
နှင်းဆီပန်းတွေ
မွေ.ယာခင်း
ဘ၀မေ့လျှော့ခြင်း
သောကကင်းတဲ့
ကမ္ဘာမြေ မင်းရယ် ကိုယ်ရယ်
အတူနေ
သံယောဇဉ်ဖွဲ. ချစ်နှောင်ကြိုး
ပန်းတွေ ပန်းတွေ အတူပျိုး
ကမ္ဘာမြေရဲ. တစ်နေရာမှာတော့
ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခု
ရှိလိမ့်မယ် ။
အဲဒီနေရာလေးမှာ
တို.နှစ်ယောက် တွေ.ဆုံကြမယ် ။
အဲဒီနေရာလေးမှာ
ကျွန်တော် စောင့်နေမယ် ။
ဘာရယ်မဟုတ်တဲ့ အချိန်တွေကို
ကျွန်တော် ဒီလိုပဲ ဖြတ်သန်းလိုက်မယ်
မျှော်လင့်ဆဲ ရင်ထဲက
ဆန္ဒတစ်ခု မပျောက်ကွယ်တဲ့ အချိန်ထိပေါ့ ။
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို.ကြိုးစားရင်း
ရိုးသားစွာ မျှော်လင့်နေပါရစေ
ကောင်မလေး ရေ ။
Snuo Mwoani CMT
No comments:
Post a Comment