Monday, November 19, 2007

Please remember me !



သူလာချင်တဲ့ အချိန်လာ
သူပြန်ချင်တဲ့ အချိန်ပြန်
သူဘယ်အချိန်လာလည်း ကိုယ်မသိ
ကိုယ်ဘယ်အချိန်ရှိလည်း သူမသိ
အခုထိ
ဆုံနိုင်ခွင့် မရှိသေးတဲ့
တို့ နှစ်ယောက်
ဒါကို အချစ်လို့ ယူဆရမှာလား
မျှော်လင့်ချက်တွေ နှိပ်စက်တာများတော့
လူလည်း လုံးပါးပါးနေပါပြီ
ဒီနေ့ လို နေ့ မျိုး နောင်မဖြစ်ပါစေနဲ.ဗျာ
အိပ်ချင်တဲ့ စိတ်ဟာ အာရုံစူးစိုက်မှု မရှိလို့
ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု လို့ ဆိုပေမယ့်လည်း
ကျွန်တော် ရင်ထဲမှာ သူအတွက် ခံစားမှုဟာ
အခုချိန်ထိပြင်းပြဆဲပါ …. ။
“ ဝေးကွာနေသူ များနှင့် ပြန်လည်ဆုံဆည်းရမည် “ ဆိုတာ
ကျွန်တော် အတွက်လား
ဖုန်းသံကတော့ ကျွန်တော် ကို မနိုးဆွနိုင်ခဲ့ဘူးဗျာ
အဲဒီတော့လည်း
မနက်ဖြန် ဆိုတာလေးကို အားပြုပြီးတော့
…………………………… ။
သတိရပေးပါ
ကောင်မလေး ရယ် ။

Snuo Mwoani CMT


No comments:

Post a Comment