ဒိုင်အုတ်များကို (Germanium) ဂျာမေနီယံ၊ (Silicon) စီလီကွန်၊ (Copper Oxide) ကော့ပါး အောက်ဆိုဒ်၊(Cadmium Sulphide) ကက်ဒမီယံ ဆာလဖိုတ်ဒ် စသည့်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်လေ့ ရှိသည်။ ၎င်းဒိုင်အုတ်များကို အီလက်ထရွန်းနစ် ဆားကစ်များတွင် လှိုင်းစစ်ခြင်း၊ လှိုင်းသန့်ခြင်း၊ လှိုင်းပြင် ခြင်း စသောနေရာများတွင် အသုံးပြုသည်။ ဒိုင်အုတ်များသည် အသုံးပြုသော ဆားကစ်ပိုင်းဆိုင်ရာ၌ အဓိ ကလုပ်ဆောင်နိုင်သော စွမ်းရည် အပေါ်မူတည်၍ အမည်နာမည်နှင့် အမျိုးအစား ကွဲပြားခြားနားကြသော် လည်း အလုပ်လုပ်ပုံသဘောတရားမှာ တူညီကြပါသည်။
ရေဒီယိုအသံလွှင့်လှိုင်းများကိုလည်း လူတွေ ကြားနိုင်တဲ့ ရေဒီယိုလှိုင်း (Audio Wave) ပြောင်းလဲ ပေးရန်အတွက် အသုံးချကြတယ်။ တနည်းအားဖြင့် ဒိုင်အုတ်ကို စမ်းစစ်ကြည့်တဲ့အခါ လျှပ်စစ်အားကိုတစ် ဖက်တည်းသို့သာ စီးဆင်းနိုင်အောင် ဘားသဖွယ် စွမ်းဆောင်ပေးထားတာတွေ့ရတယ်။
ဆန့်ကျင်ဘက်သို့ လျှပ်စစ်ဓာတ်အား မစီးဆင်းနိုင်အောင် တားစီးပေးထားတယ်။ ဥပမာအနေဖြင့် အောက်က ပုံကိုကြည့်ပါ။
ပုံ(၁) မှာ ရေပိုက်ထဲက ရေတွေဟာ ၀ဲမှယာသို့ စီးမှာသာလျှင် ဘားဟာ တစ်ဖက်ကိုသို့ စီးဆင်းရန် ဖွင့်ပေး ပါ တယ်။ပုံ(၂) မှာ ရေပိုက်ထဲက ရေဟာ ယာမှဝဲသို့ စီးသွားတဲ့အခါ ဘားက အလိုလိုပိတ်ပြီး ရေတစ်ဖက်သို့ စီးခြင်းကို ပိတ်ထားပါတယ်။ ဒိုင်အုတ်ဟာလည်း အေစီလှိုင်းရဲ့  (+) အပိုင်းများကိုသာ ၎င်းမှာ ဖြတ်သန်း စေပြီး လှိုင်းရဲ့  (-) အပိုင်းရှိ လှိုင်းများကိုမှု ဖြတ်သန်းခွင့် မပြုနိုင်ဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို တစ် ဖက်တည်းသာ စီးဆင်းစေကြောင်း သိရပါသည်။
အမှတ် အေ(Anode)မှ အမှတ်ကေ(Cathode) သို့ လျှပ်စီးကြောင်းစီးခွင့်ပြုတယ်။ Cathode မှ Anode သို့ စီး ခွင့်မပြုဘူး။(က) Cathode မှ (+) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ မဖြတ်စီးနိုင်။
(ခ) Cathode မှ (-) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ ဖြတ်စီးနိုင်။
(ဂ) Anode မှ (-) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ မဖြတ်စီးနိုင်။
(ဃ) Anode မှ (+) လျှပ်စစ်ပေးသွင်းရင် တစ်ဖက်သို့ ဖြတ်စီးနိုင်။
ထို့ကြောင့် ဒိုင်အုတ်သည် ၎င်း၏ သင်္ကေတတွင်ပါရှိသော (+)(-)နှင့် တူညီသောဗို့အားများကို တွန်းကန်တား ဆီး ၍ အသွင်မတူဆန့်ကျင်ဘက်ဖြစ်သောဗို့အားများကို ဖြတ်သန်းစီးဆင်းခွင့်ပြုသည်ဟု အလွယ် မှတ်သား နိုင်သည်။
ဒိုင်အုတ်ကို ဒီစီဗို့အားတစ်ခု ဖြတ်သန်း စီးဆင်းမယ် ဆိုရင် ဒိုင်အုတ်ရဲ့  ခုခံမှုကြောင့် ၉၅% ခန့် မူလထက် လျှော့နည်းသွားတတ်ပါတယ်။
ဒိုင်အုတ်အမျိုးမျိုး
ဥပမာအားဖြင့် ဒိုင်းအုတ်များ၏ အမည်ကွဲ အမျိုးအစားများကို ဖော်ပြရလျှင်
(က) Rectifier Diode – ရက်တီဖိုင်ယာဒိုင်အုတ်
(ခ) Detector Diode – ဒီတတ်တာဒိုင်အုတ်
(ဂ) Light Emitting Diode – လိုက်ခ်ျအီမစ်တင်းဒိုင်အုတ်
(ဃ) Zener Diode – ဇီနာဒိုင်အုတ်
(င) Silicon Diode – စီလီကွန်ဒိုင်အုတ် - ဟူ၍ဖြစ်သည်။
မှတ်ချက်။ ဒိုင်အုတ် အမျိုးအစားများ များစွာရှိသည့်အနက် အခြေခံအသုံးများသော ဒိုင်အုတ်များ ကို ရေးသား ထားခြင်း ဖြစ်ပါသည်။ အမျိုးအစားအများ ကြီးရှိနိုင်ပါသည်။
(က)Rectifier Diode

