
မိမိကွန်ပျူတာမှာ ပါလာတဲ့ Hard Disk က ဒေတာသိုလှောင်မှုဂစ် နည်းနေတယ်ဆိုရင် ကျွန်တော်တို့ External Hard Disk ကို ၀ယ်ပြီတော့ အသုံးပြုကြပါတယ် ။ အဲလို External Hard Disk ကိုဝယ်လာ တဲ့အခါမျိုးမှာ ကွန်ပျူတာနဲ့ ချိန်ဆက်ပြီးတော့ ပါတေးရှင်းတွေကို ကိုယ်လိုသလို ဘယ်လိုခွဲမယ် ဆို တာအခု ကျွန်တော် ပြောပြမှာ ဖြစ်ပါတယ် ။ သိပြီးသား သူများအတွက် ရီစရာ သဖွယ် ဖြစ်နေပေမယ့် ။ မသိသေးသူများ အတွက် ကျွန်တော် ရေးသားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ ကျွန်တော်ဝယ်လာတဲ့ အမျိုး အစားကတော့ အောက်ကအမျိုးအစား ဖြစ်ပါတယ် ။
Manufacturer (design) Transcend
Type of device USB HDD
Name of external hard drive - Transcend 320Gb
Model - TS320GSJ25R-S
Form Factor - 2.5 inch
Hard drive - 320Gb
Hard Disk Speed - 5400
Operating System Windows 98/Me/2000/XP/Vista, MacOS, Linux
Power Device - 5V from USB-port
Dimensions - 129h79h13 mm
Weight – 190 grams

အဆင့် (၁) ။ ၀ယ်လာတဲ့ External Hard Disk ကို ကွန်ပျူတာ ဖြင့်ချိတ်ဆက်လိုက်ပါ ။ ပြီးလျှင် My computer အား Right Click ထောက်၍ Manage အား ၀င်ပါ ။
အဆင့် (၂) ။ Computer Management Box ကျလာလျှင် Disk Management အားနှိပ်ပါ ။ ကျွန် တော်ဝယ်လာတာကတော့ ၃၂၀ ဂစ်ပါ ။ ဒါပေမယ့် အမှန်တကယ်ပါလာတာတော့ ပုံမှာ မြင်တဲ့ အ တိုင်းပါပဲ ၂၉၈.၀၉ ဂစ်ပဲပါလာပါတယ် ။ မိမိတို့ဝယ်တဲ့ ပမာဏပေါ်မှုတည်ပြီး ဖော်ပြပေးပါလိမ့်မယ် ။ တစ်ချို့ အမျိုးအစားတွေကလည်း သူတို့ ဖော်ပြသလောက် ၃၂၀ ဂစ် ဆို ၃၂၀ ဂစ် အပြည့်အ၀လည်း ပါပါတယ် ။ တစ်ချို့ကျတော့လည်း အပြည့်အ၀ ပါချင်မှပါပါမယ် ။ အနီးစပ်ဆုံးတော့ ပါပါတယ် ။
အဆင့် (၆) ။ ဤနေရာတွင် မိမိ External Hard Disk တွင်ပါသော ဂစ်ပမာဏ ကို မီဂါဗိုက်ဖြင့် ဖွဲပြထားခြင်း ဖြစ် ပါ တယ် ခင်ဗျာ ။ မိမိ ခွဲချင်သလောက် ဂစ်ပမာဏ ကို မီဂါဗိုက်ဖွဲ့၍ ထည့်ပါ ။ ကျွန်တော်က ပထမဆုံး ပါ တေးရှင်းကို ဂစ် ၄၀ ထားမှာ ဖြစ်တဲ့အတွက် ၁၀၂၄*၄၀=၄၀၉၆၀ ဟုတ်ထည့်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မိမိထားချင်သော ဂစ်ပမာဏကို ၁၀၂၄ ဖြင့်မြှောက်၍ မီဂါဗိုက် ဖွဲပါခင်ဗျာ ။ ၁ ဂစ်လျှင် ၁၀၂၄ မီဂါဗိုက် ဖြစ်ပါတယ် ။ မိမိထားချင်သော ပမာဏကို ထည့်ပြီးလျှင် Next ပေးပါခင်ဗျာ ။
ပထမပါတေးရှင်း J - ၄၀.၀၀ ဂစ်
ဒုတိယပါတေးရှင်း K - ၈၆.၀၀ ဂစ်
တတိယပါတေးရှင်း L - ၈၅.၈၉ ဂစ်
စတုထ္တပါတေးရှင်း ၈၆.၁၅ ဂစ် ပြနေပါတယ် ။ ကျန်တဲ့ ပါတေးရှင်တွေမှာ အပြာ ရောင်ပြနေပြီ စတုထ္တပါတေးရှင်း မှာ အနက်ရောင်ပြတာကတော့ စတုထ္တပါတေးရှင်းကို အဆင့်(၃) မှ အဆင့် (၉) အတိုင်းပြုလုပ်ပါ ။
PDF ဖိုင် အားဒေါင်းလုပ်ချရန် 1.25 MBB
ကဲ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။
နားမလည်မှုများ လိုအပ်ချက်များရှိပါက ကွန်မန့်ပေး၍ လည်းကောင်း ၊ မေးလ်ပို့၍ လည်းကောင်း အကြံ ဥာဏ်ပေးနိုင်ပါတယ်ခင်ဗျာ ။ ကျွန်တော် နားလည်သလောက်ရေးသားထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ လိုအပ်ချက်များရှိပါက ကျွန်တော် ၍ အားနည်းချက်ကြောင့်သာ ဖြစ်ပါကြောင်း ….. ။
ခင်မင်လေးစားစွာဖြင့်
No comments:
Post a Comment