Monday, May 5, 2008

Photoshop Tutorial



စာလုံးလေးတွေ ရေးတဲ့ ပိုစ့်မှာ ကျွန်တော် စာလုံးအသားကို ပန်းခင်းပုံလေးနဲ့ ရေးတာကို ပြထားပါတယ် . အဲဒီ ပန်းခင်းပုံနေရာမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပုံကို ထည့်လို့ရပါတယ် . ဘယ်လိုထည့်ရမလဲဆိုတာကို ကျွန်တော် အခု ပြောပြပါ့မယ် .

အဆင့် ( ၁ ) မိမိထည့်လိုသော ဓာတ်ပုံအား File -> open ( Ctrl+O) မှ ဖွင့်ပါ ။ ထိုနောက် Ctrl + A နှိပ်ပါ ။ အောက်တွင် ဖော်ပြ ထားသည့်အတိုင်း မြင်ရပါလိမ့်မည် ။

အဆင့် ( ၂ ) Edit -> Define Pattern အားရွေးချယ်ပါ ။


အဆင့် ( ၃ ) ပေါ်လာတဲ့ Define Pattern ပုံစံကွက်ထဲမှာ အခု Pattern အဖြစ် သတ်မှတ်မယ့် ပုံရဲ့ နာမည်ကို ရိုက်ထည့်ပြီး သိမ်းဆည်းလို့ ရပါတယ် ။ ကျွန်တော် ကတော့ နာမည်ကို flower လို့ပေးထားပါတယ် ။ ကိုယ် ကြိုက်တဲ့အမည်ကို ပေးနိုင်ပါတယ် ။ နောင်တစ်ချိန် အဲဒီ Pattern ပုံကို အသုံးပြုလိုတဲ့ အခါ အဲဒီနာမည်ကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ် ။ နာမည်ပေးပြီးလျှင် ok ပေးလိုက် ပါ ခင်ဗျာ ။

အခက်ခဲများရှိပါက cbox တွင် ရေးသားမေးမြန်းနိုင်ပါသည် ခင်ဗျာ ။ ကွန်မန့်လည်း ရေးသား မေးမြန်းနိုင်ပါ သည် ။

အားလုံးပဲပျော်ရွှင်ကြပါစေ ခင်ဗျာ ။

No comments:

Post a Comment