ဘ၀ရပ်တည်ရေးအတွက် တစ်နေ့တစ်နေ့ မအားလပ်နိုင်အောင် အလုပ်တွေရှာကြတယ် အလုပ်တွေ လုပ်ကြတယ် .. စိတ်ရပ်တည်ရေး စိတ်အေးချမ်းရေး အတွက် တော့ အချိန်မပေးနိုင်ခဲ့ဘူး ..
အိပ်မပျော်တဲ့ ညတွေ အတွက် အိပ်ဆေးသောက်လို့ ဘ၀ခဏတာ အိပ်စက်ခဲ့တယ် ..
ပျော်မယ် လို့ ထင်တာရာတွေ ငါ ရှာဖို့ အချိန်မရခဲ့ဘူး ..
ငါမှာ ချစ်စရာ ဆိုလို ခွေးလေးတစ်ကောင်တောင် မရှိခဲ့ဘူး ..
ဘယ်လောက် မအားသလဲဆိုရင် ငါ ၀မ်းစာအတွက် ဘယ်အချိန်မှာ ဘာစားလဲဆိုတာတောင် ငါ မသိတော့ဘူး ..
အလုပ်တွေမလုပ်နိုင်တော့တဲ့အခါ လုပ်စရာမရှိတော့တဲ့အခါ စိတ်မှာ အေးချမ်းခြင်းအတွက် အိပ်မက်သဖွယ် စိတ်ကူးယဉ်လိုက်တယ် ..
စကားတွေပြောချင်တယ် ..ခံစားချက် တွေ ဖွင့်ဟချင်တယ်.. ခံစားချက်တွေ နားထောင်ချင်တယ် ..
မနက်ခင်း ထွက်လာတဲ့ နေမင်းအလှတရားနဲ့ အေးမြတဲ့လေကို နွေးထွေးမှု ပေးမယ့် အဖော်တစ်ယောက်နဲ့ အတူတူ ခံစားချင်တယ် ..ငါ့ ပုခုံးကိုမှီမယ့်သူကို ငါ မျှော်နေတာလား .. ငါ တစ်ခြားသူ ပုခုံးလေးကို မှီချင်တာလား ..
ငါလည်း မှီခိုစရာ ပုခုံး မရှိသလို ငါ့ ပုခုံးကိုမှီမယ့် သူလည်း ရှိမလားဘူး ..
ပုဇင်းရင်ကွဲကတောင် ငါ အသက်ရှုသံတွေ ပြင်းလို့ အနားမကပ်တော့ဘူး ..
အနားကို ငါကြည့်လိုက်တယ် ..
အပေါ်တည့်တည့်က မေဗယ်ပင်ဝါ၀ါ ရယ် ..
ငါ ထိုင်နေတဲ့ ထိုင်ခုံရယ် ..
လွင့်ပစ်ထားတဲ့ ပေါင်မုန့်တစ်ချပ်ရယ် ..
အဖော်မပါ စားနေတဲ့ ခိုလေးတစ်ကောင်ရယ် …
ငါ့ အနားမှာလည်း တစ်ယောက်မှ မရှိကြဘူး ..
မျက်ရည်ဝန်းက မျက်ရည်တွေနဲ့ အတူ ခိုလေးကို ငါစိတ်ထဲက ပြောလိုက်မိတယ် ..
ခိုလေးရယ် ဘ၀အတွက် ၀မ်းစာကို လုံလောက်အောင် ရှာပါ .. ပြီးရင်တော့ ခိုလေး ကို ချစ်မယ့် ကြင်နာမယ့် ချစ်သူအတွက် အချိန်တွေပေးပါ .. ချစ်သူလေးနဲ့ အတူ ငါ့အနားကို ခိုလေးပြန်လာရင် အခု ငါငိုနေတဲ့ မျက်ရည်တွေ ရပ်ပစ်လိုက်ပါ့မယ် .. ..
စိတ်ကလည်း အလုပ်တွေနှိပ်စက်လို့ ကြေမွနေပြီလေ ..
ဘ၀ကောင်းစားရေးကို ဦးစားပေးခဲ့တဲ့ငါ အခုတော့ စိတ်နှိပ်စက်တာ ခံနေရပါပီ..
လောဘ၊ ဒေါသ၊ မောဟ ကိလေသာစိတ်တွေ မကင်းစင်သေးသရွေ့ စစ်မှန်တဲ့ အေးချမ်းခြင်းကို မရနိုင်ဘူးဆိုတာ အခုတော့ ငါနားလည်လိုက်ပါပီ …
မအားလပ်နိုင်တဲ့ အလုပ်တွေကြားမှာ စိတ်အေးချမ်းခြင်းအတွက်လည်း အချိန်ပေးကြပါ ..