
သူလက်ချောင်းတွေက
သူသားတွေရဲ. နားကိုဆွဲဖြဲခဲ့
လူသွားလမ်းကလေးပေါ်
တောမီးကိုဖြန်.ခင်းလိုက့်ပေါ့
ဟိုတုန်းက
သူ့ အဘိုး သူ့ အဖေ ပေးခဲ့တဲ့ တေးသွားကို
ကျောရိုးတစ်ခုပေါ်မှာ
သူက
ဖျက်ဆီးရင်း
သူ့ ခံစားချက်ကို
မူသစ်အနေနဲ့ ဖန်ဆင်းတယ်
မီးတောက်နဲ့ မီးခိုးတွေက
သူအတွက်
မှော်ဆန်စေဖို.ပါ ….
သူအိပ်ကိုမပြန်ချင်ပါဘူး
သူက စန္တားကို အရေခွံနွာလို့
တဆက်ဆက်တုန်နေတဲ့
နှလုံးသားကိုထုတ်ယူ
စည်းချက်ကိုက်နေတာကတော့
လက်ချောင်းလေးတွေပေါ့ …
အပ်ချုပ်စက်နှင်းသလို
ခြေတစ်ချောင်းကို အသက်သွင်းတယ် ..
အဲဒီနောက်
သံစဉ်တွေကို ဖောက်ထုတ်လိုက် …..
ဒီနည်းနဲ. အချစ်တွေဟာ ပျံ့နှံ့
ကန္တာရမှာရှိတဲ့ အလောင်းတွေ ခေါင်းထထောင်
ဘယ်ဥသြမှမခံနိုင်ဘူး
ရေတံခွန်တွေလည်း ရပ်သွားပေါ့
လေထဲမှာက
လ နဲ့ ကမ္ဘာ ရဲ. လက်ထက်ပွဲတေးသွား
ဒါ
ဘယ်မိုးတိမ်
ဘယ်ဘုရင်မှ့ ပြေးမလွှတ်တဲ့
စန္တားရားဆရာရဲ. လက်ချောင်းများက
စီးကျလာတဲ့ သွေးများ ……
ရင်ထဲမှာ ချစ်တာပဲသိတယ်
ဘာကိုမှ မသိပါဘူး …..။
မင်းကလေး ဘယ်ရောက်နေသလဲ ရင်ထဲမှာ အရမ်းလွမ်းနေပါပြီ ။
Snuo Mwoani CMT
No comments:
Post a Comment