အထီးကျန်မျှော်လင့်ချက်နှင့်အတူ
ရေစီးကမ်းပြိုဖြစ်နေတဲ့
ဘ၀အကြောင်းတော့
စာလုံးပေါင်းပြမနေချင်တော့ပါဘူး
တော်ရာမှာနေနေရတာကြာပါပြီ
ပျော်စရာဆိုတာ ဘယ်မှာလဲ
အချိန်ရှိတိုင်း သတိရတတ်တဲ့
အသိမဲ့ နှလုံးသားလည်း
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်လို
သံစဉ်တွေပျောက်ရှ
အားလုံးကမောက်ကမ တွေ ဖြစ်ကုန်ပီ
သြော်....ဒါပေမယ့်
နွေလဆိုတာရှိနေသမျှတော့
ပုရစ်ဖူးလေးတွေ နုမြဖို.
မျှော်လင့်မိပြန်ပါသေးတယ်
ဒါကိုမှ မယုံရင်တော့
ဒီမှာကြည့် သက်သေပြစရာဆိုလို.
ဟောဒီ အချစ်ကဗျာလေးတွေနဲ.
ကို့  .. ရင်ထဲကအချစ်တွေပဲ
Snuo Mwoani CMT
No comments:
Post a Comment