Rectifier Diode သည် အေစီလျှပ်စီးမှ ဒီစီလျှပ်စီး အဖြစ်ပြုပြင်ပြောင်းလဲပေးသော ဒိုင်အုတ်အမျိုး အ စား ဖြစ်သည်။ ၎င်းဒိုင်းအုတ်ကို (Power Pack) ပါဝါပက်ခ် (ခေါ်) (Adapter) အဒက်ပတာများ တွင် အ သုံးပြုသည်။ ရေဒီယို၊ ကတ်ဆက်၊ ဗွီဒီယိုပြစက်နှင့် ရုပ်မြင်သံကြားများတွင် အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်းများမှ လိုအပ်သော ဒီစီဗို့အားများ ရရှိစေရန် အေစီဗို့အားလိုင်းမှာ ထရန်စဖော်မာဖြင့် အေစီဗို့ အားကို လိုအပ်သလို လျော့နည်းစေပြီး ရက်တီဖိုင်ယာဖြင့် ဒီစီကိုရရှိစေရန် တည်ဆောက် အသုံးပြုကြ သည်။ ထိုသို့ အသုံးပြုရာတွင် Rectifier Diode များ၏ အရွယ်အစား အကြီးအသေးပေါ်မူတည်၍ လျှပ်စီး ကြောင်းပမာဏ အနည်းအများ ကွာ ခြားနိုင်သဖြင့် အသုံးပြုမည့် အီလက်ထရွန်းနစ်ဆားကစ်၏ ၀န်ဆောင် မူအနည်းအများကို ချိန်ဆ၍ ဒိုင်အုတ်ကို ရွေးချယ်အသုံးပြုရမည်။ ဒိုင်အုတ်၏ စွမ်းရည်ကို အမ်ပီယာ (Ampere) ဖြင့်သတ်မှတ်ပိုင်းခြားသည်။ ဒိုင်အုတ်အကြီးအသေး အရွယ်ပမာဏပေါ် လိုက်၍ (1 Ampere) ၊ (2 Ampere) ၊ (3 Ampere) စသည်ဖြင့် ရက်တီဖိုင်ယာ ဒိုင်အုတ်များကို အသေးဆုံး (1 Ampere) မှ အင်ပီယာများလေလေ ဒိုင်အုတ်အရွယ်အစား ကြီးမာလာလေလေ ဖြစ်သည်။
Rectifier Diode ခေါ် AC မှ DC လျှပ်စီးပြောင်း ဒိုင်အုတ်များကို စီလီကွန်၊ ဂျာမေနီယမ် (၂) မျိုး စလုံးဖြင့် ဖွဲ့စည်းတည်ဆောက်လေ့ ရှိပါသည်။ Silicon Diode သည် အပူခံနိုင်မူစွမ်းရည် ၃၅၀̊ ဖာရင်ဟိုက် အထိ ရှိသောကြောင့် စီလီကွန်အမျိုးအစားရက်တီဖိုင်ယာ ဒိုင်အုတ်များကို ပိုမိုအသုံးပြုသည်။
(ခ) Detector Diode

