Friday, July 25, 2008

How To Install GIF-X.Plugin 2.0 in Photoshop CS3

အခု ကျွန်တော် ပြောပြမှာကတော့ GIF-X.Plugin 2.0 ကို Adobe Photoshop CS3 မှာ ဘယ်လို ထည့်ပြီး အ သုံးပြုတယ် ဆိုတာကိုပြောပြမှာဖြစ်ပါတယ် ခင်ဗျာ ။ Antimation ပုံတွေကို ပြုလုပ်ဖို့အတွက် ဖြစ်ပါတယ် ။ အခု ကတော့ Software ကိုဘယ်လို Run တယ်ဆိုတာကိုပဲပြောပြမှာ ဖြစ်ပါတယ် ။ နောက် Post တစ်ခုမှာ သူကိုအ သုံးပြုပုံကို ကျွန်တော် သက်သက် ရှင်းပြပါ့မယ် ခင်ဗျာ ။

ပုံ ( ၁ ) ။ Software ကို စပြီးတော့ Run တဲ့အနေအထားပါ ခင်ဗျာ ။
ပုံ ( ၂ ) ။ Software က ညွန်ကြားတဲ့အတိုင်းပဲပြုလုပ်ပါ ။

ပုံ ( ၃ ) ။ ဒီအဆင့်ကိုရောက်တယ် ဆိုရင် Next ပဲပေးပါ ။ အမှန်တကယ် က ဒီမှာ ပြင်လည်းရပါတယ် ။ မှား သွားမှာ စိုးလို့ပါ ။

ပုံ ( ၄ ) ။ ပုံမှာ ပြထားတဲ့အတိုင်း အခု အဆင့်မှာ Software ရဲ့  နေရာကို ရွေးချယ်ပါ ။ ဒီနေရာမှာ အရမ်းအရေး ကြီးပါတယ် ။ ဒီနေရာမှာ ရွေးတာ မှားသွားရင် Software ဟာ Adobe Photoshop CS3 မှာ အလုပ်မလုပ်ပါ ဘူး ။ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins မှာ ထည့်ရမှာဖြစ်ပါတယ် ။
ပုံ ( ၅ ) ။ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins ထဲကိုထည့်တာ မှန်တယ် ဆိုရင် ပုံမှာပြထားတဲ့အတိုင်း Software ဟာ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ် ။ မလုပ်ဘူးဆိုရင် နေရာကို သေချာ ပြန် စစ်ပါ ။


ကျန်တဲ့အပိုင်းတွေက တော့ ခက်ခက်ခဲခဲ မရှိပါဘူး ။ Software က ညွန်ကြားတဲ့အတိုင်းပဲပြုလုပ်ရုံပါပဲ ။ Software ကို ဤနေရာတွင် Download ချနိုင်ပါတယ် ခင်ဗျာ ။

Monday, July 7, 2008

How to install Borland C++ Builder 5

ကျွန်တော်အခု ပြောပြမှာကတော့ Borland C++ Builder 5 ကို ဘယ်လို install လုပ်တယ်ဆိုတာကို ပြော ပြမှာဖြစ်ပါတယ် ။
ပုံ ( ၁ ) ။ software ကိုစပြီး install လုပ်တဲ့ အနေအထားဖြစ်ပါတယ် ။

ပုံ ( ၂ ) ။ Serial Number နဲ့ Authorization Key ကိုဖြည့်ပေးရမယ် အနေအထားဖြစ်ပါတယ် ။ Serial Number နဲ့ Authorization Key ကို မဖြည့်ခင်အနေအထားမှာ Next -Button လေးဟာအလုပ်မလုပ်ပဲ မှိန် နေတဲ့ အနေအထားဖြစ်ပါတယ် ။
ပုံ ( ၃ ) ။ Serial Number နဲ့ Authorization Key ကိုပုံမှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ ။ Serial Number နဲ့ Authorization Key ကိုဖြည့်လိုက်ပြီးတာနဲ့ Next - Button လေးဟာ အလုပ်လုပ်လို့ရတဲ့ အနေအထားကို ရောက်လာမှာဖြစ်ပါတယ် ။
ပုံ ( ၄ ) ။ Serial Number နဲ့ Authorization Key ကို ဖြည့်ပြီးသွားလျှင် Authorization Key မှ 2301 မှ 1 တစ်လုံးအား ဖျက်ပါ ။ ထိုနောက် 4eb1 မှ 1 တစ်လုံးဖျက်ပါ ။ ထိုနောက် Next - Button အားကနှိပ်၍ တစ်ဆင့် ချင်း ပြုလုပ်ပါ ။ ဤနေရာတွင် Serial Number နဲ့ Authorization Key ကို ဖြည့်စွက်တာ မှားပါက software သည် ကောင်းကောင်းအလုပ်မလုပ်ပါ ။ အလုပ်လုပ်လျှင်လည်း အမှားများတွေ့နိုင်ပါသည် ။ ဤနေရာတွင် Serial Number နဲ့ Authorization Key များကို သေချာဖြည့်ဖို့ တိုက်တွန်းလိုပါသည် ။
ပုံ ( ၅ ) ။ ဒါကတော့ software ကို Run နေတဲ့ အနေအထားပါ ။ ကျန်တဲ့အပိုင်းတွေ အားလုံးကတော့ အခက် အခဲသိပ်မရှိပါဘူး ။ software က ညွန့်ကြားတဲ့အတိုင်း ပြုလုပ်သွားရုံပါပဲ ။

