မြတ်ဆရာ - ပန်းများကိုပွင့်စေသူ
ကြိမ်စာမကျွေး
အလိမ္မာပေး၍
ချိန်ခါမရွေး ဆုံးမသူ ..
ငွေသပြာမငဲ့
စေတနာနဲ့
ဝေဖြာတဲ့သူ ..
ငါဆရာလေကွဲ့လို့
ဝါသနာတွေနဲ့
သာယာနေတဲ့သူ ..
မပြစ်ရှာမကြံလေခဲ့
ချစ်သဒ္ဓါမှန်တွေနဲ့
အနစ်နာခဲ့တဲ့သူ ..
စေတနာ၊ ၀ါသနာ၊ အနစ်နာ
နာသုံးနာတရား
လက်ကိုင်ထား
စွမ်းအားကိုမြှင့်
လမ်းများကိုဖွင့်
ပန်းများကိုပွင့်စေသူ ..။
သတ္တမအကြိမ်မြောက်အာစရိယပူဇော်ကန်တော့ပွဲမှ ကဗျာတစ်ပုဒ်
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
ReplyDeleteသိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ။
တွေ့ ဆုံ ကြုံ ကွဲ ဆုံမြဲဓမ္မတာမို့  ဆရာများနှင့် ဝေးကွာခဲ့ရသော်လည်း
သူတထူး ၏ ကျေးဇူးတရားကို ပြန်ပြောင်းအောက်မေ့ လျှက် လက်အုပ်ချီမိုး
ရိုကျိုးလျက်ပါ။