(Detector Diode) ဒီတတ်တာဒိုင်အုတ် ကို ဂျာမေနီယမ်သတ္တုဖြင့် ဖွဲစည်း တည်ဆောက်ပြီး ဂျာမေနီယမ် ပွိုင့်ကွန်တက်ဒိုင်အုတ် (Germanium Point Contact Diode) လို့လည်းခေါ်ကြတယ်။ ၎င်း ဒိုင်အုတ်သည် ရေဒီယိုများတွင် လူနားနှင့် မကြားနိုင်သော ကြိမ်နှုန်းမြင့် ရေဒီယိုလှိုင်းများကို လူနား နှင့်ကြား နိုင်သော ကြိမ်နှုန်းနိမ့် အော်ဒီယိုလှိုင်း အဖြစ်သို့ လှိုင်းစစ်ပေးသော အလုပ်ကို လုပ်ဆောင် ပေးသော ဒိုင်အုတ်အမျိုးအစား ဖြစ်သည်။ ၎င်းဒိုင်းအုတ်ကို ဂျာမေနီယံ သတ္တုပြားကလေးကို တန်စတင် နန်းကြိုးမြှင်ကလေးဖြင့်ဖိထောက်၍ ကြည်လင်သော ဖန်သားကိုယ်ထည်အတွင်း၌ မြုတ်နှံတည်ဆောက် ထားခြင်း ဖြစ်သည်။ ဖန်သားလို ကြည်လင်ပြီး အတွင်းကိုလည်း မြင်ရလို့ ဖန်ကြည်ဒိုင်အုတ်လို့ လဲခေါ်ကြ တယ်။
၎င်းဒိုင်အုတ်အမျိုးအစားသည် နုနယ်ပြီး အပူခံနိုင်စွမ်းရည် ၁၈၅ ̊ ဒီဂရီဖာရင်ဟိုက် အောက်သာ ရှိ သောကြောင့် ၀န်ဆောင်မှုများသော အစိတ်အပိုင်းများတွင် အသုံးမပြုသင့်ပါ။
(ဂ) Light Emitting Diode – LED

Light Emitting Diode – LED ဒိုင်အုတ်သည် လျှပ်စီးလှိုင်းမှ အလင်းရောင်ထုတ်လွှတ်ပေးနိုင်ရန် ပြုပြင်ပေးသော အလင်းလွှတ်ဒိုင်အုတ်အမျိုးအစား ဖြစ်သည်။ LED ဒိုင်အုတ်သည် အေစီ (သို့) ဒီစီဗို့အား (၁.၅) ဗို့မှ (၃) ဗို့အတွင်း အလင်းရောင် ထုတ်လွှတ်ပေးနိုင်ပြီး၊ (၃) ဗို့ထက်ပို၍ ဗို့အားပေးသွင်းပါက အ လင်းလွန်ကဲပြီး လောင်ကျွမ်းပျက်စီးသွားနိုင်သည်။ LED ဒိုင်အုတ်ကို အေစီဗို့အားဖြင့် အသုံးပြုလျှင် ငုတ် များရွေးချယ်ရန်မလိုပဲ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်သည်။ ဒီစီဗို့အားဖြင့် အသုံးပြုလျှင် အပေါင်း၊ အ နုတ်ရွေးချယ်ပြီးမှ အသုံးပြုရမည်။
LED ဒိုင်အုတ်ကို လင်းမလင်းစမ်းသပ်ရန်ဖြစ်စေ၊ ကောင်းမကောင်း စမ်းသပ်ရန်ဖြစ်စေ မာတီမီ တာကို (x1Ω) တွင် ထားရမည်။ ရှည်တဲ့ အငုတ်ကို အမည်းကြိုးနဲ့ထောက်ပြီး၊ တိုတဲ့ အငုတ်ကို အနီကြိုးနဲ့ ထောက်ကြည့်မယ်ဆိုရင် မီးလင်းလာကြောင်းတွေ့ရမယ်။ တိုတဲ့ အငုတ်က Cathode ဖြစ်တယ်။ ရှည်တဲ့ အငုတ်က Anode ဖြစ်တယ်။ သင်္ကေတနဲ့ ဆိုရင်တော့ အငုတ်တိုက (+)၊ အငုတ်ရှည်က (-) ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အငုတ်နှစ်ဖက်က တူနေရင်တော့ Cathode ဘက်မှာရှိတဲ့ ကော်သားဟာ ပြားချပ် နေတာတွေ့ရမယ်။ ဒိုင်အုတ်ရဲ့  Anode ဘက်ခြမ်းကတော့ ၀ိုင်းနေတာတွေ့ရပါလိမ့်မယ်။

