Wednesday, September 16, 2009

How to make a "Shut Down" icon on your desktop( very easy )

မိမိကွန်ပျူတာ desktop ပေါ်မှာ shutdown icon လေး လုပ်ကြည့်ကြရအောင် ။ အရမ်းလွယ်ပြီးတော့ အရမ်း လည်းကောင်းပါတယ် ။ အခြားကွန်ပျူတာတွေတော့ မသိဘူး ကျွန်တော့် ကွန်ပျူတာတော့ ဒီကောင်လေး ကလစ်လိုက်တာနဲ့ အချိန်ပိုင်းအတွင်းမှာ shutdown ကျသွားပါတယ် ။ Start Menu ကိုသွားစရာမလို တော့ ဘူးပေါ့ဗျာ ။

အဆင့် (၁)။ desktop ပေါ်မှာ Right Click ထောက်လိုက်ပါ။
အဆင့် (၂)။ New မှ Shortcut ကိုနှိပ်ပါ။
အဆင့်(၃)။ ပုံမှာပြထားသလိုပဲ shutdown -s -t 0 ရိုက်ထည့်ပါ။ ပြီးလျှင် Next ပေးပါ ။ 0 နေရာမှာ မိမိကြိုက်တဲ့ နံပါတ်ကို ပေးလို့ရပါ တယ် ။ အဲဒီအိုင်ကွန်လေးကို နှိပ်ပြီးတော့ shutdown ကျသွားမယ့်အချိန်ဖြစ်ပါတယ် ။

အဆင့်(၄)။ Type a name for this shortcut မှာ မိမိကြိုက်တဲ့ နာမည်ရိုက်ထည့်ပါ ။ ပြီးလျှင် finish ပေးပါ။



ဒါဆိုရင် desktop ပေါ်မှာ shutdown icon လေးပေါ်လာတာ တွေ့ပါလိမ့်မယ် ။ ပေါ်လာတဲ့ shutdown icon လေးကိုမကြိုက်ဘူး မိမိစိတ်ကြိုက် အိုင်ကွန်ပုံစံပြောင်းချင်တယ် ဆိုရင်တော့ shutdown icon လေးကို Right Click ထောက်ပြီးတော့ Properties မှ Change Icon ကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ အိုင်ကွန်ပုံစံလေးပေးလိုက်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Ok ပေးလိုက်ပါ ။ ဒါဆိုရင် မိမိ ပြောင်း လိုက် တဲ့ အိုင်ကွန်ပုံလေး ပေါ်နေပါ လိမ့် မယ် ။
ကဲ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။

Tuesday, September 15, 2009

Window XP Vista Window 7 Activater




Activates ပြုလုပ်ပေးနိုင်သော ၀င်းဒိုးများမှာ

၀၁။ Windows XP all versions. 32 or 64 Bit sp1/2/3
၀၂။ Windows Vista all versions. 32 or 64 Bit sp1/2
၀၃။ Windows windows7 ultimate 32 or 64 Bit

It makes windows xp/vista/win7 genuine.

Window XP Vista Window 7 Activater အားဒေါင်းလုပ်ချရန်
Photobucket

Friday, September 11, 2009

Total Video Converter 3.50 Final and Crack

Win98/98SE/Me/2000/NT/XP/2003/Vista/Win7 ( 32 y 64 bits ) မည့်သည့်ဝင်းဒိုးမဆို အသုံးပြု၍ ရပါသည်။




ခရက်ဖိုင် အား ထည့်သွင်းတာကိုတော့ ပြောမပြတော့ပါဘူး. အသုံးပြုသူအားလုံးလည်း သိမယ်ထင်ပါတယ်။ အဆင်မပြေရင်တော့ စီဘောက်မှာ ကွန်မန့်ရေးနိုင်ပါတယ် ခင်ဗျာ ။

Total Video Converter 3.50 Final and Crack အားဒေါင်းလုပ်ချရန်
Photobucket

Wednesday, September 9, 2009

All Adobe Photoshop Keygen 5.0,5.5,6.0,7.0 ,CS,CS2,CS3,CS4

All Adobe Photoshop Keygen 5.0, 5.5, 6.0, 7.0, CS, CS2, CS3, CS4 and More Adobe




မည့်သည့် Adobe Photoshop ဗာရှင်းမဆို ဤ ကီးဂျမ်းဖြင့် အသုံးပြုနိုင်ပါသည် ။ အားလုံးပဲ အဆင်ပြေကြ ပါစေခင်ဗျာ ။

