
လူလို. ခေါ်ဆိုခြင်းခံရတဲ့ ငှက်
သွေးပျက်စရာ ကောင်းလှတဲ့
မာယာသစ်ပင်ပေါ်က
ချိုမြိန်မယ်လို. ထင်ရတဲ့
အချစ်သစ်သီးတစ်လုံးကို
ဆွတ်ခူးစားလိုက်မိရုံနဲ.
ချိုမြိန်ခြင်း သကာရည်တွေဖုံးထားတဲ့
အချစ် အဆိပ်တွေတက်နေခဲ့တယ် ။
အဲဒါကို သဘာဝကရယ်မော
လှောင်ပြောင်လိုတဲ့သဘောနဲ.တော့ မဟုတ်ရပါဘူးတဲ့လေ
အဲ နောက်ပြီးတော့
ဝေး၀ါးနေတဲ့ မျှော်လင့်ခြင်းတွေနဲ.အတူ
နှစ်သိမ့်ခြင်းဆိုတဲ့ ဖြေဆေးတွေနဲ.
အစွမ်းကုန်လို. မဆိုသာလောက်တဲ့ ကြိုးစားမှုမျိုးနဲ.
အစွမ်းကုန် ကြိုးစားပြီးကုနေကြပေမဲ့
အကြင်နာဆိုတဲ့ ဖြေဆေးတစ်ခွက်ကိုတော့
သတိတရနဲ.ပေးဖို. သူတို.မတွေးမိခဲ့ကြဘူးထင်ပါရဲ.
အဲသည့်လိုနဲ. တစ်စ တစ်စ အချစ်အဆိပ်တွေတက်လာရာကနေ
လူလို.ခေါ်ဆိုခြင်းခံရတဲ့ငှက်
အလွမ်းဆိုတဲ့ အိပ်မက်ထဲမှာ
မျှော်လင့်ခြင်းဆိုတဲ့ လေကိုရှူပြီး
ဒဏ်ရာရခဲ့တဲ့ တောင်ပံတစ်စုံကို
ကြိုးစားပမ်းစားနဲ. တဖျပ်ဖျပ်ခပ်ရင်း
အကြင်နာဆေးတစ်ခွက်ကို အမောတကောရှာဖွေနေလေရဲ. ။
Snuo Mwoani CMT
No comments:
Post a Comment