ချစ်သောဇန်န၀ါရီ

မနက်ခင်းတိုင်းမှာ
နူးညံတဲ့လေပြေတွေ
ဆက်သဖို့ ဇန်န၀ါရီရောက်လာပြီ ..
ဇန်န၀ါရီကို အရုပ်ကလေးလို
ကစားချင်သူများအတွက်
မြေပြင်ကို နှင်းမွေ့ယာတွေ ခင်းပေးထားတယ် ..
ဇန်န၀ါရီကိုချနင်းဖို့အတွက်
ပျော့ပြောင်းတဲ့ နှင်းပွင့်ကလေးတွေကို
မာကျောတဲ့ ရေခဲပြင်အဖြစ်
မြေလွှာပေါ်မှာ
ကျောခင်းထားတယ်..
နှင်းမွေ့ယာတွေပေါ်နင်းဖြတ်သွားတဲ့
ခြေလှမ်းတွေအတွက်
ဇန်န၀ါရီမှာ ခွင့်လွှတ်ခြင်းတွေ ရှိတယ် ..
အထင်လွှဲနေတဲ့
မှားယွင်းခြင်းတွေကို
နားလည်ဖို့အတွက်
ဇန်န၀ါရီက နှစ်သစ်တစ်ခုကို
အမြဲအစပျိုးပေးခဲ့တယ် ..
နှစ်သစ်နှင့်အတူ
အားအင့်တွေ ပြည့်စေဖို့
အရာအရာကို အသစ်ဖန်တီးပေးတယ်
ဂန္တ၀င်မြောက်မယ့် ဇာတ်လမ်းတွေ အတွက်
ဇန်န၀ါရီဟာ ပေးဆပ်ခြင်းတွေ
ရင်မှာ ပိုက်ထားတယ် ။
စိမ်းကားနိုင်လွန်းတဲ့
မာယာတောကို
ဖြူစင်တဲ့ သဇင်ပန်းတွေနဲ့
ဇန်န၀ါရီမှာ အလှဆင်ခဲ့တယ် ..
တောအလှမာယာ ၀င်္ကပါကထွက်ဖို့
ခွာညိုပန်းတွေ
ဇန်န၀ါရီမှာ လမ်းခင်းခဲ့တယ် ..
ပျော်စရာတွေ မရှိတဲ့ ခရောင်းလမ်းလည်း
ဇန်န၀ါရီမှာ အေးချမ်းနေပြီ ..
အေးချမ်းခြင်းတွေနဲ့ အတူရှိစေဖို့
ဖြူစင်တဲ့ နှင်းကလေးတွေကို
ဇန်န၀ါရီက လက်ဆောင်ပေးနေပြီ ..
အရိုးသားဆုံးမှင်တစ်စက်ဟာ
ဇန်န၀ါရီအတွက် ယုံကြည်မှု ဖြစ်ပါစေ ..။
ဇန်န၀ါရီ ရဲ့  အေးချမ်းခြင်း၊ ဖြူစင်ခြင်းတွေနဲ့ အတူ
အားလုံးလည်း အေးချမ်းကြပါစေ ဖြူစင်ကြပါစေ ..
Snuo Mwoani CMT
မနက်ခင်းတိုင်းမှာ
နူးညံတဲ့လေပြေတွေ
ဆက်သဖို့ ဇန်န၀ါရီရောက်လာပြီ ..
ဇန်န၀ါရီကို အရုပ်ကလေးလို
ကစားချင်သူများအတွက်
မြေပြင်ကို နှင်းမွေ့ယာတွေ ခင်းပေးထားတယ် ..
ဇန်န၀ါရီကိုချနင်းဖို့အတွက်
ပျော့ပြောင်းတဲ့ နှင်းပွင့်ကလေးတွေကို
မာကျောတဲ့ ရေခဲပြင်အဖြစ်
မြေလွှာပေါ်မှာ
ကျောခင်းထားတယ်..
နှင်းမွေ့ယာတွေပေါ်နင်းဖြတ်သွားတဲ့
ခြေလှမ်းတွေအတွက်
ဇန်န၀ါရီမှာ ခွင့်လွှတ်ခြင်းတွေ ရှိတယ် ..
အထင်လွှဲနေတဲ့
မှားယွင်းခြင်းတွေကို
နားလည်ဖို့အတွက်
ဇန်န၀ါရီက နှစ်သစ်တစ်ခုကို
အမြဲအစပျိုးပေးခဲ့တယ် ..
နှစ်သစ်နှင့်အတူ
အားအင့်တွေ ပြည့်စေဖို့
အရာအရာကို အသစ်ဖန်တီးပေးတယ်
ဂန္တ၀င်မြောက်မယ့် ဇာတ်လမ်းတွေ အတွက်
ဇန်န၀ါရီဟာ ပေးဆပ်ခြင်းတွေ
ရင်မှာ ပိုက်ထားတယ် ။
စိမ်းကားနိုင်လွန်းတဲ့
မာယာတောကို
ဖြူစင်တဲ့ သဇင်ပန်းတွေနဲ့
ဇန်န၀ါရီမှာ အလှဆင်ခဲ့တယ် ..
တောအလှမာယာ ၀င်္ကပါကထွက်ဖို့
ခွာညိုပန်းတွေ
ဇန်န၀ါရီမှာ လမ်းခင်းခဲ့တယ် ..
ပျော်စရာတွေ မရှိတဲ့ ခရောင်းလမ်းလည်း
ဇန်န၀ါရီမှာ အေးချမ်းနေပြီ ..
အေးချမ်းခြင်းတွေနဲ့ အတူရှိစေဖို့
ဖြူစင်တဲ့ နှင်းကလေးတွေကို
ဇန်န၀ါရီက လက်ဆောင်ပေးနေပြီ ..
အရိုးသားဆုံးမှင်တစ်စက်ဟာ
ဇန်န၀ါရီအတွက် ယုံကြည်မှု ဖြစ်ပါစေ ..။
ဇန်န၀ါရီ ရဲ့  အေးချမ်းခြင်း၊ ဖြူစင်ခြင်းတွေနဲ့ အတူ
အားလုံးလည်း အေးချမ်းကြပါစေ ဖြူစင်ကြပါစေ ..
Snuo Mwoani CMT
No comments:
Post a Comment