၀၉ ရက်၊ ၉ လ၊ ၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ အစ်မ မနုနုထွန်း လည်း မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ ခင်ဗျာ ။


Keygen အားဒေါင်းလုပ်ချရန်
Photobucket

Saturday, June 6, 2009

Tree Menu for Joomla

Joomla အတွက် Tree Menu

Tree Menu ကို Install မလုပ်ခင်မှာ Extensions -> Plugin Manager - > System - Legacy အား Enable ပေးပါ ။ System - Legacy အား Enable မပေးလျှင် မရပါဘူးခင်ဗျာ ။


Demo
Download

Wednesday, May 6, 2009

Can't see but !


မပြောလည်းသိမယ့်
ဘာသာစကားတစ်ခု
နင့်မျက်လုံးမှာရှိတယ် ။

မကြည့်လည်းမြင်မယ့်
အရိပ်များ
ငါ့မျက်လုံးမှာရှိတယ် ။

မခေါ်ဘဲလှမ်းမယ့်
ခြေလှမ်းများ
နင့်ခြေထောက်မှာရှိတယ် ။

မလာလည်း
မျှော်တဲ့စိတ်
ငါ့ရင်ထဲမှာရှိတယ် ။

မတီးလည်းမြည်မယ့်
ဂီတာ
နင့်လက်မှာရှိတယ် ။

မဆိုလည်း
ကြားမယ့်သီချင်း
ငါဆိုဖို့ရှိတယ် ။

မခေါ်လည်းကြားတဲ့
အသံများ
ငါတို့အနားမှာရှိတယ် ။

မပြောဘဲ
ချစ်တဲ့နှလုံးသား
အတူတူရှိကြတယ် ။

မင်းနဲ့ပက်သက်လာခဲ့ရင်
ပိုင်ဆိုင်ခွင့်လည်း
မမျှော်လင့်တော့ပါဘူး ။
ဆုံးရှုံးမှုတွေလည်း
ထပ်မလိုချင်တော့ပါဘူး ။

မျှော်လင့်ခြင်း အိမ်မက်တွေလည်း
ထပ်မမက်ရဲတော့ဘူး ။

တစ်ခြားသူတစ်ယောက်
မင်းဘေးမှာမရှိသေးသ၍
တိတ်တိတ်ကလေးတော့
ချစ်နေဦးမှာ ။

ကျေနပ်တယ်

မချစ်တော့ရင်လည်း
နေပါစေ ။
ငါ့ဘ၀ထဲကနေပဲ
ချစ်နေခွင့်တော့
ရှိသေးတယ် ။

ပြန်မလာရင်လည်း
နေပါစေ ။
လွမ်းနေခွင့်တော့
ရသေးတယ် ။

မင်းကပေးခဲ့ရင်
ဘယ်လိုဒဏ်ရာနဲ့
အမှန်းတွေဘဲဖြစ်ဖြစ်
ဘာတွေရရ
ငါ ကျေနပ်တယ် ။

ရင်ထဲမှာ အကြိမ်ကြိမ်အော်နေမိတယ်
“ ….. ” ကို အရမ်းချစ်တယ် ။
လက်တွေ့မှာဆိုတော့ နှုတ်ဆိတ်
တိတ်တိတ်ကလေးပဲနေခဲ့တယ်
အကြိမ်ကြိမ်လည်း
ငါမငိုချင်တော့ပါဘူးလေ …………… ။ ( ပိုးလေး )

မှတ်ချက် ။ သူငယ်ချင်းကောင်မလေးတစ်ယောက်က သူငယ်ချင်းကောင်းလေးတစ်ယောက်ကိုပေးတဲ့ကဗျာ ဖြစ်ပါတယ် ခင်ဗျာ ။

Friday, May 1, 2009

How to make Tree Categories Menu in Wordpress

Wordpress မှာ Tree Menu Plugin ပြုလုပ်ပုံကိုပြောပြမှာ ဖြစ်ပါတယ် ခင်ဗျာ ။

အဆင့် ( ) ။ Plugin Browser/Installer မှာ Wp-dTree Plugin အား Install လုပ်ပါ ။ Wp-dTree Plugin အား www.wordpress.org တွင် ဒေါင်းလုပ်ချပါ နိုင်ပါတယ်ခင်ဗျာ ။

