Wednesday, January 9, 2008

To My Heart?

တစ်ရာသီလုံးညိုနေတော့မယ့် အလွမ်းနဲ့
သူရူးတစ်ယောက်ရဲ့ပွေ့ ဖက်မူတွေထဲ
စိတ်နဲ့ရုပ်ကို
စည်းရိုးလုံးလုံးမခတ်တတ်သေးတဲ့အရွယ်မို့
အသည်းကွဲတယ်ဆိုတာ..
ကိုယ့်သီအိုရီနဲ့ကိုယ်ပေါ့
သတိရစိတ်တွေကိုလွင့်ပစ်လိုက်တယ်။
မနက်ဖြန်တွေအကြောင်းစဉ်းစားရင်း
လေရူးသလိုရူးဖို့ ငါ့ကိုဥပေက္ခာပြုလွန်းတဲ့ မင်းကို
မချစ်ဘူး....
ပြောချင်တယ်နောက်တစ်ခုက
အိပ်မက်တွေကို ယုံကြည်မိခဲ့တဲ့
မနက်ခင်းတွေတိုင်းမှာ
သတိရခြင်းတွေ ကွေးကောက်လို့
ဒီတစ်မနက်လည်း မရှိခြင်း တွေသာထွေးပိုက်
အနမ်းတွေခြေရာမကျန်ခဲ့တော့ဘူး..
ငါ့ရဲ့အနက်ရောင်ကောင်းကင်....
ပြိုမကျခင်မှာဆုတောင်းပြည့်ဖို့
ကြယ်ကြွေခွင့်ပေးပါ.....မြတ် ရေ
အခုဝေးနေတဲ့ ရင်ဘတ်ချင်း
ခဏသာဆိုတယ် မင်းမရှိတဲ့ငါ
အလွမ်းကြောင့်မသေမရှင်ဖြစ်နေချိန်
ငါမရှိတဲ့မင်း အဲ့ဒီဒေသမှာ ဘယ်လိုနေထိုင်သလဲ......။
တစ်ဖက်လပ်နေတဲ့ ဆင်ခြင်မူမျိုးနဲ့
ငါရှေ့ကို ရဲရဲဆက်တိုးတယ်.....
မင်းက ငါ့အတွက်ချောက်တစ်ခုဆိုရင်
အသေချာဆုံးခုန်ချလိုက်မယ်...
ငါ့ကိုသတ်ဖို့စောင့်နေပေါ့.......။


ငါပာာ.......နှလုံးသားဗဟိုကိုကြည့်ရင်း
ထိချက်မှန်ဖို့ ဘယ်တော့များမှ
ပစ် မလဲလို့ ရင်တမမနဲ့စောင့်မျှော်နေရတဲ့
မြှားလေးတစ်ချောင်းပါ မြတ် ရယ်


ပစ်လိုက်တဲ့မြှားတိုင်း ထိချက်မှန်ပါစေ ။

Snuo Mwoani CMT

No comments:

Post a Comment