Serial Number နဲ့ Authorization Key ကို ကျွန်တော် ထပ်ရေးပေးလိုက်ပါတယ် ခင်ဗျာ ။

Serial Number : 111 - 111 - 1111

Authorization Key : 4eb1 - 2301
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ။

Friday, June 27, 2008

How To Creck Ulead Photo Express6

ကျွန်တော် အခု ပြောပြမှာကတော့ Ulead Photo Express6 အား Creck ချိုးနည်းပဲဖြစ်ပါတယ် ။ ဒီ software ကို ဘယ်လိုသုံးရတယ်ဆိုတာကိုတော့ သိတဲ့သူတွေလည်း သိမှာပါ ။ ကျွန်တော်ကတော့ သုံးနေတဲ့သူတွေအ တွက် အဆင်ပြေအောင် Creck ကိုပြောပြခြင်းဖြစ်ပါတယ် ။



အောက်က ပုံကတော့ software မှာပါတဲ့ ဖိုင်တွေပဲဖြစ်ပါတယ် ။
software ကို Run မယ်ဆိုရင်တော့ Express6 ဖိုဒါထဲမှာရှိတဲ့ pe6_tbyb_e.exe ကို Run ရမှာဖြစ်ပါတယ် ။ တတိယမြောက်ဖိုဒါကတော့ Creck ဖိုင်တွေထည့်ထားတဲ့ ဖိုဒါဖြစ်ပါတယ် ။

software Run ပြီးတွေ့ရတဲ့ အနေအထားပဲဖြစ်ပါတယ် ။ software ကို Creck မချိုးပဲသုံးမယ်ဆိုရင်တော့ အခု ဖော်ပြသလိုပဲ ရက် ၃၀ ပဲ သုံးလို ရမှာဖြစ်ပါတယ် ခင်ဗျာ ။ Creck ချိုးမယ်ဆိုရင်တော့ ကြိုက်သလောက်သုံး ပေါ့ဗျာ ။
Activate လုပ်မယ်ဆိုရင် software က Please enter the product activation code : ဆိုပြီးတော့ တောင်း မှာဖြစ်ပါတယ် ။ Exit ပေးလိုက်ပါ ။ Creck ဖိုဒါထဲမှာ ဖိုင်အားလုံးအား C:\Program Files\Ulead Systems \Ulead Photo Express 6 ထဲကို သွားထည့်လိုက်ပါ ။ မထည့်မှီ Desktop ပေါ်တွင်ရှိသော Ulead Photo Express 6 ...shortcut အား delete လုပ်လိုက်ပါ ။ ထိုနောက် ပုံတွင်ပြထားသည့်အတိုင်း Taskbar ပေါ်ရှိUlead Calendar Checher and Ulead AutoDetector များအား Close လုပ်ပါ ။
Creck ဖိုဒါထဲမှာ ဖိုင်အားလုံးအား C:\Program Files\Ulead Systems \Ulead Photo Express 6 ထဲကို သွားထည့်ပြီးပြီဆိုရင်တော့ Start ->All Programs->Ulead Photo Express 6.0 အားဖွင့်လိုက်လျှင် ယခု လို တွေ့မြင်ရမှာဖြစ်ပါတယ် ။ ဒါဆိုရင် software ကို စသုံးလို့ရပါပြီ ။



