Wednesday, May 6, 2009

Can't see but !


မပြောလည်းသိမယ့်
ဘာသာစကားတစ်ခု
နင့်မျက်လုံးမှာရှိတယ် ။

မကြည့်လည်းမြင်မယ့်
အရိပ်များ
ငါ့မျက်လုံးမှာရှိတယ် ။

မခေါ်ဘဲလှမ်းမယ့်
ခြေလှမ်းများ
နင့်ခြေထောက်မှာရှိတယ် ။

မလာလည်း
မျှော်တဲ့စိတ်
ငါ့ရင်ထဲမှာရှိတယ် ။

မတီးလည်းမြည်မယ့်
ဂီတာ
နင့်လက်မှာရှိတယ် ။

မဆိုလည်း
ကြားမယ့်သီချင်း
ငါဆိုဖို့ရှိတယ် ။

မခေါ်လည်းကြားတဲ့
အသံများ
ငါတို့အနားမှာရှိတယ် ။

မပြောဘဲ
ချစ်တဲ့နှလုံးသား
အတူတူရှိကြတယ် ။

မင်းနဲ့ပက်သက်လာခဲ့ရင်
ပိုင်ဆိုင်ခွင့်လည်း
မမျှော်လင့်တော့ပါဘူး ။
ဆုံးရှုံးမှုတွေလည်း
ထပ်မလိုချင်တော့ပါဘူး ။

မျှော်လင့်ခြင်း အိမ်မက်တွေလည်း
ထပ်မမက်ရဲတော့ဘူး ။

တစ်ခြားသူတစ်ယောက်
မင်းဘေးမှာမရှိသေးသ၍
တိတ်တိတ်ကလေးတော့
ချစ်နေဦးမှာ ။

ကျေနပ်တယ်

မချစ်တော့ရင်လည်း
နေပါစေ ။
ငါ့ဘ၀ထဲကနေပဲ
ချစ်နေခွင့်တော့
ရှိသေးတယ် ။

ပြန်မလာရင်လည်း
နေပါစေ ။
လွမ်းနေခွင့်တော့
ရသေးတယ် ။

မင်းကပေးခဲ့ရင်
ဘယ်လိုဒဏ်ရာနဲ့
အမှန်းတွေဘဲဖြစ်ဖြစ်
ဘာတွေရရ
ငါ ကျေနပ်တယ် ။

ရင်ထဲမှာ အကြိမ်ကြိမ်အော်နေမိတယ်
“ ….. ” ကို အရမ်းချစ်တယ် ။
လက်တွေ့မှာဆိုတော့ နှုတ်ဆိတ်
တိတ်တိတ်ကလေးပဲနေခဲ့တယ်
အကြိမ်ကြိမ်လည်း
ငါမငိုချင်တော့ပါဘူးလေ …………… ။ ( ပိုးလေး )

မှတ်ချက် ။ သူငယ်ချင်းကောင်မလေးတစ်ယောက်က သူငယ်ချင်းကောင်းလေးတစ်ယောက်ကိုပေးတဲ့ကဗျာ ဖြစ်ပါတယ် ခင်ဗျာ ။

No comments:

Post a Comment