အဆင့် ( ) ။ Install လုပ်ပြီးလျှင် Activte ပေးပါ ။

အဆင့် ( ) ။ Activate ပေးပြီးလျှင် Settings သို့ ၀င်ပါ ။

အဆင့် ( ) ။ Settings တွင်မိမိစိတ်ကြိုက်ပြင်ပါ ။
အဆင့် ( ) ။ မိမိပြင်ထားသောအရာများအား အောက်ဆုံး Wedgt preview တွင် ပြန်ကြည့်နိုင် ပါတယ် ။

အဆင့် ( ) ။ မြန်မာစာလုံးပေါ်ရန် CSS Properties မှ Font family တွင် Zawgyi-One ထည့်ပါ ။
အဆင့် ( ၇ ) ။ Appearance -- > Widgets တွင် မိမိလိုချင်သော အရာများအား Add ပါ ။ ဥပမာ - WP-dTree Categories , WP-dtree Archives .


အဆင့် ( ) ။ Save Changes အားနှိပ်၍ မိမိဆိုက်အား ကြည့်နိုင်ပါပြီခင်ဗျာ ။ ။ မိမိထည့်ချင်သော ခေါင်းစဉ် များကို Categories တွင် Add ရမည် ဖြစ်ပါတယ် ။



Tree Menu ဖြင့်ဝက်ဆိုက်များ လုပ်ခြင်းဖြင့် မိမိရေးသားသော ပိုစ့်များအား ထိန်းချူပ်ထားနိုင်ခြင်း ၊ မိမိ ဆိုက် အား လာလည်သော ယူဇာများအတွက် အသုံးပြုရတာ လွယ်ကူခြင်း ၊ လိုချင်သော အရာ များအား အချိန်တို အတွင်း ရှာဖွေနိုင်ခြင်း စသည် ကောင်းတဲ့ အချက်တွေ အများ ကြီးပါခင်ဗျာ ။ Tree Menu ဖြင့်လုပ်ထားသော ၀က်ဆိုက်များအား ဖော်ပြလိုက်ပါတယ်ခင်ဗျာ ။
MMA က အဆိုတော်အလိုက်ရှာရန် ဆိုတဲ့ ခေါင်းစဉ်လေးဟာ Tree Menu ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။


Books-hive
စာအုပ်ဆိုက်ကလေး ကိုလည်းကြည့်ကြည့်နိုင်ပါတယ်ခင်ဗျာ ။



စိတ်ဝင်စားသူများ ကိုယ်တိုင်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ ။ ကျွန် တော် သိသလောက် ရေးသား ထားခြင်း ဖြစ် သည့်အတွက် လိုအပ်ချက်များ ရှိပါက နားလည်ပေးစေလို ပါသည် ခင်ဗျာ ။ အကြံဥာဏ်များလည်း ပေး နိုင် ပါ တယ် ခင်ဗျာ ။ အင်တာနက်စာမျက်နှာတွင် Tree Menu ဖြင့် သီချင်း ဆိုက်များ ၊ စာအုပ်ဆိုက်များ ဆော့ဝဲလ် ဆိုက်များ စသည်ဖြင့် နည်းပညာအကျိုးပြု ဆိုက်များ များစွာ ပေါ်ထွန်းပါစေ ခင်ဗျာ ။ မေလ ၁ ရက် နေ့ အမှတ် တရ အဖြစ်ရေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မနေ့ ည က စာမေးပွဲပြီးကတည်းက စာမေးပွဲပြီးတဲ့ အထိမ်းအ မှတ်အနေနဲ့ရေးမလို့ ပါ ။ ဒါပေမယ့် မေ ၁ ရက်နေ့ အထိမ်းအမှတ်ရေးတာက ပိုကောင်းပါတယ် လို့ စဉ်းစား မိလိုက်ပြီး ယနေ့တွင် ဤပို့စ်အား တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။



မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အစ်မ မမင်းမင်းထိုက် လည်း မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ ခင်ဗျာ ။ ပျော်ရွှင်တဲ့ မိသားစုဘ၀ ရကြပါစေ ။ သားသားမီးမီးတွေလည်း များကြီးရပါစေ ခင်ဗျာ ။



မေလ ၁ ရက်နေ့မှာ စတွေ့ခဲ့တဲ့ အချစ်ဆုံးညီမလေး ၀င့်ဝင့်လည်း ပျော်ရွှင်ပါစေ ခင်ဗျာ ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ ခင်ဗျာ ။

ခင်မင်စွာဖြင့်

Snuo Mwoani CMT