LED ဒိုင်အုတ်တွေဟာ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်အမျိုးအစားပေါ်မူတည်ပြီး ခံနိုင်ရည်ဗို့ အားတွေ လည်း မတူညီကြပါဘူး။

LED ဒိုင်အုတ်တွေဟာ အလင်းရောင်အမျိုးမျိုးထုတ်လွှတ်နိုင်တဲ့အတွက် အသံအနိမ့်အမြင့်လှိုင်း ပုံစံဖော်ရန်၊ ဆိုင်းဘုတ်များမှာ စာလုံးများဖော်ရန်၊ ဘုရားမီးသီးရောင်ခြည်တော်လွှတ်သည့်ပုံစံပြုလုပ်ရန် စ သည့် အခြား သော အချက်ပြလှုပ်ရှာမှုတွေ Display ဆားကစ် ပတ်လမ်းများမှာ အများဆုံး အသုံးပြုကြပါ တယ်။
(ဃ) Zener Diode

Zener Diode – ဇီနာဒိုင်အုတ် ကို အဆင့်မြင့် အီလက်ထရွန်းနစ် ဆားကစ်ပတ်လမ်းများတွင် တည်ငြိမ်ဗို့အား ရရှိရေးအတွက် အသုံးပြုကြတယ်။ ၎င်းဒိုင်အုတ်သည် အီလက်ထရွန်းနစ် ဆားကစ်များ တွင် အသုံးများသော ဒိုင်အုတ်ဖြစ်သည်။ ၎င်းကို စီလီကွန်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ Zener Diode ရဲ့  တန်ဖိုးကို ကိုယ် ထည်ပေါ်မှာ ရေးမှတ်ထားတတ်ပါတယ်။ တန်ဖိုးရေးမထားဘူးဆိုရင်တော့ ( Zener Data Book) များ မှာကြည့်မှ တန်းဖိုးသိနိုင်ပါမယ်။ ဇီနာ ဒိုင်အုတ်ကို ဗို့အားအလိုက် အသုံးပြုရ တယ်။ ရိုးရိုးဒိုင်အုတ်ကဲ့သို့ Anode နှင့် Cathode – Electrode နှစ်ခုပါတယ်။ ဇီနာဒိုင်အုတ်တွင် ဗို့အား ကိုနည်းရာမှ တဖြည်းဖြည်း တိုးသွားလျှင် တန်ဖိုးတစ်ခုသို့ ရောက်သွားပါက လျှပ်စီးကြောင်းစ၍ စီးလာ ကြောင်းတွေ့ရမယ်။ ၎င်း တန်ဖိုးထက်ကျော်၍ ပေးသောဗို့အား များဟာ ဇီနာဒိုင်အုတ်ကို ဖြတ်ကျော်သွား ကြောင်းတွေ့ရတယ်။ ဗို့အားကို ထိန်းသိမ်းနိုင်သဖြင့် အပြောင်းအလဲမရှိသော ဓာတ်အားပေး လုပ်ငန်းများ တွင် အသုံးပြုနိုင်သည်။
(င) Silicon Diode

(င) Silicon Diode – စီလီကွန်ဒိုင်အုတ်တွေဟာ အပူခံနိုင်ရည်ရှိတယ်။ အင်ပီယာအလိုက်အကြီး အသေး ကွဲ ပြားမှု ရှိကြတယ်။ အင်ပီယာများသည်နှင့် အရွယ်အစားကြီးမားမှာ ဖြစ်တယ်။
ဒိုင်အုတ်များသည် ပြိုင်ဆက် (Parallel) ဆက်သွယ်လျှင် လျှပ်စီးကြောင်း စီးဆင်းမှု ပမာဏ အင်ပီယာ များစွာ ပိုမိုစီဆင်းခွင့်ပြုပြီး တန်းဆက် (Series) ဆက်သွယ်အသုံးပြုလျှင် အသေးဆုံး ဒိုင်အုတ် လျှပ်စစ်စီဆင်းမှု ပမာ ဏစွမ်းရည် အမ်ပီယာ အတိုင်းသာ ရရှိနိုင်ပါသည်။ နောက်ထပ်ဒိုင်အုတ်တွေက တော့ အများကြီးပါပဲ။ ပြောရင်တော ကုန်မှာ မဟုတ်တော့ ပါဘူးဗျာ။ Photo Diode တို့ S.C.S Diode၊ Triac Diode တို့ အများ ကြီးပါပဲ။ ဒီလောက်နဲ့ ပဲ ရပ်လိုက်ပါတော့မယ်ခင်ဗျာ ။
အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ ။