ဖိုင်များအား ကျွန်တော် ဇစ်ဖိုင် သုံးခုခွဲထားပါတယ် ။

ဖိုင် ၁ အား ဒေါင်းလုပ်ချရန်

ဖိုင် ၂ အား ဒေါင်းလုပ်ချရန်

ဖိုင် ၃ အား ဒေါင်းလုပ်ချရန်


ဖိုဒါ ၃ ခုလုံးရှိ ဖိုင်အားလုံး C:\Program Files\Ulead Systems \Ulead Photo Express 6 ထဲကို ထည့်ရန် ဖြစ်ပါတယ် ။ အားလုံးပဲ အ ဆင်ပြေကြပါစေခင်ဗျာ ။ အခက်အခဲများရှိပါက ကွန်မန့်ရေးပြီးမေးသားနိုင်ပါတယ် ခင်ဗျာ ။

Sunday, May 18, 2008

Windows 2

အခုတလော ဗိုက်ရပ်စ် လိုပြောရမလား ဘာလိုပြောရမှန်းမသိတဲ့ Windows တစ်ခု ဖွင့်ပြီး အဲဒီ ၀င်းဒိုးထဲမှာ ရှိတဲ့ ဒေတာတွေ ကို ဖွင့်ရင် ဖွင့်ချင်တဲ့ ၀င်းဒိုးတော့ပွင့်ပါတယ် ။ ဒါပေမယ့် နောက်တစ်ခု ထပ်ပွင့်နေတယ် ။ ကွန်ပျူတာ မှာ application error တစ်ခုတတ်နေတဲ့ သ ဘောမျိုးလေးပေါ့ဗျာ ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလည်းဆိုတာကို အခု ပြောပြချင်ပါတယ် ခင်ဗျာ ။ ကဲစပါမယ်ခင်ဗျာ ။



ပထမဆုံး ပါတေးရှင်း တွေကို ဖွင့်လိုက်ရင် အခုလို မြင်ရတဲ့ ပုံစံမျိုးတွေ ဖြစ်ဖြစ်နေတာကို ပြောတာပါခင်ဗျာ ။


အဲဒါကို ဘယ်လို ဖွင့်ရမလည်း ဆိုတော့ ဇစ်ဖိုင်တွေကို ဖြေတဲ့ ချူပ်တဲ့ WinRAR software လေး Run ပြီး open with မှာ အဲဒီ WinRAR နဲ့ ဖွင့်ဖို့လိုပါမယ် ။



ပုံမှာ ပြထားတဲ့ အတိုင်း ပွင့်လာတဲ့ အဖိုင်တွေထဲက autorun.inf ဆိုတဲ့ ဖိုင်အမျိုးအစားကို ရှာပါ ခင်ဗျာ ။



အဲဒီ autorun.inf ဖိုင်လေးလား Delete လုပ်လိုက်ပါ ခင်ဗျာ ။ မိမိကွန်ပျူတာမှာ ပါတေးရှင်း ရှိရင် ရှိသလောက် ကို လိုက်ဖွင့်ပြီး အဲဒီ အထဲမှာ ရှိနေတဲ့ autorun.inf ဖိုင်တွေကိုလည်း Delete လုပ်လိုက်ပါခင်ဗျာ ။ အားလုံးဖျက် ပြီးသွားရင် ကွန်ပျူတာအား Restart ချလိုက်ပါခင်ဗျာ ။ Windows ပြန်တတ်လာရင် အားလုံး အဆင်ပြေသွားပါ လိမ့်မယ် ။ အခက်အခဲများရှိပါက ကွန်မန့် ရေး၍ မေးနိုင်ပါတယ် ခင်ဗျာ ။ အားလုံးပဲပျော်ရွှင်ကြပါစေ ။

Monday, May 5, 2008

Photoshop Tutorial



စာလုံးလေးတွေ ရေးတဲ့ ပိုစ့်မှာ ကျွန်တော် စာလုံးအသားကို ပန်းခင်းပုံလေးနဲ့ ရေးတာကို ပြထားပါတယ် . အဲဒီ ပန်းခင်းပုံနေရာမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပုံကို ထည့်လို့ရပါတယ် . ဘယ်လိုထည့်ရမလဲဆိုတာကို ကျွန်တော် အခု ပြောပြပါ့မယ် .

