Tuesday, January 11, 2011

Feeling



ဘ၀ရပ်တည်ရေးအတွက် တစ်နေ့တစ်နေ့ မအားလပ်နိုင်အောင် အလုပ်တွေရှာကြတယ် အလုပ်တွေ လုပ်ကြတယ် .. စိတ်ရပ်တည်ရေး စိတ်အေးချမ်းရေး အတွက် တော့ အချိန်မပေးနိုင်ခဲ့ဘူး ..
အိပ်မပျော်တဲ့ ညတွေ အတွက် အိပ်ဆေးသောက်လို့ ဘ၀ခဏတာ အိပ်စက်ခဲ့တယ် ..
ပျော်မယ် လို့ ထင်တာရာတွေ ငါ ရှာဖို့ အချိန်မရခဲ့ဘူး ..
ငါမှာ ချစ်စရာ ဆိုလို ခွေးလေးတစ်ကောင်တောင် မရှိခဲ့ဘူး ..
ဘယ်လောက် မအားသလဲဆိုရင် ငါ ၀မ်းစာအတွက် ဘယ်အချိန်မှာ ဘာစားလဲဆိုတာတောင် ငါ မသိတော့ဘူး ..
အလုပ်တွေမလုပ်နိုင်တော့တဲ့အခါ လုပ်စရာမရှိတော့တဲ့အခါ စိတ်မှာ အေးချမ်းခြင်းအတွက် အိပ်မက်သဖွယ် စိတ်ကူးယဉ်လိုက်တယ် ..
စကားတွေပြောချင်တယ် ..ခံစားချက် တွေ ဖွင့်ဟချင်တယ်.. ခံစားချက်တွေ နားထောင်ချင်တယ် ..
မနက်ခင်း ထွက်လာတဲ့ နေမင်းအလှတရားနဲ့ အေးမြတဲ့လေကို နွေးထွေးမှု ပေးမယ့် အဖော်တစ်ယောက်နဲ့ အတူတူ ခံစားချင်တယ် ..ငါ့ ပုခုံးကိုမှီမယ့်သူကို ငါ မျှော်နေတာလား .. ငါ တစ်ခြားသူ ပုခုံးလေးကို မှီချင်တာလား ..
ငါလည်း မှီခိုစရာ ပုခုံး မရှိသလို ငါ့ ပုခုံးကိုမှီမယ့် သူလည်း ရှိမလားဘူး ..
ပုဇင်းရင်ကွဲကတောင် ငါ အသက်ရှုသံတွေ ပြင်းလို့ အနားမကပ်တော့ဘူး ..
အနားကို ငါကြည့်လိုက်တယ် ..
အပေါ်တည့်တည့်က မေဗယ်ပင်ဝါ၀ါ ရယ် ..
ငါ ထိုင်နေတဲ့ ထိုင်ခုံရယ် ..
လွင့်ပစ်ထားတဲ့ ပေါင်မုန့်တစ်ချပ်ရယ် ..
အဖော်မပါ စားနေတဲ့ ခိုလေးတစ်ကောင်ရယ် …
ငါ့ အနားမှာလည်း တစ်ယောက်မှ မရှိကြဘူး ..
မျက်ရည်ဝန်းက မျက်ရည်တွေနဲ့ အတူ ခိုလေးကို ငါစိတ်ထဲက ပြောလိုက်မိတယ် ..
ခိုလေးရယ် ဘ၀အတွက် ၀မ်းစာကို လုံလောက်အောင် ရှာပါ .. ပြီးရင်တော့ ခိုလေး ကို ချစ်မယ့် ကြင်နာမယ့် ချစ်သူအတွက် အချိန်တွေပေးပါ .. ချစ်သူလေးနဲ့ အတူ ငါ့အနားကို ခိုလေးပြန်လာရင် အခု ငါငိုနေတဲ့ မျက်ရည်တွေ ရပ်ပစ်လိုက်ပါ့မယ် .. ..
စိတ်ကလည်း အလုပ်တွေနှိပ်စက်လို့ ကြေမွနေပြီလေ ..
ဘ၀ကောင်းစားရေးကို ဦးစားပေးခဲ့တဲ့ငါ အခုတော့ စိတ်နှိပ်စက်တာ ခံနေရပါပီ..

လောဘ၊ ဒေါသ၊ မောဟ ကိလေသာစိတ်တွေ မကင်းစင်သေးသရွေ့ စစ်မှန်တဲ့ အေးချမ်းခြင်းကို မရနိုင်ဘူးဆိုတာ အခုတော့ ငါနားလည်လိုက်ပါပီ …

မအားလပ်နိုင်တဲ့ အလုပ်တွေကြားမှာ စိတ်အေးချမ်းခြင်းအတွက်လည်း အချိန်ပေးကြပါ ..

Saturday, January 8, 2011

For CAPRICORN_2011



ပေးဆပ်အနစ်နာခံသော မေတ္တာရှင်များ ဖြစ်သည်။ မိမိအချစ်ကို ရင်တွင်းပြည့်လျှံအောင် စီးဆင်း ယိုဖိတ်လင့် ကစား နှုတ်မှ ဖွင့်လှစ်၍ အချစ်စကားလုံးတစ်လုံးတစ်ပါဒ ပြောရန်ကိုပင် အလွန်ဝန်လေး သူများဖြစ်သည်။ ဘ၀လမ်းကြောင်းတွင် မေတ္တာရေးတွင် အနှောက်အယှက်များကြုံးပြီးမှ အဆင်ပြေ တတ်သည်။ ငယ်ချစ်အပေါ် နှစ်နှစ်ကာကာနှင့် တစ်သက်တာလက်တွဲရန် ရည်ရွယ်ထားသည်။ ချစ်ခဲ သည်။ အချစ်မြဲသည်။ “The Consistent Lovers” များဟု သတ်မှတ်သည်။ မိမိဘ၀နှင့် ကိုက်ညီလျှော် ညီသော မိမိ၏ မေတ္တာနှင့် ညီညွတ် သော ချစ်သူကို ရွေးချယ်မေတ္တာထားတတ် သော သူဖြစ်သည်။
အချစ်ရေး၊ မေတ္တာရေးလမ်းကြောင်းတွင် ချောမွေ့သည်ဟူ၍ မရှိ။ များစွာသော အနှောက်အယှက်များ ကို ကျော်ဖြတ်ပြီးမှ သာ ချစ်သူနှင့် ပေါင်းစည်းရမည်။ ကိုယ့်ကို အသုံးချလိုသော သူများ ချစ်ယောင် ဆောင် အသည်းခွဲမှုကို ဒဏ်ကိုလည်း ကြုံတွေ့ရမည် ဖြစ်သည်။ မိသားစု ပတ်ဝန်းကျင်နှင့် ပဋိပက္ခများ ကြုံပြီးမှ အိမ်ထောင်ရေးကိစ္စ အဆင်ပြေမည်။ ဘ၀လက်တွဲရမည့် သူနှင့်တွေ့ပီးမှာ တစ်ဖန်အခြား သောသူများနှင့် မေတ္တာမျှခြင်း၊ ဝေးကွာခြင်းရှိမည်။ ပြီးမှ တစ်ဖန် ပြန်လည်ဆုံစည်းရမည့်ကံရှိပေရာ တစ်ဦးထက်မကသော ချစ်သူများ ပေါ်ပေါက်မည်။ သို့သော် အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည့်ကံ ပေါ်သည်။ ၂၀၁၁ ခုနှစ်အတွင်း မေတ္တာရေးလမ်းကြောင်းသည်ကား ..
• 21.05.2011 မှ 20.06.2011 ကြား
• 21.07.2011 မှ 20.08.2011 ကြား
• 21.10.2011 မှ 20.11.2011 ကြား ကာလများတွင် အနှောက်အယှက်များမည်။ အထင်လွဲမှားမှု များ ဖြေရှင်း ရမည်။ အသေးမွှားပြဿနာကို အခြေတည်၍ ကြီးမားသော မေတ္တာရေးပဋိပက္ခကြုံမည်။ ရန်ဖြစ်က ဖြေးရှင်းရန် ခက်ခဲမည်။ နှစ်ဦးကြားထားရှိသော မေတ္တာအပေါ် ပျက်ယွင်းအောင် လိုက်လံ၍ သွေးထိုးလှုံ့ဆော်သော ကြားလူ အနှောက်အယှက်ကြုံမည်။ ချစ်သူ၏ စိမ်းကားရက်စက်မှု ကို ခံရမည်။ ချစ်ကံခေသောရက်များဟု ဆိုရပေမည်။ ကိုယ်တိုင်သည်လည်း စိတ်လေ၍ အချစ်မှားခြင်း၊ သံယောဇဉ်အထားမှားခြင်းများ ဖြစ်တတ်သည်။
• 19.02.2011 မှ 20.03.2011 ကြား
• 21.06.2011 မှ 20.07.2011 ကြား
• 21.11.2011 မှ 20.12.2011 ကြား ကာလများတွင်ကား အရာရာ အဆင်ပြေမည်။ ဖြစ်ပေါ်နေသော ပဋိပက္ခများ ငြိမ်းအေးမည်။ ချစ်သူမရှိသူ ချစ်သူရမည်။ အိမ်ထောင်ရေးကိစ္စ များဆုံဖြတ်ရမည်။ မေတ္တာ ရေးအထူးကံကောင်း မည်။ မိမိအပေါ် နားလည်သော သူနှင့်တွေ့မည်။ စိတ်ချမ်းမြေ့ရမည်။ အိမ်ထောင် မရှိသူ အိမ်ထောင်ကျမည်။ စစ်မှန်သော အချစ်ရေး၊ မေတ္တာရေးရာများနှင့် ကြည်နူးရမည့် အခြေအနေကောင်းများ ကြုံတွေ့ရပေမည်။

စံ-ဇာဏီဘို မှ ပြန်လည်ကူးယူဖော်ပြသည်။

အားလုံးပဲ ချစ်ခြင်းမေတ္တာဖြင့် အေးချမ်းသော ဘ၀များ ပိုင်ဆိုင်ကြပါစေခင်ဗျာ။

Saturday, January 1, 2011

For January

ချစ်သောဇန်န၀ါရီ

မနက်ခင်းတိုင်းမှာ
နူးညံတဲ့လေပြေတွေ
ဆက်သဖို့ ဇန်န၀ါရီရောက်လာပြီ ..

ဇန်န၀ါရီကို အရုပ်ကလေးလို
ကစားချင်သူများအတွက်
မြေပြင်ကို နှင်းမွေ့ယာတွေ ခင်းပေးထားတယ် ..

ဇန်န၀ါရီကိုချနင်းဖို့အတွက်
ပျော့ပြောင်းတဲ့ နှင်းပွင့်ကလေးတွေကို
မာကျောတဲ့ ရေခဲပြင်အဖြစ်
မြေလွှာပေါ်မှာ
ကျောခင်းထားတယ်..

နှင်းမွေ့ယာတွေပေါ်နင်းဖြတ်သွားတဲ့
ခြေလှမ်းတွေအတွက်
ဇန်န၀ါရီမှာ ခွင့်လွှတ်ခြင်းတွေ ရှိတယ် ..

အထင်လွှဲနေတဲ့
မှားယွင်းခြင်းတွေကို
နားလည်ဖို့အတွက်
ဇန်န၀ါရီက နှစ်သစ်တစ်ခုကို
အမြဲအစပျိုးပေးခဲ့တယ် ..

နှစ်သစ်နှင့်အတူ
အားအင့်တွေ ပြည့်စေဖို့
အရာအရာကို အသစ်ဖန်တီးပေးတယ်

ဂန္တ၀င်မြောက်မယ့် ဇာတ်လမ်းတွေ အတွက်
ဇန်န၀ါရီဟာ ပေးဆပ်ခြင်းတွေ
ရင်မှာ ပိုက်ထားတယ် ။

စိမ်းကားနိုင်လွန်းတဲ့
မာယာတောကို
ဖြူစင်တဲ့ သဇင်ပန်းတွေနဲ့
ဇန်န၀ါရီမှာ အလှဆင်ခဲ့တယ် ..

တောအလှမာယာ ၀င်္ကပါကထွက်ဖို့
ခွာညိုပန်းတွေ
ဇန်န၀ါရီမှာ လမ်းခင်းခဲ့တယ် ..

ပျော်စရာတွေ မရှိတဲ့ ခရောင်းလမ်းလည်း
ဇန်န၀ါရီမှာ အေးချမ်းနေပြီ ..
အေးချမ်းခြင်းတွေနဲ့ အတူရှိစေဖို့
ဖြူစင်တဲ့ နှင်းကလေးတွေကို
ဇန်န၀ါရီက လက်ဆောင်ပေးနေပြီ ..

အရိုးသားဆုံးမှင်တစ်စက်ဟာ
ဇန်န၀ါရီအတွက် ယုံကြည်မှု ဖြစ်ပါစေ ..။

ဇန်န၀ါရီ ရဲ့  အေးချမ်းခြင်း၊ ဖြူစင်ခြင်းတွေနဲ့ အတူ
အားလုံးလည်း အေးချမ်းကြပါစေ ဖြူစင်ကြပါစေ ..


Snuo Mwoani CMT


Friday, December 31, 2010

1 to 10

ကျွန်တော်ပြောချင်တဲ့ တစ် မှ တစ်ဆယ်

တစ်
တစ် နေ.မှာပေါ့ သူကို ကျွန်တော် ချစ်တယ် မိတယ်
နှစ်
နှစ်နှစ်ကာကာချစ်မိပါတယ်
သုံး
သောက်သုံးလို. မကုန်နိုင်တဲ့ သမုဒ္ဒရာရေ လို အချစ်မျိုးနဲ.ပေါ့
လေး
လေးလေးနက်နက် စဉ်းစားပေးမယ်တဲ့ သူက
ငါး
ငါးတွေဟာရေ ရှိမှ အသက်ရှင်နိုင်သလို ကျွန်တော်မှာ လည်း သူရှိမှ အသက်ရှင်နိုင်မယ်လေ
ခြောက်
သူ ကျွန်တော် ကို နှလုံးသွေးတွေ ခမ်း ခြောက် လောက်အောင်ထိတော့ ရက်စက်မယ် မထင်ဘူးလေ
ခုနှစ်
ခုနှစ် ဆိုတဲ့ လက်ကီး ဂဏန်းလေးလိုပဲ ကျွန်တော် ကံကောင်းချင်လိုက်တာ
ရှစ်
ရှစ်လေး ...အဲ ...ချစ်လေး လို. တာ ကျွန်တော် သူကို ခေါ်လိုက်ချင်တော့တယ်
ကိုး
ကိုး ကို ရာမဲ့နေတဲ့ ကျွန်တော် ဘ၀ မှာ သူက အရိပ်ကလေး တစ်ခုပါ
တစ်ဆယ်
ဆယ်နှစ်ဆယ်လီ ချစ်ပစ်လိုက်မယ် ။ ကမ္ဘာ ဆယ်သိန်း ဆိုတာ ကျွန်တော် သူကို ချစ်နေတဲ့ ကာလနဲ. ယှဉ်ရင် သဲပွင့်လောက်ပဲ ရှိပါတယ် ။


ပြုံးလျှက်ငိုနေမယ့် ဘ၀တော့
မခင်တွယ်ချင်ပါဘူး
အမုန်းကို ပေးသနားရင်လည်း
ချစ်မျက်ရည်တွေ မသိပါစေနဲ.
မျက်ရည်ကို အရမ်းမုန်းလို.ပါ ...
သံသရာမှာ ကျင်လည်နေ သမျှတော့
အဖန်တစ်ရာ ကြင်နာမြဲပါ
ကလေး ရယ် ....
ဆုတောင်းတိုင်း သာပြည့်မယ်ဆိုရင်
ချစ်သောသူ နှင့်
မုန်းသောမျက်ရည်
ပူလောင် သောက
ဘယ်သေအခါမှ
အတူ မရှိပါစေနဲ. လား ....။

ချစ်တတ်သူတိုင်း နားလည်ပေးသောသူ

Snuo Mwoani CMT


Thursday, December 9, 2010

Wireless Network Error in Windows XP

မိမိတို့ သုံးနေတဲ့စက်မှာ Wireless Network ပါတဲ့သူများအတွက်ရည်ရွယ်ပါတယ်.. အခုလို ပုံ(၁)မှာ ပြထားတဲ့ အတိုင်း Error တွေ့ရှိခဲ့ပါက ဖြေရှင်းရမယ့် နည်းလမ်းကလေးကို မျှဝေချင်ပါတယ်ခင်ဗျာ ..။ အဲဒီ Error ဖြစ်တဲ့အ ချိန်တွေကတော့ မိမိသုံးနေတဲ့ Windows XP ကို update ပေးလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်.။ Error-- "Wireless cannot configure this wireless connection. If you have enabled another program to manage this wireless connection, use that software. If you want windows to configure this wireless connection, start the wireless zero configuration (WZC). For more information about starting the WZC service, see article 871122 in the Microsoft Knowledge Base on the microsoft.com website." အဆင့်(၁)။ Click Start, click Run, type %SystemRoot%\system32\services.msc /s, and then click OK.အဆင့်(၂)။Wireless Zero Configuration အား Double-click ပေးပါ။ အဆင့်(၃)။ Startup type list တွင် Automatic အားရွေးချယ်ပါ။ ပြီးလျှင် Start Button အားနှိပ်ပါ။ ဒါဆိုရင် မိမိစက်မှာ ဖမ်းမိနေတဲ့ Wireless Network တွေကို မြင်ရပါပြီခင်ဗျာ.. အားလုံးအဆင်ပြေကြပါစေ. ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ အောက်က Mediafireတွင် တင်ထားသော ဖိုင်းလေးကို ဒေါင်းလိုက်ပါ။ Install လုပ်လိုက်ပါ။ ပြီးလျှင် အပေါ်မှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီလုပ်သွားပါ .. ။ အဆင်ပြေကြပါစေ . Fix This Problem Mediafire ၅၃ နှစ်မြောက်-ဖေဖေမွေးနေ့ အမှတ်တရ

Miss My Dear Father



ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်းဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိတာပေါ့
တစ်နေ့မှာဆုံးရာ ရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား ။

အဖေအတွက်ဂုဏ်ယူရမယ့် သားတစ်ယောက်ဖြစ်ရပါစေမယ့်လို့ အဝေးရောက်သားတစ်ယောက် ဒီကဗျာလေးနဲ့ အဖေ ကို ကန်တော့ အပ်ပါသည် ။

မိမိဘ၀ တိုးတက်မြင့်မားရေးအတွက် အခက်အခဲ အတားအဆီးများကြားမှ မဆုတ်မနစ် ကျားကုတ်ကျားခဲ ကြိုးစားနေကြသော သူငယ်ချင်းများလည်း အစစ အရာရာ အောင်မြင်ကြပါစေ ။ မိမိတို့လိုရာ ပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါစေ ခင်ဗျာ ....။

Snuo Mwoani CMT



Tuesday, November 9, 2010

Good Luck All

လပြည့်ည ကောင်းကင်မှာ
ငါ မြင်ခဲ့သော
နဂါးငွေ့တန်းတွေဟာ
မနက်ခင်းမှာ ပျောက်ကွယ်သွားပြီ ..

မှော်ဆန်တဲ့ နဂါးငွေ့တန်းတွေလို
နှလုံးသားရဲ့  မနက်ခင်းတစ်ခုမှာ
ချစ်ခြင်းတရားဟာလည်း
ပျောက်ကွယ်သွားတော့မလား ..

ငါ့နှလုံးသားတွေ နာကျင်လာပြီ ..

မနက်ဖြန်ဆို သက်သာသွားမှာပါဆိုတဲ့ အတွေး …
သန်းခေါင်ယံတွေသာ တစ်ခုပြီးတစ်ခုဖြတ်လာတယ်
သက်ပြင်းတွေအောက်က
ခေါင်းအုံးလေးတောင် မျက်ရည်နံ့ကို ယဉ်ပါးလို့။
မျက်ရည်တွေ ကျခဲ့တာ ခေါင်းအုံးလေးက သိနေတော့ ..
သူ့ကိုသနားရင် ..
အိပ်ပျော်အောင်အိပ်ပါတော့ ...

ဘယ်သူ့ မှမမြင်စေချင်တဲ့ မျက်ရည်တွေ ကို
ကိုယ်တိုင်တော့ ကြည့်ချင်တယ်..
သူ့ကို မြတ်နိုးလို့..အရမ်းချစ်လို့
ကျတဲ့ မျက်ရည်တွေ ဆိုတာ သိနေလို့

ထလိုက်ထိုင်လိုက် .. လူးလိုက်လိမ့်လိုက်နဲ့
ဒီကမ္ဘာလေးမှာ ..ငါပျော်အောင် ကြိုးစားခဲ့ရတယ် ..

ကျေးဇူးပြု၍ အရိပ်ရယ် ငါ့ကိုမခြောက်လန့်ပါနဲ့တော့..

အနားမညီတဲ့ ချစ်ခြင်းတရားတွေအတွက်
နားလည်မှုဆိုတာ ဖြေဆေးတစ်ခုဖြစ်ခဲ့ရင် ..
အိပ်မရတဲ့ ဒီညမှာ ဖြေဆေးကို သောက်လို့
ငါ အိပ်စက်ပါရစေ ……

..................................................................
သင် လူတစ်ယောက်အတွက် ပြင်းပြင်းထန်ထန်မခံစားချင်ဘူးဆိုရင် အဲဒီလူအတွက် နားလည်မှုပေး နိုင်အောင် ကြိုးစားလိုက်ပါ .. သင့်စိတ် ပင်ပန်းမှုအတွက် ဖြေဆေးတစ်ခုလို အထောက် အကူပြုပါလိမ့်မယ် ..။

ချစ်ခြင်းတရားမှ ပေါက်ဖွားလာတဲ့ အေးချမ်းသော နူးညံသော ခံစားချက်များ လူသားအားလုံး ပိုင်ဆိုင်နိုင်ပါစေ

09.11.2010

Snuo Mwoani CMT