ကျွန်တော်တို့ Windows 7 ကို USB နဲ့ ၀င်းဒိုးတင်တဲ့အခါမှာ Windows 7 USB DVD Tool ဆော့ဝဲလ်အကူအညီကိုယူပြီးတော့ USB ထဲကို ကွန်ပျူတာထဲမှာရှိတဲ့ ISO file ကိုထည့်ပါတယ်။ အဲလိုထည့်တဲ့အခါမှာ Windows 7 မှာဆိုရင် “The selected file is not a valid ISO file. Please Select a valid ISO file and try again ” . ဆိုတဲ့ ပြဿနာလေးပေါ်တာတွေ့ရပါတယ်။ Windows XP မှာဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်းလေး ပေါ်နေတာ တွေ့ရပါတယ်။
အဲဒီပြဿနာလေးကိုဘယ်လိုရှင်းတယ်ဆိုတာကိုပြောပြချင်ပါတယ်။ အရင်ဆုံး Power ISO Software လေးကို ဒီနေရာမှ ဒေါင်းလုပ်ယူလိုက်ပါ။ ဒေါင်းလုပ်ချပြီးလျှင် အင်စတောလုပ်လိုက်ပါ။ ပြီးလျှင် ဆော့ဝဲလ်ကိုဖွင့်ပြီး Serial keys.txt ထဲတွင် ပေးထားသော username and codes များကိုထည့်ပါ။ အိုကေ ပေးပါ။ ထိုနောက် Power ISO Software ဖြင့် Windows 7 ISO ဖိုင်ကိုဖွင့်ပါ။
ထိုနောက် file --- Image Properties ကိုသွားပါ။
ပုံတွင်ပြထားသည့်အတိုင်း အမှန်ခြစ်ပေးလိုက်ပါ။ Click – ok. Click - Save Button.
ပြီးလျှင် Windows 7 USB DVD Tool Software ကိုအသုံးပြုပြီး Windows 7 USB bootable လေးဖန်တီးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။
Credit - Bishwajeet ဒီ Link လေးပို့ပေးသော ညီလေး ဖိုးလပြည့်အားလည်း ဤနေရာမှ ကျေးဇူးတင်ရှိပါကြောင်း ...
နှစ်သစ်မှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းရင်း

Pretty article! I found some useful information in your blog, it was awesome to read, thanks for sharing this great content to my vision, keep sharing..
ReplyDeleteiOS Training in Chennai
Android Training in Chennai
php Training in Chennai