Sunday, May 15, 2011

အပူမီး(၁၁)ပါး


အပူမီး (၁၁)ပါး

၀၁။ လောဘမီး - တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း၊
၀၂။ ဒေါသမီး - စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း၊
၀၃။ မောဟမီး - အဟုတ်အမှန် မသိရသဖြင့် ပူလောင်ခြင်း၊
၀၄။ ဇာတိမီး - ဘ၀သစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း၊
၀၅။ ဇရာမီး - အိုမင်းရသဖြင့် ပူလောင်ခြင်း၊
၀၆။ မရဏမီး - သေရသဖြင့် ပူလောင်ခြင်း၊
၀၇။ သောကမီး - စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း၊
၀၈။ ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း၊
၀၉။ ဒုက္ခမီး - ကိုယ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း၊
၁၀။ ဒေါမနဿမီး - စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း၊
၁၁။ ဥပါယာသမီး - ပြင်းထန်စွာ စိတ်ပင်ပန်း ဆင်းရဲသဖြင့် ပူလောင်ခြင်း။

အားလုံးအပူမီး (၁၁)ပါးမှ ကင်းဝေးကြပါစေ ....

Snuo

No comments:

Post a Comment