ညနေခင်းလေးရဲ.
နေ၀င်ချိန်တိုင်းမှာ
နှုတ်ဆက်ဖို့မရဲခဲ့တာ
နင်တစ်ယောက်တည်း မဟုတ်ပါဘူး
မြတ် ရယ် .....။
အားလုံးကို ကျောခိုင်းဖို့
ငါကြိုးစား ခဲ့ပေမယ့်လည်း
ပတ်ဝန်းကျင်ဆိုတာရှိနေတော့
ငါ့ရင်ထဲက ဝေဒနာတွေကို
အခုချိန်ထိ
မြိုသိပ်နေရဆဲပါ ........။
ခံစားချက်ကို ဖွင့်ဟဖို့
နှလုံးသားထဲက ရသတွေက
ဘယ်လောက်ပဲ ကောင်းကောင်း
ငါ့ နှုတ်ခမ်းအစုံက ဆွံအနေတော့
လူမသိတဲ့ တစ်နေရာမှာ
ငါ ကြိတ်ငိုနေရတယ်
မြတ် ရေ ......။
မျက်ရည်တွေအားလုံးကို
တစ်နေရာတည်းမှာ
တစ်ထိုင်တည်း
ငိုပစ်လိုက်ချင်ပါတယ်
နောက်ထက်ခံစားမှုအတွက်
ကျလာမယ့် မျက်ရည်တွေကို
ငါ မလိုချင်တော့ဘူးလေ ... ။
ငါ့မျက်ရည်တွေကျမှ
မင်းကျေနပ်မယ်ဆိုရင်
မင်းမယုံဘူးဆိုရင်
ဆောင်းထားတဲ့ ထီးကလေး ကို
ဖယ်လိုက်ပါ
မင်း မိုး လို့ ထင်နေတာ
ငါ့ မျက်ရည် တွေပါ
မြတ် ရယ် ...။
ဘ၀ရဲ. အစိတ်အပိုင်းမှာ အချစ်ဟာလည်း နေရာတစ်နေရာ ယူတာပါပဲလား .....................။
ကျွန်တော့်ဘ၀ထဲက သူအပြီးအပိုင်ထွက်ခွာသွားပါပီ ..
Snuo Mwoani CMT
ကျွန်တော့်ဘ၀ထဲက သူအပြီးအပိုင်ထွက်ခွာသွားပါပီ ..
Snuo Mwoani CMT
No comments:
Post a Comment