Thursday, October 18, 2007

Place


နှင်းဆီပန်းတွေ
မွေ.ယာခင်း
ဘ၀မေ့လျှော့ခြင်း
သောကကင်းတဲ့
ကမ္ဘာမြေ မင်းရယ် ကိုယ်ရယ်
အတူနေ
သံယောဇဉ်ဖွဲ. ချစ်နှောင်ကြိုး
ပန်းတွေ ပန်းတွေ အတူပျိုး
ကမ္ဘာမြေရဲ. တစ်နေရာမှာတော့
ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခု
ရှိလိမ့်မယ် ။
အဲဒီနေရာလေးမှာ
တို.နှစ်ယောက် တွေ.ဆုံကြမယ် ။
အဲဒီနေရာလေးမှာ
ကျွန်တော် စောင့်နေမယ် ။
ဘာရယ်မဟုတ်တဲ့ အချိန်တွေကို
ကျွန်တော် ဒီလိုပဲ ဖြတ်သန်းလိုက်မယ်
မျှော်လင့်ဆဲ ရင်ထဲက
ဆန္ဒတစ်ခု မပျောက်ကွယ်တဲ့ အချိန်ထိပေါ့ ။
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို.ကြိုးစားရင်း
ရိုးသားစွာ မျှော်လင့်နေပါရစေ
ကောင်မလေး ရေ ။


Snuo Mwoani CMT


Monday, October 15, 2007

Meet


တစ်မြေစီခြားနေတဲ့
နှစ်ဦသားဘ၀မှာ
မသေချာတဲ့ မနက်ဖြန်တွေက
ရေစက် -လို. ခေါင်းစဉ်တပ်ရမလိုဖြစ်နေတဲ့
ဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်း မီးအိမ်ငယ်နဲ.
စိတ်ကူးယဉ်ဆန်ဆန်
ငါရှာခဲ့မိပါတယ် … ။

အဲဒီအချိန်မှာ
ငါ့အတွက်မိတ်ဆွေကတော့
ငါ့ရဲ. အရိပ်ကလေးပါပဲ .. ။
မျက်ရည်တစ်စက်ကျဖို.တောင်
ငါ့မှာ အားအင်မရှိခဲ့ပါဘူး .. ။

အဖော်မဲ့လှတဲ့ ငါ့ဘ၀မှာ
အလွမ်းရဲ. တိုက်ခိုက်မှုကြောင့်
အကြိမ်ကြိမ် ပြိုလဲခဲ့ရတယ်
ငါ့ရဲ.အတွေးတွေ သူဖျက်ဆီးလို.
အိပ်ပျက်ညတွေ သူစိုးမိုးတယ် … ။
တရေးတမှိတ် အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်း အိပ်မက်တွေ
သူလက်ဆောင်ပေးပြန်တော့
အထီးကျန်ဖြစ်နေတဲ့
ငါ့ဟာ
အရှုးအမှုးပေါ့ .. ။

ပင်လယ်ပြာပြာနဲ. တောင်တန်းများလည်း
ဘယ်လိုပဲ ပိုင်းခြားထားလဲ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမွေးရမယ် … ။
ဝါးတားတားမနက်ဖြန်တွေထဲက
ငါတောင့်တနေတဲ့
ဆုံနိုင်ခွင့် ခလုပ်တိုက်မိမယ့်
တစ်ခုသော အချိန်ကို မျှော်လင့်ရင်း
သူအတွက်
ကျွန်တော် ရင်ခုန်နေဦးတော့မည် ။

