Friday, November 23, 2007

Full Moon Day

ဒီနေ့
အိပ်လို့မပျော်ဘူး
အပြင်ကိုငေးကြည့်မိတယ်
သာနေတဲ့ လ
ကဗျာဆန်တဲ့ ည
လမင်းကြီးဟာ သာနေပေမယ်
ကျွန်တော် ရင်ထဲက နှလုံးသားကတော့
အမှောင်ထဲမှာ ငိုနေဆဲပါ ။
နှုတ်ဆက် အပြုံးတွေဟာ
ကျွန်တော် အတွက်
ချိုမြိန်မှု မရှိခဲ့ဘူးလေ ။
ကျောခိုင်းလို့ ထားခဲ့တဲ့
ကျွန်တော် ရဲ့ နှလုံးသားဟာ
ပြန်လည်ဆုံဆည်းချိန်ကို
စောင့်နေတယ် ဆိုတာ
သူ မသိခဲ့ပါဘူး ။
လပြည့်ည မှာ
နှလုံးသားက
နွေးထွေးတဲ့ အငွေ့အသက်တွေ
ရပေမယ့်လည်း
အနားမှာ သူမရှိတော့
ရင်ထဲမှာ ဟာတာတာ ။

ရေအိုင်ထဲက
လရိပ်ကလေးက
ကဗျာဆန်ပေမယ့်လည်း
နှလုံးသားကို သော့ခတ်ခဲ့တာ
မဟုတ်တဲ့ ကျွန်တော် အတွက်တော့
ရင်ထဲမှာ ဟာတာတာ ။

မနေ့ကတွေ
မနက်ဖြန်တွေ
ကျွန်တော် မစဉ်းစားချင်ပါဘူး
ယခုအချိန်မှာ
ရင်ကိုလှုပ်နိုးစေတာကတော့
ဟာတာတာ ဖြစ်နေတဲ့ ရင်ဘတ်ကြီးက
ဟာတာတာ ဖြစ်နေတဲ့ ကောင်ကင်ကြီးက
ကြယ်တွေကို
ရေတွက်ရင်း ....... ။

Snuo Mwoani CMT

No comments:

Post a Comment