Friday, July 25, 2008

How To Install GIF-X.Plugin 2.0 in Photoshop CS3

အခု ကျွန်တော် ပြောပြမှာကတော့ GIF-X.Plugin 2.0 ကို Adobe Photoshop CS3 မှာ ဘယ်လို ထည့်ပြီး အ သုံးပြုတယ် ဆိုတာကိုပြောပြမှာဖြစ်ပါတယ် ခင်ဗျာ ။ Antimation ပုံတွေကို ပြုလုပ်ဖို့အတွက် ဖြစ်ပါတယ် ။ အခု ကတော့ Software ကိုဘယ်လို Run တယ်ဆိုတာကိုပဲပြောပြမှာ ဖြစ်ပါတယ် ။ နောက် Post တစ်ခုမှာ သူကိုအ သုံးပြုပုံကို ကျွန်တော် သက်သက် ရှင်းပြပါ့မယ် ခင်ဗျာ ။

ပုံ ( ၁ ) ။ Software ကို စပြီးတော့ Run တဲ့အနေအထားပါ ခင်ဗျာ ။
ပုံ ( ၂ ) ။ Software က ညွန်ကြားတဲ့အတိုင်းပဲပြုလုပ်ပါ ။

ပုံ ( ၃ ) ။ ဒီအဆင့်ကိုရောက်တယ် ဆိုရင် Next ပဲပေးပါ ။ အမှန်တကယ် က ဒီမှာ ပြင်လည်းရပါတယ် ။ မှား သွားမှာ စိုးလို့ပါ ။

ပုံ ( ၄ ) ။ ပုံမှာ ပြထားတဲ့အတိုင်း အခု အဆင့်မှာ Software ရဲ့  နေရာကို ရွေးချယ်ပါ ။ ဒီနေရာမှာ အရမ်းအရေး ကြီးပါတယ် ။ ဒီနေရာမှာ ရွေးတာ မှားသွားရင် Software ဟာ Adobe Photoshop CS3 မှာ အလုပ်မလုပ်ပါ ဘူး ။ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins မှာ ထည့်ရမှာဖြစ်ပါတယ် ။
ပုံ ( ၅ ) ။ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins ထဲကိုထည့်တာ မှန်တယ် ဆိုရင် ပုံမှာပြထားတဲ့အတိုင်း Software ဟာ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ် ။ မလုပ်ဘူးဆိုရင် နေရာကို သေချာ ပြန် စစ်ပါ ။


ကျန်တဲ့အပိုင်းတွေက တော့ ခက်ခက်ခဲခဲ မရှိပါဘူး ။ Software က ညွန်ကြားတဲ့အတိုင်းပဲပြုလုပ်ရုံပါပဲ ။ Software ကို ဤနေရာတွင် Download ချနိုင်ပါတယ် ခင်ဗျာ ။

No comments:

Post a Comment