Monday, February 25, 2008

Please Give Me Your Love !

တစ်ယောက်သော သူအတွက် ရည်ရွယ်ပါသည် ။

ပင်လယ်ကို
အရမ်းချစ်တဲ့ လူတစ်ယောက်က
အားတိုင်း မကြာခဏဆိုသလို
ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။
ပင်လယ်ပြင်ကို ကြည့်ပြီး
စကားတွေ ပြောနေတတ်တယ်။
တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး
"ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ...
နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။
ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်...
ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့" လို့ပြောတော့
ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။
နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။
အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်


အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။
ပင်လယ်ကို ချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။
သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။
တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...
ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့
" လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက် လိုက်တော့တယ်။
အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့
" သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူကိုမထိခိုက် မနာကျင်စေဘူးလေ"
လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။


Snuo Mwoani CMT

Thursday, February 14, 2008

For My Dear

သူကိုချစ်မိတာ အပြစ်ဆိုရင် ကျွန်တော်ဟာ အပြစ်ရှိသူတစ်ယောက်အဖြစ် ကျေနပ်စွာ လက်ခံလိုက်မယ်...
မိုင်ပေါင်းကုဋေ ဝေးကွာနေလဲ
ရင်မှာအမြဲ သူရှိနေဆဲ
သူကိုတမ်းတ လွမ်းရရက်နဲ.
အိပ်ပျက်ညတွေ အသင်္ချေ...။
လရောင်တောက်ပ လရောင်ခမှ
မှေးစက်မျက်လုံး ပွင့်ကာပြုံးတော့
လရဲ.ရောင်ခြည် မျှော်ကာသီမှ
မော့ကာကြည့်ခဲ့ လရဲ.အပြုံး
နှုတ်ဆက်အနမ်း ရင်မှာလှိုက်ထွေး
လရောင်ထွေးမှ နွေးလှပါ၏
မျှော်ကာမိသည် လမင်းဆီသို.
နေနိုင်သူလို. ကျွန်တော်မဆို
လမင်းမြင်တိုင်း ရင်မှာလှိုက်ဖို.
လမင်းကိုမှန်း သူကိုလွမ်းလား
ကောင်းကင်ကမည်း မိုးတွေကသည်း
ရင်ထဲမှာလည်း သူကိုတမ်းတ
လွမ်းရရက်ရှည် ဖွဲ.ကာသီလည်း
ကဗျာမမီ စာမမီခဲ့
ရင်မှာလွမ်းချင်း တမ်းချင်းတေးကို
မည်သူမီအောင် ဆိုပေးနိုင်ပ
မီမယ်မထင် ပြောကြားစေချင်
မိုးစက်တစ်ပေါက် ကျကာရောက်မှ
သတိသင်္ချေ ၀ိဥာဉ်ရွေ.လျား
လာစေချင်သည်
ကျွန်တော်၏ ရင်ခွင်ဆီသို....... ။

ကျွန်တော် သတိရမိပါတယ် ကျွန်တော် ရဲ့  ကောင်မလေးကို ပေါ့ သူအခု ဘယ်ကိုရောက်လည်း ဆိုတာ ကျွန်တော် မသိပေမယ့် သူ အပေါ်မှာ ကျွန်တော် သစ္စာရှိနေပါတယ် .... သူ နဲ့ ကျွန်တော် ဖြစ်လာမယ် ဘ၀လေး ကို ကျွန်တော် တွေးတွေး ပြီး စိတ်ကူးယဉ်ကြည့်မိပါတယ် ...အတွေးထဲမှာဆိုတော့ အရမ်းပျော်ဖို့ကောင်းတာပေါ့ဗျာ ...ဒီလို ထူးခြားတဲ့ နေ့လေးဖြစ်လို့ သူကို ကျွန်တော် သတိရတာ မဟုတ်ပါဘူး ...သူကို ကျွန်တော အမြဲ သတိရနေတာပါ ...အမြဲလွမ်းနေတာပါ ....အတွေးတွေကတော့ အခုထိ ကျွန်တော် ရင်ထဲမှာ လှပနေဆဲပါပဲ ....သူငယ်ချင်းတွေ အားလုံပဲ ကိုယ်စီကိုယ်စီအတွေးလေးတွေနဲ့ ပျော်ရွှင်ကြပါစေဗျာ ......