အဆင့် ( ၁ ) မိမိထည့်လိုသော ဓာတ်ပုံအား File -> open ( Ctrl+O) မှ ဖွင့်ပါ ။ ထိုနောက် Ctrl + A နှိပ်ပါ ။ အောက်တွင် ဖော်ပြ ထားသည့်အတိုင်း မြင်ရပါလိမ့်မည် ။

အဆင့် ( ၂ ) Edit -> Define Pattern အားရွေးချယ်ပါ ။


အဆင့် ( ၃ ) ပေါ်လာတဲ့ Define Pattern ပုံစံကွက်ထဲမှာ အခု Pattern အဖြစ် သတ်မှတ်မယ့် ပုံရဲ့ နာမည်ကို ရိုက်ထည့်ပြီး သိမ်းဆည်းလို့ ရပါတယ် ။ ကျွန်တော် ကတော့ နာမည်ကို flower လို့ပေးထားပါတယ် ။ ကိုယ် ကြိုက်တဲ့အမည်ကို ပေးနိုင်ပါတယ် ။ နောင်တစ်ချိန် အဲဒီ Pattern ပုံကို အသုံးပြုလိုတဲ့ အခါ အဲဒီနာမည်ကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ် ။ နာမည်ပေးပြီးလျှင် ok ပေးလိုက် ပါ ခင်ဗျာ ။

အခက်ခဲများရှိပါက cbox တွင် ရေးသားမေးမြန်းနိုင်ပါသည် ခင်ဗျာ ။ ကွန်မန့်လည်း ရေးသား မေးမြန်းနိုင်ပါ သည် ။

အားလုံးပဲပျော်ရွှင်ကြပါစေ ခင်ဗျာ ။

Friday, May 2, 2008

Photoshop Tutorial

ကျွန်တော် ကတော့ Photoshop မှာ ကျန်တာတွေ လုပ်တာထက် Text Effect တွေလုပ်တာတွေကို ပိုသဘောကျပါတယ် ..Website မှာ ဒီဇိုင်းတွေ လုပ်တာမလုပ်တာက တော့ ကျွန်တော် အတွက်မရေးမကြီးပါဘူး ..အဲ ဒါလေးတွေ လုပ်နေရတာဟာ ငယ်ငယ်က ကလေးအရွယ်မှာ ပုံလေးတွေဆွဲရသလို ရောင်စုံခဲတံလေးတွေနဲ့ အရောက်လေးတွေ ချယ် ရသလိုပဲ အင်မတန်မှ ပျော်စရာကောင်းပါတယ် .....ကျွန်တော် အခုပြောပြမယ့် Text Effect ကတော့ စာလုံးလေးရဲ့  အသားကို ပန်းခင်းလှလှလေး ထည့်တာဖြစ်ပါတယ် ကိုယ်ကြိုက်တာလည်း ထည့်လို့ရပါတယ် ....ပြီးရင် စာလုံးလေးက အရိပ်ကလေး ကျနေတဲ့ ပုံလေးပေါ့ဗျာ ........
ကဲစလိုက်တော့ မယ် ဗျာ ..............။

အဆင့် ( ၁ ) ပထမ အဆင့်အနေနဲ့ ဖိုင်အသစ်တစ်ခု ကို မိမိစိတ်ကြိုက် အရွယ်အစား ရွေးချယ်ပါ ။ ပြီးလျှင် ok ပေးပါ ။


ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံပေါ်မှာ ရေးမယ် ဆိုရင်လည်း အဲဒီဓာတ်ပုံကို ဖွင့်ဖို့ လိုပါလိမ့်မယ် .....


အဆင့် ( ၂) Background အရောင်ကို မိမိ စိတ်ကြိုက် အရောင် များရွေးချယ်၍ Text Tool အားကလစ်လုပ်ပါ ... ပြီးလျှင် မိမိရေးချင်တဲ့ စာသားကို အောက်မှာ ရိုက်ထည့်ပါ ... မြန်မာလိုလဲရိုက်လိုရပါတယ် မြန်မာဖောင့်တွေ တင်ထားမယ်ဆိုရင်တော့ ပေါ့ဗျာ ....


အဆင့် ( ၃ ) Ctrl+T အား နှိပ်၍ စားလုံးပုံစံအားမိမိစိတ်ကြိုက် လှည့်လိုရပါသည် ။ အကြီးအသေးကိုမိမိ လိုသလို ပြုလုပ်ပါ ။

အဆင့် ( ၄ ) ပုံတွင် ပြထားသည့်အတိုင်း f အား ကလစ်ပါ

အဆင့် ( ၅ ) ပေါ်လာသော box မှ settings များကို ကျွန်တော်တို့ တစ်ခုချင်းစီ ပြင်ကြည့်ပါမယ် ခင်ဗျာ ။ box တွင်ပြထားသည့်အတိုင်း Drop shadow မှ လုပ်ဆောင်ချက်များအား ပြုလုပ်ပါ ခင်ဗျာ


