ဝေးလွန်းလှတဲ့ ဘ၀တွေ
ဆုံနိုင်ရန် ခက်ခဲနေသလား
ကလေး ရယ် ....
အဝေးက ဖျော့ဖျော့တော့တော့
နေရောင်ခြည်လေးကလည်း
လွမ်းအောင်ဖန်တီးနေသလိုပါပဲလား
မိုးကောင်ကင်ကြီး ကလည်း
ပြာလဲ့လဲ့နဲ. တိတ်ဆိတ်နေတယ် ...
မြေကမ္ဘာကြီး ကလည်း
ကြည့်ရတာခြောက်ကပ် နွမ်းလျှနေသလိုပါပဲ ...
ရေကမ္ဘာ သမုဒ္ဒရာကြီး ကလည်း
လှိုင်းလုံးကင်းမဲ့ပြီး ငြိမ်သက်နေတယ် ...
သြော် ဒီလူမှာလည်း
အဖော်မရှိ
တစ်ယောက်တည်းပေါ့ ကလေး ရယ် ....
မတွေ.ရတာကြာပေမယ့်
သတိရနေမိပါတယ် ...
ရင်မှာ ထာဝရ ချစ်နေဆဲပါ ...
Snuo Mwoani CMT
No comments:
Post a Comment