
သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။
ဆရာဇော်ဂျီ

02.05.2011 ညမှာ ညီလေးတစ်ယောက်မှ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်စေရန် ဆရာဇော်ဂျီ၏ နာမည်ကြီး ကဗျာတစ်ပုဒ် လက်ဆောင်ပေးခဲ့ပါတယ်.. ကဗျာရေးပေးသော ညီလေးအား ဤနေရာမှ ကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment