၀၁။ မြတ်စွာဘုရားရှင်သည် ကိလေသာတို့ကုန်စင်လျက် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောကြောင့် အရဟံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာ စကားကြောင့်၎င်း၊ အရဟံမြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော်အား လူနတ်ဗြဟ္မာသတ္တ၀ါတို့မှ နှစ်လိုချစ်ကြည်ကြပါစေသတည်း။ ၀န်မတိုရန်မလိုကြပါစေနှင့်၊ တပည့်တော် တွင် မကောင်းမှု အကုသိုလ်ကင်းရပါစေသတည်။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၂။ မြတ်စွာဘုရားရှင်သည် အလုံးစုံသော တရားအပေါင်းတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန် သော သစ္စာစကားကြောင့်၎င်း၊ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားအား ရှိခိုးကန်တော့ ရသောကြောင့်၎င်း၊ တပည့်တော်သည် ထွင်ဥာဏ်လျင်ဥာဏ်သင်ဥာဏ်ဖြစ်သော ဥာဏ်ပညာတို့ ထွန်းပြောင်၍ ကြံတိုင်း အောင် ဆောင်တိုင်းမြောက်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၃။ မြတ်စွာဘုရားရှင်သည် ၀ိဇ္ဇာ ၃ ပါး၊ ၀ိဇ္ဇာ ၈ ပါး၊ စရဏ ၁၅ ပါး (ဥာဏ်တော်ကျင့်စဉ်တော်) တို့ နှင့် ပြည့်စုံတော်မူသောကြောင့် ၀ိဇ္ဇာစရဏသမ္မန္နော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန် သော သစ္စာစကားကြောင့်၎င်း၊ ၀ိဇ္ဇာစရဏသမ္မန္နေ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့် ၎င်း၊ တပည့်တော်သည် ၀ိဇ္ဇာဥာဏ်အထူးဖြင့် ရန်ဆူးထွင်နိုင်ပါစေသတည်း။ အသိအမှန်အကျင့်မြတ် ဖြင့် နိဗ္ဗာန်ရပ်သို့ ခိုဝင်နိုင်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၄။ မြတ်စွာဘုရားရှင်သည် ကောင်းမြတ်မှန်ကန်သောသစ္စာစကားကိုသာ ဆိုတော်မူတတ်၍ သဗ္ဗ ညုတ ဥာဏ်ရကြောင်း လမ်းစဉ်ကောင်းမှ ကြွတော်မူခဲ့သောကြောင့် သုဂတော ဂုဏ်တော်နှင့် ပြည့်စုံ တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ သုဂတ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရ သောကြောင့်၎င်း၊ တပည့်တော်သည် ဆိုရေးရှိက ဆိုအပ်စွာသော စကားကောင်း လမ်းစဉ်ကောင်း တို့ ဖြင့် အောင်နိုင်ရပါစေသတည်း။ လာခြင်းကောင်သော မြတ်စွာဘုရား၏ တန်ခိုးဣိဒ္ဓိပါဒ်ဖြင့် တပည့်တော်၏ သွားရာလာရာ ဘ၀လမ်းခရီး မှန်ကန်ဖြောင့်မတ်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၅။ မြတ်စွာဘုရားရှင်သည် သတ္တလောက သင်္ခါရလောက သြကာသလောက ဟူသော လောက(၃) ပါးကို ကုန်စင်အောင် သိမြင်သူ ဆရာတစ်ဆူ ဖြစ်သောကြောင့် လောက၀ိဒူ ဂုဏ်တော်နှင့် ပြည့်စုံ တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ လောက၀ိဒူ မြတ်စွာဘုရားအား ရှိခိုးကန် တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် ဘုရားရှင်၏ ဆုံးမပဲ့ပြင်မှုတွင် အစဉ်တည်ပြီး ကြံတိုင်း အောင် ဆောင်တိုင်းမြောက်ကာ ကောင်းမြတ်မှန်ကန် ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၆။ မြတ်စွာဘုရားရှင်သည် မယဉ်ပါးသော ယောင်္ကျားမိန်းမ သတ္တ၀ါများကို ယဉ်ပါးအောင် ဆုံးမရာ တွင် အတုမရှိသောကြောင့် အနုတ္တရောပုရိဿ ဓမ္မဿရတိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ အနုတ္တရောပုရိဿ ဓမ္မဿရတိ မြတ်စွာဘုရားအား ရှိခိုးကန် တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် မသူတော်တို့၏ ဘေး၊ လူရမ်းကားတို့၏ ဘေးမှ အစဉ် ကင်းဝေး ရပါစေသတည်း။ ဘေးရန်ဟူသမျှ မှကင်းဝေးရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၇။ မြတ်စွာဘုရားရှင်သည် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ ကိုးကွယ်အားထားရာ အကျိုးစီးပွာပြုရာ ဆရာသခင် ကျေးဇူးရှင် ဖြစ်သောကြောင့် သတ္တာဒေ၀ မနုဿနံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ သည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ သတ္တဒေ၀ မနုဿန မြတ်စွာဘုရားအား ရှိခိုးကန်တော့ရ သောကြောင့်၎င်း၊ တပည့်တော်သည် ကောင်းကျိုးခပ်သိမ်းပြီးပြည့်စုံ၍ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၈။ မြတ်စွာဘုရားရှင်သည် သစ္စာလေးပါးကို ကိုယ်တော်တိုင် သယမ္ဘူဥာဏ်ဖြင့် သိမြင်၍ သူတစ် ပါး တို့ကိုလည်း သိမြင်စေသောကြောင့် ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာ စကားကြောင့်၎င်း၊ ဗုဒ္ဓ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော်သည် သစ္စာ လေးပါး မြတ်တရားဖြင့် နိဗ္ဗာန်သို့ အရောက်လှမ်း နိုင်ပါစေသတည်း။ မကောင်းကိုပယ် အမှန်သယ်၍ မကောင်းမှု အကုသိုလ် ကင်းရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
၀၉။ မြတ်စွာဘုရားရှင်သည် ဘုန်းတော်အနန္တ၊ ကံတော်အနန္တ ဥာဏ်တော်အနန္တ၊ တန်ခိုးတော် အနန္တ တို့နှင့် ပြည့်စုံတော်မူသောကြောင့် ဘဂ၀ါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်၎င်း၊ ဘဂ၀ါ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်၎င်း၊ တပည့်တော် သည် ဘုန်းတန်ခိုးကြီးခြင်း၊ ဥာဏ်ပညာအကျော်ဇောကြီးခြင်း တို့နှင့် ပြည့်စုံရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း တို့မှာလည်း ထိုနည်း တူ ဖြစ်ကြပါစေဘုရား။
thank you so much...start to day i try to read that...
ReplyDeleteသာဓု သာဓု သာဓု
သူငယ်တန်းကျောင်းသား ၄ တန်းစာသင်သလို ပဲ ၃ပါး၅ပါး၁၅ပါး၆ပါးတွေမသိဘဲဘာသွားကြည်ညိုရမှာလဲ မသိလို့လိုက်ရှာပါတယ် .....
ReplyDelete