လူတိုင်း မိုးရဲ. အရသာနဲ. မိုးရဲ. အနံအသက်ကို ခံစားဘူးမယ်လို. ကျွန်တော်ထင်ပါတယ်...။ မိုးရဲ. အငွေ.အသက်ကိုပေါ့ဗျာ...။ မိုးရွာထဲမှာ အပျော်တမ်းလမ်းလျှောက် မထွက်ဘူးရင်တောင်မှ မိုးရေတော့စိုဘူးကြမယ်.။ တနည်းပြောရရင် မိုးမိကြဘူးမှာပေါ့ဗျာ
မိုး
ညိုကာမှောင်ရီ မကြာမီမှာ
ရာသီနှောင်းနွေ နေခဲ့နှုတ်ဆက်
မိုးတစ်စက်ဖြင့် ညှိ.သက်အပူဖြေပေးနိုး ။
ခြိမ်းလျက်ထစ်လျက် လျှပ်ရောင်ပြက်လည်း
တစ်စက်မရွာ မျက်နှာအပြောင်း
ဟန်ဆောင်ကောင်းသူ....။
ညိုမှောင်ဆိုင်းဆို. မှိုင်းဝေညို.လျက်
ဟိုမှာမှောင်ရီ ရွာတော့မည်လား
ယုံမှားမှတ်အောင်
ပြိုမယောင်နှင့် ဟိုတောင်ကမိုး
မာယာမိုးရေ
အငြိုးသို.၍ လှည့်စား၏သလော့...။
တစ်ကိုယ်ရေ တစ်ယောက်တည်း ဘ၀မှာ အားငယ်မှုနှင့်အတူ အိပ်ပျက်ညတွေပြေပျောက်ပါစေ....။
ကျခဲ့တဲ့ မျက်ရည်တွေ မိုးနှင့်အတူ မျောပါသွားပါစေ....။
မိုးနှင့်အတူ မျောပါသွားတဲ့ မျက်ရည်တွေ အငွေ. အဖြစ်နဲ.ပျောက်ပျက်ပါစေသား....။
Snuo Mwoani CMT
မိုး
ညိုကာမှောင်ရီ မကြာမီမှာ
ရာသီနှောင်းနွေ နေခဲ့နှုတ်ဆက်
မိုးတစ်စက်ဖြင့် ညှိ.သက်အပူဖြေပေးနိုး ။
ခြိမ်းလျက်ထစ်လျက် လျှပ်ရောင်ပြက်လည်း
တစ်စက်မရွာ မျက်နှာအပြောင်း
ဟန်ဆောင်ကောင်းသူ....။
ညိုမှောင်ဆိုင်းဆို. မှိုင်းဝေညို.လျက်
ဟိုမှာမှောင်ရီ ရွာတော့မည်လား
ယုံမှားမှတ်အောင်
ပြိုမယောင်နှင့် ဟိုတောင်ကမိုး
မာယာမိုးရေ
အငြိုးသို.၍ လှည့်စား၏သလော့...။
တစ်ကိုယ်ရေ တစ်ယောက်တည်း ဘ၀မှာ အားငယ်မှုနှင့်အတူ အိပ်ပျက်ညတွေပြေပျောက်ပါစေ....။
ကျခဲ့တဲ့ မျက်ရည်တွေ မိုးနှင့်အတူ မျောပါသွားပါစေ....။
မိုးနှင့်အတူ မျောပါသွားတဲ့ မျက်ရည်တွေ အငွေ. အဖြစ်နဲ.ပျောက်ပျက်ပါစေသား....။
မိုးရေတွေ စိုနေလို. ငိုနေမှာလား ?
Snuo Mwoani CMT
No comments:
Post a Comment