Sunday, January 11, 2009

Aero Tags TagsLock PR

အခုပြောပြမှာကတော့ Aero Tags TagsLock PRO ဆော့ဝဲလ်အကြောင်းဖြစ်ပါတယ် ။ ဒီဆော့ဝဲလ်က ဘာတွေသုံးလို့ရသလည်းဆိုရင်တော့ ကိုယ့်ဝက်ဆိုက်မှာ ရှိတဲ့ HMTL ကုတ်တွေကို တစ်ခြားသူ မသိ အောင် ကုတ်တွေပြောင်းတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် ။ ကိုယ်ဆိုက်မှာ ရေးထားတဲ့ HTML ကုတ် တွေကို မသိစေချင်ဘူးဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို သာသုံးပြီးတော့ ၀က်ပေါ့ပေါ်တင်လိုက်ပါ ။ ဆော့ဝဲလ်အသုံးပြုပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

အဆင့် (၁ ) ။ ကိုယ်ပြောင်းချင်တဲ့ HTML တွေကို Open with –Notepad ဖြင့်ဖွင့်ပါ ။ ပြီးရင် ကော်ပီလုပ်ပါ ။

အဆင့် ( ၂ ) ။ tags_lock_pro.exe အားဖွင့်ပါ ။ ဆော့ဝဲလ်ပွင့်လာတဲ့အခါမှာ ပုံတွင်ပြထားသည့် အတိုင်း File – Encrypt using clipboard or Ctrl+B အားနှိပ်ပါ ။

အဆင့် ( ၃ ) ။ ပေါ်လာတဲ့ဘောက်စ်၏ Original HTML code : အောက်ကဘောက်စ်တွင် မိမိကော် ပီလုပ်လာသော ကုတ်များကို Paste လုပ်ပါ ။ Encrypted HTML code : ၏ အောက်တွင်ရှိသော ဘောက်စ်တွင် ပြောင်းလဲပြီးသော ကုတ်များ ကျလာမှာဖြစ်ပါတယ် ။

အဆင့် ( ၄ ) ။ Encrypted HTML code : ၏ အောက်တွင်ရှိသော ဘောက်စ်တွင် ပြောင်းလဲပြီးသော ကုတ်များ အား Copy ယူ၍ မိမိထည့်လိုသော ဆိုက်တွင် သွားထည့်လို့ ရပါပြီ ။ Blog , Zorpia , Friendsterစသည့် ၀က်ဆိုကကုတ်အသုံးပြု သော ဘယ်နေရာမဆို ထည့်လို့ရပါတယ် ။


Software အား ဤနေရာတွင် Download ချနိုင်ပါတယ် အဆင်မပြေပါက ကွန်မန့်ရေး၍မေးမြန်း နိုင်ပါတယ် ။ အားလုံးပဲအဆင်ပြေကြပါစေ ။

No comments:

Post a Comment