Snuo Mwoani CMT


Saturday, October 13, 2007

Money


ငွေပေးလျှင် ဘာမဆိုရသည်ဟု လူတွေပြောတတ်ကြသည်။
မဟုတ်ပါ။
ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။သို့သော် အရသာကို ၀ယ်၍မရပါ။
ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ကျန်းမာခြင်းကိုဝယ်၍မရ။
ဗဟုသုတအချက်အလက်ကိုဝယ်၍ရသည်။ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။လှပမှုကိုဝယ်၍မရပါ။
အပျော်အပါးကိုဝယ်၍ရသည်။ချမ်းသာသုခကိုဝယ်၍မရ။
အသိအကျွှမ်းတွေ ၀ယ်၍ရသည်။မိတ်ဆွေ အစစ်အမှန်ကိုဝယ်၍မရ။
အစေအပါးတွေဝယ်၍ရသည်။သစ္စာရှိမှုကို ၀ယ်၍မရ။
အားလပ်ချိန်တွေဝယ်၍ရသည်။ငြိမ်းချမ်းမှုကို ၀ယ်၍မရ။
ငွေဖြင့်သင်သည် အလုံးစုံသောအရာတို့၏ အခွံအကာများကို ၀ယ်၍ရနိုင်သည်။
အတွင်းအနှစ်သာရကိုကား မရရှိနိုင်။


MONEY It is said that for money you can have enerything,but you cannot.You can buy food,but notappetite;medicine,but not health;knowledge,but not wisdom;glitter,but not beauty; fun, but not joy;acquaintances,but not friends;servants,but not faithfulness;leisure,but not peace.You can have thehusk of everthing for money,but not the kernel.

ကျွန်တော် ကြိုက်လို. ဒါလေးကို တင်လိုက်တာပါ ...။ ကျွန်တော် အတွက်သူ ဟာ တစ်နေ.နေ. တစ်ချိန်ချိန်မှာ အရေးပါလာ အုံးမှာ ပါ ..။ ဒါပေမယ့် ကျွန်တော် ဖြေသိမ့်လိုက်ပါ့မယ် ..။ အရာအားလုံးကို သူ မစိုးမိုး နိုင်ဘူးလေ ။ ဒီအကြောင်းကို ကျွန်တော် သူငယ်ချင်း ဘလော့မှာ လည်း ရေး ထားပါတယ် ။ ငွေ ငွေ ...အော် မလွယ်ပါ့ လားနော် ။ သူ.ရဲ. အားနည်းချက်ကို သိရင် အဲဒီအားနည်းချက်နဲ. သူကို အနိုင်ယူပါ သူငယ်ချင်းတို.


Snuo Mwoani CMT


Friday, October 12, 2007

My Shadow



ချစ်သူ.အရိပ်လေး..
ငါ့နံရံမှာကပ်နေတယ်
ငါအိပ်တဲ့အခါတိုင်း..
သူကထိုင်ကြည့်နေတယ်
ငါ..မအိပ်ခင်လည်း...
သူ့ကိုငေး ကြည့်မိတယ်
ရင်ထဲကအချစ်အားလုံး...
သူယူထားတယ်
အခန်းထဲမှာ..သူကငါ့အဖော်ပဲ..
သူ့နဖူးလေး...လက်ကလေးနဲ့ပွတ်ကြည့်တယ်
သူ့နာခေါင်းလေး..လက်ညှိုးလေးနဲ့တိုထိမိတယ်
သူ့ဆံပင်လေး...စိတ်ကူးလေးနဲ့ ဖွပြစ်မိတယ်
ငါအားငယ်တဲ့အခါတိုင်း သူရှိလို.အားငယ်စိတ်ပြေတယ်
ငါတေ၇းနိုးတိုင်း...သူ့ကိုလှမ်းကြည့်တယ်
သူ့မျက်နှာလေး...ငေးကြည့်မိတယ်
သူ့ကို..အဲ့လောက်ထိမြတ်နိုးတယ်
ငါကျောခိုင်းအိပ်နေပေမယ့်
သူငါကိုကြည့်နေတယ်..
ငါရင်မှာ သူရှိနေလို. နွေးထွေးနေတယ်
သူ.ရဲ. ဖြူစင်တဲ့မျက်နှာလေးကို
အိပ်မက်ထဲမှာလဲ မြင်ယောင်မိတယ်
အထူးသဖြင့် သစ်ပင်အောက်က
သူ.ရဲ. အရိပ်ကလေး ကို ငါ
ဘယ်တော့မှ မေ့လို.ရမှာ
မဟုတ်တော့ဘူး ...... ။

ကျွန်တော် မှာ အရိပ်ကလေး ရှိတယ် ။ သူက ဟိုး အဝေးကြီး မှာ .....။
အရိပ်ကလေး သိနိုင်ပါစေ .....