အဆင့် ( ၆ ) Bevel & Emboss မှ လုပ်ဆောင်ချက်များအား ပြုလုပ်ပါ


အဆင့် ( ရ ) Pattern Overlay မှ လုပ်ဆောင်ချက်များအား ပြုလုပ်ပါ ဤနေရာတွင် ကျွန်တော် ပန်းခင်းပုံးလေးအား ထည့်ထားပါတယ် ခင်ဗျာ မိမိ စိတ်ကြိုက် ပုံးများ ထည့်သွင်းလို့ရပါတယ် ခင်ဗျာ ။ ဒီနေရာမှာ ထည့် မည့် ပုံသည် စာသားတွင်ပေါ်မည် အရောင်ဖြစ်ပါသည် ။ မိမိ စိတ်ကြိုက် ပုံများကို ဤ နေရာတွင် အသုံး ပြုဖို့အတွက် ဘယ်လို ထည့်သွင်းရတယ် ဆိုတာကို ကျွန်တော် post တစ်ခုအနေနဲ့ ဖော်ပြပါအုံးမည် ။

အဆင့် ( ၈ ) အိုကေ ပေးလိုက် သည်နှင့် အောက်တွင်ဖော်ပြထားသော စာလုံးလှလှလေး ရရှိပါပြီးခင်ဗျာ


အဆင့် ( ၉ ) Ctrl+J အားနှိပ်ပါ ... Layer အား copy ကူးခြင်းဖြစ်ပါသည်ခင်ဗျာ ... Ctrl+T အားနှိပ်၍ right click နှိပ် Flip Vertical အား ရွေးချယ်ပါ

အဆင့် ( ၁၀ ) Ctrl+MOuse အားနှိပ်၍ မိမိ အလိုရှိရာသို့ ဆွဲချပါ ဤ နေရာတွင် ကျွန်တော် အောက်သို့ချထားပါတယ်ခင်ဗျာ

အဆင့် ( ၁၁ ) အောက်တွင်ပြထားသည့်အတိုင်း opacity ရာခိုင်းနှုန်းအား လျှော့ချပါ ခင်ဗျာ ။ စာသားအား အရိပ်သဖွယ် ပြုလုပ်စေလို ခြင်းဖြစ်ပါတယ် ခင်ဗျာ

အဆင့် ( ၁၂ ) နောက်ဆုံးမှာ အောက်တွင် ပြထားသည့်အတိုင်း ပုံလှလှလေး ရရှိပါပြီး ခင်ဗျာ ။ အားလုံးပဲ ပျော်ရွှင်ကြပါစေခင်ဗျာ ... မသိတာများရှိရင် comment ပေး၍မေးနိုင်ပါသည် ။


အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ ။

Thursday, May 1, 2008

Happy Birthday My Dear Sister

myspace layouts, myspace codes, glitter graphics
Photo Sharing and Video Hosting at Photobucket


အစ်မရေ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ မောင်လေးတို့ နှစ်ယောက်ဆုတောင်းပေးလိုက်ပါတယ် ဗျာ ။ မွေးနေ့မှသည် နှောင်နှစ်ပေါင်း များစွာတိုင် ပျော်ရွှင်ပါစေ ။ အစ်မတို့ ဇနီးမောင်နံနှစ်ယောက် အိုအောင်မင်း အောင် ပေါင်းနိုင်ကြပါစေ ။ သားသားလေးတွေ ၊ မီးမီးလေးတွေလည်း များကြီးရပါစေ ။ အေးချမ်းသာယာတဲ့ မိ သားစုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ ။ ပိုင်ကြီး အစား လည်း မောင်လေး ဒီကနေ ဆုတောင်းပေးလိုက်ပါတယ် ။ ဒီ ဓာတ်ပုံကတော့ ပြင်ဦးလွင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို အမှတ်တရ အနေနဲ့ တင်ပေးလိုက်တာ အစ်မရေ ။ မောင်လေးက သတိရလို့ မောင်လေး ဘလော့မှာ တင်လိုက်တာပါ ။ ပိုင်ကြီးကတော့ ဒါတွေစိတ်မ၀င်စားတော့ အဲလို ရေးမှာ မဟုတ်ဘူး ။ ဒါပေမယ့် မောင်လေးတို့ နှစ်ယောက်လုံး ဆုတောင်းပေးလိုက်ပါတယ် ။ အစ်မကြီး ပျော်ရွှင်ပါစေ ။

Photobucket





myspace layouts, myspace codes, glitter graphics

Photo Sharing and Video Hosting at Photobucket

myspace layouts, myspace codes, glitter graphics