လှသောပန်းတိုင်း မွှေးပါစေ....။
မွှေးသောပန်းတိုင်း လှပါစေ......။


Snuo Mwoani CMT


Wednesday, February 6, 2008

Can't meet



စိတ်ထဲက အလိုလိုသိနေကြတဲ့
တို့နှစ်ယောက်ရဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ
တကယ်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ပါ့မလားကွယ် ...

ချစ်တယ်ဆိုတဲ့ စကားလေးနှစ်ခွန်း .....
အဲဒီ စကားလုံးလေးတွေကို
နှစ်ယောက်သောသူက တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် အသိအမှတ်ပြုမှ
ဒီစကားလုံး လေးရဲ့ အဓိပ္ပာယ်ဟာ
အသက်ဝင်ပါတယ်
ချစ်တယ်ဆိုတဲ့
စကားလုံးလေးကို
အသက်သွင်းဖို့
တို့နှစ်ယောက်ဆွံ့အနေကြတယ်


မင်းနဲ့ အတူ ရှိနေတဲ့ အချိန်
လေဟာနယ်ထဲက
မင်းရဲ့ ရင်ခုန်သံကို နားထောင်မိတယ်
အိုး မင်းရင်ထဲမှာ
ငါရှိနေပါ့လား

တချိန်က ရူးသွပ်ခဲ့တဲ့
ငါ့ရဲ့  အချစ်တွေ
ဖောက်ထွင်းလို့ မရနိုင်တဲ့
တံတိုင်းတွေ ကာဆီးထားလေတော့
အခုတော့
တို့ နှစ်ယောက် ဝေးကြပြီ ….

နာကျင်နေတဲ့ ငါ့ နှလုံးသားမှာ
သူအတွက် သတိရခြင်းတွေ ရှိနေတယ်
တိုက်ဆိုင်မှုလေးတွေ က
ငါ့အတွက် အလွမ်းပြေပေါ့ …..
ဒဏ်ရာတွေ ပြည့်နေတဲ့
ဟော ဒီရင် ဘတ်ကြီးထဲမှာ
အတိတ်က ဝေဒနာတွေကို
ရင်နာနာ နဲ့ ပဲ
ငါသိမ်းထားလိုက်ပါမယ် …..

အခုတော့
ဒီခုံလေးမှာ
ငါတစ်ယောက်တည်း ………….
………………….. ။

ဤကဗျာလေး မှာ ကောင်မလေး တစ်ယောက်၏ ဖြစ်ရပ်မှန် ခံစားချက်လေး ဖြစ်ပါသည် ။ သူ၏ ရင်ခုန်သံ ခံစားချက်အား ကျွန်တော် မောင်နိုင် မှ ရင်ဘတ်အငှားဖြင့် နားလည်ခံစားပေး၍ ကဗျာ ရေးစပ်ထားခြင်း ဖြစ်ပါသည် ။ ရင်ခုန်သူတိုင်း ခံစားတတ်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အားလုံးပဲပျော်ရွှင်ကြပါစေဗျာ ။

