Wednesday, February 6, 2008

Can't meet



စိတ်ထဲက အလိုလိုသိနေကြတဲ့
တို့နှစ်ယောက်ရဲ့ ရင်ထဲက ချစ်ခြင်းတရားတွေ
တကယ်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ပါ့မလားကွယ် ...

ချစ်တယ်ဆိုတဲ့ စကားလေးနှစ်ခွန်း .....
အဲဒီ စကားလုံးလေးတွေကို
နှစ်ယောက်သောသူက တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် အသိအမှတ်ပြုမှ
ဒီစကားလုံး လေးရဲ့ အဓိပ္ပာယ်ဟာ
အသက်ဝင်ပါတယ်
ချစ်တယ်ဆိုတဲ့
စကားလုံးလေးကို
အသက်သွင်းဖို့
တို့နှစ်ယောက်ဆွံ့အနေကြတယ်


မင်းနဲ့ အတူ ရှိနေတဲ့ အချိန်
လေဟာနယ်ထဲက
မင်းရဲ့ ရင်ခုန်သံကို နားထောင်မိတယ်
အိုး မင်းရင်ထဲမှာ
ငါရှိနေပါ့လား

တချိန်က ရူးသွပ်ခဲ့တဲ့
ငါ့ရဲ့  အချစ်တွေ
ဖောက်ထွင်းလို့ မရနိုင်တဲ့
တံတိုင်းတွေ ကာဆီးထားလေတော့
အခုတော့
တို့ နှစ်ယောက် ဝေးကြပြီ ….

နာကျင်နေတဲ့ ငါ့ နှလုံးသားမှာ
သူအတွက် သတိရခြင်းတွေ ရှိနေတယ်
တိုက်ဆိုင်မှုလေးတွေ က
ငါ့အတွက် အလွမ်းပြေပေါ့ …..
ဒဏ်ရာတွေ ပြည့်နေတဲ့
ဟော ဒီရင် ဘတ်ကြီးထဲမှာ
အတိတ်က ဝေဒနာတွေကို
ရင်နာနာ နဲ့ ပဲ
ငါသိမ်းထားလိုက်ပါမယ် …..

အခုတော့
ဒီခုံလေးမှာ
ငါတစ်ယောက်တည်း ………….
………………….. ။

ဤကဗျာလေး မှာ ကောင်မလေး တစ်ယောက်၏ ဖြစ်ရပ်မှန် ခံစားချက်လေး ဖြစ်ပါသည် ။ သူ၏ ရင်ခုန်သံ ခံစားချက်အား ကျွန်တော် မောင်နိုင် မှ ရင်ဘတ်အငှားဖြင့် နားလည်ခံစားပေး၍ ကဗျာ ရေးစပ်ထားခြင်း ဖြစ်ပါသည် ။ ရင်ခုန်သူတိုင်း ခံစားတတ်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အားလုံးပဲပျော်ရွှင်ကြပါစေဗျာ ။

ရင်ဘတ်ထဲက အလွမ်းတွေ နဲ့ ကျွန်တော်


Snuo Mwoani CMT



No comments:

Post a Comment