ပြီး
ရင်ဘတ်မှာ
သစ်ခက်ကိုင်း တစ်ခုကို ဖန်းဆင်းခဲ့မိတယ် ..
မင်းခိုနားဖို. ငါ မကမ်းလှမ်းဝံ့ပေမယ့်
ပေးဆပ်နားလည် ချစ်တတ်သော
သစ်သီးတစ်လုံးကို
ငါရင်က သစ်ခက်ကိုင်းမှာ
ထုဆစ်ထားပါတယ် ..
မင်းမြင်တတ်ခဲ့မယ်ဆိုရင်
ငါထုဆစ်ခဲ့တဲ့ သစ်သီလေးဟာ
မင်းအတွက် တစ်သက်တာချိုမြိန်မှုကို
ပေးစွမ်းနိုင်ပါလိမ့်မယ်
ချစ်သောသူ ရယ် …။

တစ်ယောက်ယောက်ကို စောင့်မျှော်ရင်းနဲ.

Snuo Mwoani CMT


No comments:

Post a Comment