အဆင့် ( ၁ ) ။ Plugin Browser/Installer မှာ Wp-dTree Plugin အား Install လုပ်ပါ ။ Wp-dTree Plugin အား www.wordpress.org တွင် ဒေါင်းလုပ်ချပါ နိုင်ပါတယ်ခင်ဗျာ ။
အဆင့် ( ၂ ) ။ Install လုပ်ပြီးလျှင် Activte ပေးပါ ။
အဆင့် ( ၃ ) ။ Activate ပေးပြီးလျှင် Settings သို့ ၀င်ပါ ။
အဆင့် ( ၄ ) ။ Settings တွင်မိမိစိတ်ကြိုက်ပြင်ပါ ။
အဆင့် ( ၆ ) ။ မြန်မာစာလုံးပေါ်ရန် CSS Properties မှ Font family တွင် Zawgyi-One ထည့်ပါ ။
အဆင့် ( ၈ ) ။ Save Changes အားနှိပ်၍ မိမိဆိုက်အား ကြည့်နိုင်ပါပြီခင်ဗျာ ။ ။ မိမိထည့်ချင်သော ခေါင်းစဉ် များကို Categories တွင် Add ရမည် ဖြစ်ပါတယ် ။
Tree Menu ဖြင့်ဝက်ဆိုက်များ လုပ်ခြင်းဖြင့် မိမိရေးသားသော ပိုစ့်များအား ထိန်းချူပ်ထားနိုင်ခြင်း ၊ မိမိ ဆိုက် အား လာလည်သော ယူဇာများအတွက် အသုံးပြုရတာ လွယ်ကူခြင်း ၊ လိုချင်သော အရာ များအား အချိန်တို အတွင်း ရှာဖွေနိုင်ခြင်း စသည် ကောင်းတဲ့ အချက်တွေ အများ ကြီးပါခင်ဗျာ ။ Tree Menu ဖြင့်လုပ်ထားသော ၀က်ဆိုက်များအား ဖော်ပြလိုက်ပါတယ်ခင်ဗျာ ။
MMA က အဆိုတော်အလိုက်ရှာရန် ဆိုတဲ့ ခေါင်းစဉ်လေးဟာ Tree Menu ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။
Books-hive
စာအုပ်ဆိုက်ကလေး ကိုလည်းကြည့်ကြည့်နိုင်ပါတယ်ခင်ဗျာ ။
စိတ်ဝင်စားသူများ ကိုယ်တိုင်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ ။ ကျွန် တော် သိသလောက် ရေးသား ထားခြင်း ဖြစ် သည့်အတွက် လိုအပ်ချက်များ ရှိပါက နားလည်ပေးစေလို ပါသည် ခင်ဗျာ ။ အကြံဥာဏ်များလည်း ပေး နိုင် ပါ တယ် ခင်ဗျာ ။ အင်တာနက်စာမျက်နှာတွင် Tree Menu ဖြင့် သီချင်း ဆိုက်များ ၊ စာအုပ်ဆိုက်များ ဆော့ဝဲလ် ဆိုက်များ စသည်ဖြင့် နည်းပညာအကျိုးပြု ဆိုက်များ များစွာ ပေါ်ထွန်းပါစေ ခင်ဗျာ ။ မေလ ၁ ရက် နေ့ အမှတ် တရ အဖြစ်ရေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မနေ့ ည က စာမေးပွဲပြီးကတည်းက စာမေးပွဲပြီးတဲ့ အထိမ်းအ မှတ်အနေနဲ့ရေးမလို့ ပါ ။ ဒါပေမယ့် မေ ၁ ရက်နေ့ အထိမ်းအမှတ်ရေးတာက ပိုကောင်းပါတယ် လို့ စဉ်းစား မိလိုက်ပြီး ယနေ့တွင် ဤပို့စ်အား တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ ။
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အစ်မ မမင်းမင်းထိုက် လည်း မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ ခင်ဗျာ ။ ပျော်ရွှင်တဲ့ မိသားစုဘ၀ ရကြပါစေ ။ သားသားမီးမီးတွေလည်း များကြီးရပါစေ ခင်ဗျာ ။
မေလ ၁ ရက်နေ့မှာ စတွေ့ခဲ့တဲ့ အချစ်ဆုံးညီမလေး ၀င့်ဝင့်လည်း ပျော်ရွှင်ပါစေ ခင်ဗျာ ။
အားလုံးပဲ ပျော်ရွှင်ကြပါစေ ခင်ဗျာ ။
ခင်မင်စွာဖြင့်
Snuo Mwoani CMT
No comments:
Post a Comment