ရင်ဘတ်ထဲက အလွမ်းတွေ နဲ့ ကျွန်တော်


Snuo Mwoani CMT



Thursday, January 31, 2008

You and Me


၁၉၉၇ ခုနှစ်
မိုးရွာတဲ့နေ့တစ်နေ့ ….
ရေတစ်မာပင်ပေါ်ကသစ်ရွက်တွေလေးတွေ
ရေစက်ကလေးတွေ တင်နေလို့ အရမ်းလှနေတယ် …
အဲဒီနေ့မှာ တို့တစ်တွေ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်နော် …..
လက်ဆောင်ဆိုတာကို မနှစ်သက်တဲ့သူ မရှိပါဘူး
အဝေးရောက်နေတဲ့ ငါဆီကို နင်သတိတရနဲ့
စာတွေရေးခဲ့တယ်နော် ….
နင်ပို့ပေးတဲ့စာတွေကို ငါအခုထိ အိမ်မှာ အမှတ်တရသိမ်းထားဆဲပါ
အခုအချိန်မှာ နင်နဲ့ငါ အဆက်အသွယ် မရပေမယ့်
ငါနင်ကို သတိရနေဆဲပါ ….
သူငယ်ချင်းတစ်ယောက်လိုပေါ့ ….
နင်ငါ့အပေါ်ကို ဂရုစိုက်တယ် အလေးထားတယ် ဆိုတာ ငါသိပေမယ့်
နင်ရဲ့  အပြုအမူတွေကို ငါကြောက်နေမိတယ် ….
နင်ရဲ့  အပြုအမူတွေ နောက်ကွယ် မှာ ဖြစ်လာမယ့်
နင်ရဲ့  စိတ်ဓာတ်တွေကို ငါ အခုချိန်ထိ ခန်းမှန်းလို့ မရသေးဘူး …
သူငယ်ချင်းရယ် ….
မျှော်လင့်ချက်တွေ နင်ရင်ထဲမှာ ရှိနေတာလား
ငါမသိပါဘူး ….
ရှိနေတဲ့ နင်ရင်ထဲက မျှော်လင့်ချက်တွေကို ငါလစ်လျှူရှုခဲ့လို့လား ….
ငါရင်ကို ခါချဉ်ကောင်ပါတဲ့ အင်ကြင်းပန်းကျဲလည်း
ငါအပြုံးမပျက်ပါဘူး ….
အတိတ်က ငါတို့တွေ ဘယ်လိုအငြိုးတွေ ရှိခဲ့လည်း
ဘာတွေ ဖြစ်ပျက်ခဲ့လည်း
ငါမသိပါဘူး …
အခုအချိန်မှာ နင်နဲ့ ငါ ရန်သူတွေ မဟုတ်ပါဘူးဟာ …
နင် ရင်မှာ ငါကို ဘာလို့နာကျင်နေတာလဲ …
ငါဟာ နင်အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်နေတယ် ဆိုရင်
ငါအရှုံးပေးပါတယ် …
ငါဟာ နင်အတွက် အရုပ်တစ်ရုပ်ဖြစ်နေရင်
နင်ကြိုက်သလို လုပ်လိုက်ပါ ….
နင်ရင်မှာ ငါအပေါ် နာကျင်မှုတွေ အငြိုးအတေး တွေ ရှိနေရင်
ငါဒီဘ၀မှာ ပေးဆပ်လိုက်ချင်ပါတယ်
ဘာကြောင့်လည်းဆိုတာကို ငါအခုအချိန်ထိ အဖြေရှာမရ …
နင်နဲ့ငါ တစ်ယောက်နဲ့တစ်ယောက်
ကွာဝေးတဲ့ မိုင်ပေါင်းများစွာ
ဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေ
နားလည်ပေးပါတော့လား
သူငယ်ချင်းလေး မင်းကို ငါပြောချင်ပါတယ် အချစ်ဆိုတာ ဘာကိုဆိုလိုလဲ ဆိုတာကို ငါသေချာ မသိပေမယ့် ခံစားချက်တစ်ခု ကို ငါအနေနဲ့ကတော့ ဘယ်လိုမ မျှဝေပြီး ခံစားနိုင် မှာ မဟုတ်ပါဘူး … ခံစားမှုတစ်ခုကို ရှယ်ရာ ပေးပြီးခံစားနိုင်လောက်တဲ့ အင့်အားငါမှာ မရှိဘူး ကွာ …. ခံစားမှုကို အတုအယောင်လုပ်ယူလို့ ရမယ်ဆိုလည်း ငါရင်ထဲက ငါတဲ့ ရင်ခုန်သံတော့ မင်းကြားရမှာ မဟုတ်ပါဘူး …. ငါ့တို့ နှလုံးသားတွေရဲ့  မျက်ကွယ် မှာ မှန်ကန်တဲ့ သစ္စာတရားတွေ ရှိနိုင်ပါတယ် …

Snuo Mwoani CMT



Wednesday, January 9, 2008

To My Heart?