Snuo Mwoani CMT


Monday, October 8, 2007

Please !





ကောင်မလေးရေ ...
မင်းတကယ် ထားသွားရက်မှာလား
မင်းမရှိပဲ ကိုယ်ဘယ်လိုဆက်ရှင်သန်ရမလဲ ...
မင်းကို မေ့လိုက်ဖို. အတွက်
ကိုယ့်မှာ ဘယ်လို အင်အားရှိမှာလည်း ....
ကိုယ့်ရင်ထဲမှာ ဘာတွေဖြစ်နေတယ် ..
ဘယ်လိုခံစားနေရတယ်ဆိုတာကို
မင်းကို သိစေချင်တယ်
မင်းမျက်နှာလေးကို ကြည့်ပြီး
စကားတွေပြောချင်တယ် ...
လက်တွေ.ကြတော့
ကျွန်တော် ဆန္ဒတွေဟာ
ဖြစ်မှ မဖြစ်နိုင်တာကွာ နော် ...
မင်းထင်တာလည်း မှန်ပါတယ်
ကောင်မလေး ရယ် ...
မြင်လည်း မမြင်ဘူး
တွေ.လည်း မတွေ.ဘူးတဲ့
လူတစ်ယောက်ကို
မင်းဘယ်လို ယုံကြည်နိုင်မှာလည်း
ကိုယ်ကိုတော့
ကျေးဇူးပြုပြီး ...............။




သူမျက်နှာလေးကို ကြည့်ရတာ အပြစ်ကင်းစင်တယ် .. ။ ဖြူစင်တဲ့ သူမျက်နှာလေးကိုကြည့် ရတာ ရင်ထဲမှာ စိတ်ခံစားမှုတစ်မျိုးကို ဖြစ်စေတယ် ။ ဒါတွေဟာ ကျွန်တော် အတွက် အားအင် တစ်ခုလိုပါပဲ ။ဒီနေ. ဟာ ကျွန်တော် အ တွက် မှတ်မှတ်ရရ ရှိစေချင်လို. Post နှစ်ခုတင်လိုက်တာပါ ။ အသည်းကွဲ ကဗျာတွေ တင်လို. ကျွန်တော် အသည်းကွဲ နေတာတော့ မဟုတ်ပါဘူး ။ ဒီခံစားချက်တွေကို ကျွန်တော် ကြိုက်လို.ရေးတာပါ ။ တကယ် ကျွန်တော် အသည်းကွဲတဲ့ အချိန်ရောက်ရင် ကိုယ်ကိုကိုယ် ခံနိုင်ရည်ရှိအောင်လို. လေ့ကျင့်ထားတဲ့ သဘောပါပဲ ။ စာတွေ.နဲ. လက်တွေ. ပေါင်းစပ်တဲ့ အခါမှာ အဖြေတစ်ခုတော့ ထွက်လာမှာ ပါ ။ ဒါကို ကျွန်တော် ယုံကြည်တယ်လေ ။ ဒီ Post လေးကို ည ကရေးနေရင် အလုပ်မအားတာတဲ့ မရေးဖြစ်ပဲ ဒီအတိုင်းထားလိုက်ရတာပါ ။ စိတ်ထဲမှာတော့ ပြီးအောင်ရေး မလို.ပါပဲ ။ အားပေးကြတဲ့ ကျွန်တော် ပရိတ်သတ်ကို လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။



Snuo Mwoani CMT


Miss



ဝေးလွန်းလှတဲ့ ဘ၀တွေ
ဆုံနိုင်ရန် ခက်ခဲနေသလား
ကလေး ရယ် ....
အဝေးက ဖျော့ဖျော့တော့တော့
နေရောင်ခြည်လေးကလည်း
လွမ်းအောင်ဖန်တီးနေသလိုပါပဲလား
မိုးကောင်ကင်ကြီး ကလည်း
ပြာလဲ့လဲ့နဲ. တိတ်ဆိတ်နေတယ် ...
မြေကမ္ဘာကြီး ကလည်း
ကြည့်ရတာခြောက်ကပ် နွမ်းလျှနေသလိုပါပဲ ...
ရေကမ္ဘာ သမုဒ္ဒရာကြီး ကလည်း
လှိုင်းလုံးကင်းမဲ့ပြီး ငြိမ်သက်နေတယ် ...
သြော် ဒီလူမှာလည်း
အဖော်မရှိ
တစ်ယောက်တည်းပေါ့ ကလေး ရယ် ....