တစ်ရာသီလုံးညိုနေတော့မယ့် အလွမ်းနဲ့
သူရူးတစ်ယောက်ရဲ့ပွေ့ ဖက်မူတွေထဲ
စိတ်နဲ့ရုပ်ကို
စည်းရိုးလုံးလုံးမခတ်တတ်သေးတဲ့အရွယ်မို့
အသည်းကွဲတယ်ဆိုတာ..
ကိုယ့်သီအိုရီနဲ့ကိုယ်ပေါ့
သတိရစိတ်တွေကိုလွင့်ပစ်လိုက်တယ်။
မနက်ဖြန်တွေအကြောင်းစဉ်းစားရင်း
လေရူးသလိုရူးဖို့ ငါ့ကိုဥပေက္ခာပြုလွန်းတဲ့ မင်းကို
မချစ်ဘူး....
ပြောချင်တယ်နောက်တစ်ခုက
အိပ်မက်တွေကို ယုံကြည်မိခဲ့တဲ့
မနက်ခင်းတွေတိုင်းမှာ
သတိရခြင်းတွေ ကွေးကောက်လို့
ဒီတစ်မနက်လည်း မရှိခြင်း တွေသာထွေးပိုက်
အနမ်းတွေခြေရာမကျန်ခဲ့တော့ဘူး..
ငါ့ရဲ့အနက်ရောင်ကောင်းကင်....
ပြိုမကျခင်မှာဆုတောင်းပြည့်ဖို့
ကြယ်ကြွေခွင့်ပေးပါ.....မြတ် ရေ
အခုဝေးနေတဲ့ ရင်ဘတ်ချင်း
ခဏသာဆိုတယ် မင်းမရှိတဲ့ငါ
အလွမ်းကြောင့်မသေမရှင်ဖြစ်နေချိန်
ငါမရှိတဲ့မင်း အဲ့ဒီဒေသမှာ ဘယ်လိုနေထိုင်သလဲ......။
တစ်ဖက်လပ်နေတဲ့ ဆင်ခြင်မူမျိုးနဲ့
ငါရှေ့ကို ရဲရဲဆက်တိုးတယ်.....
မင်းက ငါ့အတွက်ချောက်တစ်ခုဆိုရင်
အသေချာဆုံးခုန်ချလိုက်မယ်...
ငါ့ကိုသတ်ဖို့စောင့်နေပေါ့.......။


ငါပာာ.......နှလုံးသားဗဟိုကိုကြည့်ရင်း
ထိချက်မှန်ဖို့ ဘယ်တော့များမှ
ပစ် မလဲလို့ ရင်တမမနဲ့စောင့်မျှော်နေရတဲ့
မြှားလေးတစ်ချောင်းပါ မြတ် ရယ်


ပစ်လိုက်တဲ့မြှားတိုင်း ထိချက်မှန်ပါစေ ။

Snuo Mwoani CMT

Tuesday, January 8, 2008

For My Dear Myat

ကျွန်တော်က အချစ်ကို ခံစားလျှင်
လေးနက်စွာ အဓိပ္ပါယ်ရှိစွာ ကြည်နူးစွာ
ခံစား တတ်သူတစ်ယောက်ဖြစ်ချင်ပါသည် ။
အချစ်ကိုမွေးဖွားပေးလိုက်တဲ့ နှလုံးသားက
ရွက်ကျပင် မဟုတ်တော့လည်း
လူတိုင်းကို မချစ်တတ်ပါဘူး ။
ဒါပေမယ့် ယနေ့ထိ ကျွန်တော်က
သူ့ အပေါ်ဘယ်လောက်များ
တိမ်းညွတ်နေလဲဆိုတာကို
ကျွန်တော့်ကို ကျွန်တော်တောင်
မယုံနိုင်လောက်အောင် ဖြစ်နေဆဲပါ ။
ကျွန်တော်ကလဲ အချစ်ကို
ရူးသွပ် ရင်ခုန်သွားမိသောအခါ
ကျွန်တော့်ရဲ့ တောင်းတ ငတ်မွတ်ရသော
လိုအပ်နေသော ထို အချစ်ကို
သူ့ဆီမှ ရလေမလားဆိုပြီး ဇွဲကြီးစွာ
မျှော်လင့်နေခဲ့ တာ ဖြစ်ပါသည် ။
၁ ရက် ၅ လ ၂၀၀၇ ခုနှစ် - အဲဒီနေ့သည်
ဘ၀တွင်တစ်ခါမှ မခံစားဖူးသော
ခံစားမှုအသစ်တစ်ခုကို ရရှိခံစားစေခဲ့ကာ
အရာရာသည် လှပလို့ပင်နေသည် ။
အကုန်လုံးသည်အဓိပ္ပါယ်ကိုယ်စီ
ရှိနေသယောင်ယောင် ကြားလိုက်တဲ့သီချင်းတိုင်းကိုလဲ
တိုက်ဆိုင်နေသလိုစတဲ့
ကျေနပ်ပျော်ဝင်နေတဲ့ခံစားမှုမျိုးစုံတွေ ရှိနေခဲ့တာကို
သူတော့သိမယ် မထင်ပါဘူးဗျာ ။
သူကိုကျွန်တော် ချစ်မိလိုက်ပြီ ။
အနိုင်နိုင် ထိန်းသိမ်းရတဲ့ ဟန်ဆောင်မှုတွေဟာ
အရမ်းကို ပင်ပန်းနေခဲ့ပါတယ် ။
အင်း ငါ ဘာဖြစ်တာပါလည်း အဲဒါ
ဘာပါလိမ့် ငါဘာတွေဖြစ်သွားတာလဲ လို့
ကိုယ့်ကိုကိုယ် တွေးမိလိုက်ပါတယ် ။
သူ့ကိုချစ်မိသောအခါ သူ့ရဲ့အတိတ်တွေကို
လုံးဝကိုစိတ်မ၀င်စား အပြစ်လဲမမြင်
စုံလဲမစုံစမ်းချင်တော့ပါ ။
အဲဒီလို သည်းခံမှုတွေပျော်ဝင်နေတဲ့
ဖြူစင်သော အချစ်ကို
သူတစ်ယောက်က ဥပေက္ခာတွေပြုထားလေသလား
ကျွန်တော် မတွေး တတ်တော့တာ အမှန်ပါ ။
သူ့အတွက်ကတော့ကျွန်တော့်
ပေးတဲ့ အချစ်တွေဟာ သချာင်္လို
ရေတွက်ကြည့်မယ်ဆိုရင် ဏိန်းဂဏန်းများနည်းနေမလား
ကျွန်တော် မစဉ်းစား တတ်ပါ ။
သူ့ကို ချစ်မိတာတော့ အမှန်ပါပဲဗျာ ။

အားလုံးပဲပျော်ရွင်ကြပါစေ ။

Snuo Mwoani CMT

Miss My Home



အိမ်လွမ်းသူ

အချိန်တွေ ကုန်နေပေမယ့်
နာရီတွေ လည်နေပေမယ့်
အိမ်ပြန်ချိန်ဆိုတာ ငါမသိသေးဘူး
မိသားစုဆုံတဲ့ အချိန်ဆိုရင်တောင်
အခုအချိန်မှာ ငါမရှိဘူး ။

တစ်ယောက်တစ်နေရာနဲ့
နေလာခဲ့တဲ့ ဘ၀တစ်လျှောက်
ငါတစ်ယောက်က အဝေးဆုံးလို့
တစ်ယောက်တည်း ယူဆ
မတူမျှတဲ့ ကံကြမ္မာကြောင့်လား
ဒဏ်ရာတွေ အမြောက်အများနဲ့
မိသားစုဆိုတဲ့ အေးရိပ်လေး ကို
အရောက်သွားချင်ပါရဲ.
ပျော်ရာနဲ့ တော်ရာကို ငါ မသိချင်ဘူး
ကြည့်မြင်ဘူး သလောက်နဲ့
အေးရိပ်အောက်ရောက်ချင်ပြီ
ဘ၀အမောတွေ ရေတွက်လို့
အိမ်ပြန်ရက်ဆိုတာကို တောင့်တမိပါတယ်
ကြောင့်ကြမူတွေနဲ့အတူ
အဝေးရောက်နေတဲ့ ငါတစ်ယောက်တည်း
ပေါက်ကွဲချင် စရာ အဆင်မပြေမူတွေကြောင့်
အိမ် ခဏလောက်ရောက်ပါရစေ ။

ပျော်ရွှင်အေးချမ်းသော မိသားစုဘ၀ကို လူသားအားလုံးပိုင်ဆိုင်ကြပါစေ ခင်ဗျာ...........။

Snuo Mwoani CMT