မတွေ.ရတာကြာပေမယ့်
သတိရနေမိပါတယ် ...
ရင်မှာ ထာဝရ ချစ်နေဆဲပါ ...

Snuo Mwoani CMT


Saturday, October 6, 2007

Internet love




အင်တာနက် ချစ်သူ

သူနဲ. Chat နေချိန်မှာ Keyboard ရိုက်နေတဲ့
ငါရဲ. လက်အစုံဟာ လျင်မြန်ဖျတ်လတ်နေခဲ့တယ် ။
သူနဲ. Microphone ပြောနေချိန်မှာ
သူရဲ. စကားသံဟာ ငါကို ရူးသွပ်စွာ ဖမ်းစားစေခဲ့တယ် ။
သူ.အကြောင်းကို တွေးပြန်တော့
ငါ့နှလုံးသားဟာ ကြည်နူးနေခဲ့တယ် ။
သူကို လွမ်းနေတဲ့ အချိန်တိုင်းမှာ သူ. Photo ကို
ထပ်ခါတလဲလဲ ငါရင်ခုန်စွာနဲ. ကြည့်နေခဲ့တယ် ။
သူ. E-mail ကို ဖတ်နေချိန်ဝယ်
ငါစိတ်အစဉ်ဟာ ပျော်ရွှင်နေခဲ့တယ် ။
တစ်ယောက် တစ်နေရာစီ အလှမ်းဝေးကွာလွန်းတာမို.
ရင်ထဲ က စကားတွေကို E-mail နဲ. သူ.ဆီ အမြဲပို.ခဲ့တယ် ။

တစ်ယောက်နဲ. တစ်ယောက် စကြနောက်ကြ
စိတ်ဆိုးခဲ့ကြ စိတ်ကောက်ခဲ့ကြ ပြန်ချော့ခဲ့ကြ
ရန်ဖြစ်ခဲ့ကြ ပြန်ချစ်ခဲ့ကြ စိတ်လှုပ်ရှားခဲ့ကြ
အပြန်အလှန် နားလည်မှုတွေရှိခဲ့ကြ တယ် ။

ဘယ်သူတွေ ဘယ်လိုပြောပြော ငါလုံးဝ ဂရုမစိုက်ဘူး ။
ဘာပဲ ဖြစ်နေနေ ဒီဘ၀မှာ အခုလို ဆုံတွေ. ခွင့်ရတာ
ရှေးရေစက်ပဲပေါ့
ငါ တန်းဖိုးထား မြတ်နိုးနေဆဲပါ ….။

ဒီကဗျာလေး ထဲက စာကို ကျွန်တော် Chatting စကားလုံးများထည့်ထားပါတယ် … အင်တာနက် အသုံးပြုသူ အားလုံး ခံစားနားလည်မယ် လို . ကျွန်တော် ထင်ပါတယ်။ ဓာတ်ပုံလေးကလည်း ကဗျာဆန်ပါတယ် ..။ အားလုံးကို ဖတ်စေချင်တဲ့ စေတနာနဲ. ရေးလိုက်တာပါ ..။ တိုက်ဆိုင်မူများ ရှိခဲ့ရင်လည်း ခံစားမူ ပို အသက်ဝင်တာပေါ့ဗျာ ..။ ဒီနေ. အဖို.တော့ နားလိုက်ပါအုံးမယ် ခင်ဗျာ ..။ အားလုံးပဲပျော်ရွှင်ကြပါစေဗျာ ။

Snuo Mwoani CMT